လိင်ဆက်ဆံချိန်မှာ မွေးလမ်းကြောင်း နာကျင်ခြင်းနဲ့ နေရထိုင်ရခက်တာမျိုးတွေ ဖြစ်မယ်ဆိုရင် အမျိုးသမီးတွေအနေနဲ့ သူတို့ရဲ့ မွေးလမ်းကြောင်းဟာသေးလွန်းနေတယ်လို့ စိုးရိမ်တတ်ကြပါတယ်။ ဒါပေမဲ့ တကယ့် အမှန်တရားက ဘယ်မွေးကြောင်းက လိင်ဆက်ဆံဖို့ အတွက် ကြပ်တယ်ဆိုတာ မရှိပါဘူး။ လိင်စိတ် မပြင်းထန်သေးတဲ့ အချိန်မှာ မွေးလမ်းကြောင်းဟာ ၃ လက်မကနေ ၄ လက်မ အထိ ရှည်ပါတယ်။ ဒီအတိုင်းအတာက လိင်တံတစ်ချို့နဲ့ Sex Toy တစ်ချို့ အတွက် ကြပ်ကောင်းကြပ်နေနိုင်ပေမဲ့ လိင်စိတ်တက်ကြွလာတဲ့ အခါမှာ မွေးလမ်းကြောင်းဟာ ပိုရှည်ပြီး ကျယ်လာပါတယ်။ဒါ့အပြင် လိင်စိတ်များပြားနေတဲ့ အချိန်မှာ မွေးလမ်းကြောင်းကနေ သဘာဝ ချောဆီတွေလည်း ထွက်လာတဲ့ အတွက် မွေးလမ်းကြောင်း ကြပ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ တကယ်တော့ မွေးလမ်းကြောင်း ကြပ်ပြီး လိင်ဆက်ဆံချိန်မှာ နာကျင်နေတယ်ဆိုတာ သင်ဟာ မြေစမ်းခရမ်းပျိုး အဆင့်လို့ခေါ်တဲ့ လိင်စိတ်ထကြွဖို့အတွက်လုပ်ဆောင်ရတဲ့အဆင့်ကို ကောင်းကောင်း မလုပ်ဆောင်ခဲ့ရသေးဘူးဆိုတာ ပြနေပါတယ်။ ဒါက မွေးလမ်းကြောင်းကြပ်တာ မဟုတ်ပါဘူး။ ဒါ့အပြင် လိင်ဆက်ဆံချိန် နာကျင်တယ်ဆိုတာ ကူးစက်ရောဂါ ခံစားနေရခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းနဲ့ သန္ဓေသားဘဝမှာ ဖြစ်ပေါ်တဲ့ ပြဿနာများကြောင့် ဖြစ်ရတဲ့ မွေးရာပါ မူမမှန်မှုတွေကြောင့် ဖြစ်ရတာပါ။
ရာသီစက်ဝန်းကို တွက်ချက်ပါ။