home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

အမျိုးသမီးများ ကလေးမရနိုင်သည့် အကြောင်းရင်းများ

အမျိုးသမီးများ ကလေးမရနိုင်သည့် အကြောင်းရင်းများ

အချို့သောစုံတွဲများ ကလေးလိုချင်၍ ကြိုးစားသော်လည်း မျှော်လင့်ထားသည့်အတိုင်း မဖြစ်လာတာမျိုးရှိတတ်ပါတယ်။ ကလေးမရရသည့် အကြောင်းရင်းများအနက် သုံးပုံတစ်ပုံခန့်မှာ အမျိုးသမီးဖြစ်သူရဲ့ပြဿနာကြောင့်ဖြစ်နိုင်သလို၊ သုံးပုံတစ်ပုံတစ်ခန့်မှာ အမျိုးသားဖြစ်သူရဲ့ ပြဿနာကြောင့်လည်းဖြစ်နိုင်ပါတယ်။(ကျန် သုံးပုံတစ်ပုံကတော့ အမျိုးသား၊ အမျိုးသမီး ၂ဦးစလုံးရဲ့ လိုအပ်ချက်တွေကြောင့်ဖြစ်နိုင်ပါတယ်။)

ဒီနေ့ဆောင်းပါးလေးမှာတော့ အမျိုးသမီးတွေမှာတွေ့ရတတ်သော ကလေးရရန်ခက်ခဲစေတဲ့ပြဿနာများကို ဖော်ပြပေးလိုက်ပါတယ်။

(၁)သားဥကြွေခြင်းဆိုင်ရာ ပုံမမှန်မှုများ

ပုံမှန်အားဖြင့်တော့ စုံတွဲတစ်တွဲမှာ သန္ဓေအောင်ပြီး ကိုယ်ဝန်ရဖို့ဆိုရင် သားဥအိမ်ကထုတ်ပေးလိုက်တယ့် ‘မ’မျိုးဥနဲ့ အမျိုးသားဆီက သုက်ပိုးတို့ သားဥပြွန်ထဲမှာ ပေါင်းစပ်ပြီး…..ထိုမှတစ်ဆင့် သားအိမ်ထဲမှာသန္ဓေလာတည်ရပါမယ်။ အောက်ဖော်ပြပါ သားဥကြွေခြင်းဆိုင်ရာအခြေအနေရှိသူများအတွက်တော့ ကလေးရရန် ခက်ခဲပါလိမ့်မယ်။
– သားဥအိမ်ထဲတွင်အိတ်ကလေးများစွာရှိနေသူများ
– အရွယ်မတိုင်မီ သားဥအိမ်အလုပ်မလုပ်တော့သူများ
– ဟိုက်ပိုသဲလမတ်စ် ပုံမှန်အလုပ်မလုပ်ခြင်း
– ပရိုလက်တင်ဟော်မုန်းအလွန်များနေသူများ

(၂)သားဥပြွန်များ ထိခိုက်ပျက်စီးခြင်း

(ဥပမာ – သားအိမ်နှင့်သားဥပြွန်များ ပိုးဝင်ခြင်း၊ တင်ပဆုံကွင်းအတွင်းခွဲစိတ်မှုခံယူဖူးခြင်း၊သားဥပြွန်အတွင်း နေရာလွဲမှား သန္ဓေတည်ဖူးခြင်း၊တင်ပဆုံကွင်းအတွင်း တီဘီဖြစ်ဖူးခြင်း)

(၃)သားအိမ်တစ်သျှူးများ သားအိမ်ပြင်ပတွင်တည်ရှိနေခြင်း

(၄)သားအိမ်(သို့)သားအိမ်ခေါင်းဆိုင်ရာ ပုံမမှန်မှုများ

– သားအိမ်အတွင်းအလုံးများ အကျိတ်များရှိနေခြင်း
– မွေးရာပါသားအိမ်အနေအထားမမှန်ခြင်း
သားအိမ်ခေါင်းကျဉ်းခြင်း
– သားအိမ်ခေါင်းမှထုတ်သော အချွဲရည်ပုံမမှန်ခြင်း

(၅)အကြောင်းရင်းရှာမရသော သန္ဓေမအောင်ခြင်း

အထက်ပါအကြောင်းရင်းများအပြင် အောက်ဖော်ပြပါ အချက်များကလည်း အမျိုးသမီးတစ်ဦးရဲ့ ကလေးရနိုင်ခြေကို လွှမ်းမိုးမှုရှိပါတယ်။

(၁) အသက် (အသက် ၃၅ ကျော်လာလေ ကလေးရနိုင်ခြေနည်းလာလေပါ။)
(၂)ဆေးလိပ်သောက်ခြင်း
(၃)အလွန်ပိန်သူများ/အလွန်ဝသူများသည် ပုံမှန်ကိုယ်အလေးချိန်ရှိသူများထက်သာလျှင် ကလေးရနိုင်ခြေနည်းပါတယ်။
(၄)လိင်မှတဆင့်ကူးစက်သောရောဂါပိုးကူးစက်ခံရဖူးသူများ
(၅)အရက်၊ ဘီယာ သောက်သုံးသူများ

Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thurein Hlaing Win မှ ရေးသားသည်။ 08/07/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။