မိန်းမကိုယ်လျော့ရဲခြင်းဟာ အမျိုးသမီးအများစုမှာ အဖြစ်များပြီး သင့်ကို စိတ်မသက်မသာဖြစ်စေကာ နေ့စဉ်ဘဝကို ထိခိုက်စေနိုင်ပါတယ်။ မိန်းမကိုယ် ပြန်လည် ပြင်ဆင်ခြင်းဟာ ဒီအခြေအနေကို သက်သာစေနိုင်ပါတယ်။
အမျိုးသမီးသန်းပေါင်းများစွာဟာ မိန်းမကိုယ် ပြန်လည် ပြင်ဆင်ခြင်းကြောင့် သူတို့ရဲ့ ယုံကြည်မှုတွေ ပြန်လည်ရရှိလာကြပါတယ်။ သင်ဒါကို ကြားဖူးပါသလား။ ဒီကုသမှုကို ခံယူမယ်ဆိုရင် ကုသမှုအပြီးမှာ သင့်ကိုယ်သင် ဘယ်လိုစောင့်ရှောက်သင့်ပါသလဲ။
အောက်ဖေါ်ပြပါအချက်တွေကတော့ သင်သိချင်နေတဲ့ မိန်းမကိုယ် ပြန်လည်တည်ဆောက်ခြင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေပဲဖြစ်ပါတယ်။
၁။ မိန်းမကိုယ်လျော့ရဲခြင်းကို ဘာတွေက ဖြစ်စေနိုင်ပါသလဲ။
မိန်းမကိုယ် လျော့ရဲခြင်းဟာ အကြောင်းရင်းများစွာကြောင့် ဖြစ်နိုင်ပါတယ်။
- ကလေးမွေးခြင်း
- အသက်ကြီးခြင်း
- ရုတ်တရက် ကိုယ်အလေးချိန် သိသာစွာ ကျဆင်းခြင်း
- လိင်အင်္ဂါတွေ ထိခိုက်မိခြင်း
၂။ Vaginal rejuvenation ဆိုတာ ဘာလဲ။
Vaginal rejuvenation ဟာ မိန်းမကိုယ် လျော့ရဲခြင်းကို သက်သာစေနိုင်တဲ့ ခေတ်မီနည်းပညာတစ်ခု ဖြစ်ပါတယ်။ Vaginal rejuvenation မှာ များသောအားဖြင့် မိန်းမကိုယ်ပြန်လည်တည်ဆောက်ခြင်းနဲ့ Labia ပြန်လည်တည်ဆောက်ခြင်းတွေ ပါဝင်ပါတယ်။
ဒီနှစ်ခုရဲ့ အဓိက ကွာခြားချက်ကတော့ ပြန်လည်တည်ဆောက်လိုတဲ့ ရည်ရွယ်ချက်နဲ့ အလှအပဆိုင်ရာ ရည်ရွယ်ချက်တို့ပဲဖြစ်ပါတယ်။ မိန်းမကိုယ် ပြန်လည်တည်ဆောင်ခြင်းဟာ မိန်းမကိုယ်ရဲ့ လုပ်ငန်းဆောင်တာကို တိုးတက်စေနိုင်ပြီး Labia ပြန်လည်တည်ဆောက်ခြင်းကတော့ Labia ရဲ့ ပုံသဏ္ဍန်နဲ့ အရွယ်အစားကို တိုးတက်စေနိုင်ပါတယ်။
မကြာသေးမီက လေဆာကုထုံးကို Vaginal rejuvenation အတွက်လည်း အသုံးပြုကြပါတယ်။
၃။ Vaginal rejuvenation အပြီး ပြန်ကောင်းစဉ် လိုက်နာသင့်တဲ့ အချက်များ
တကယ်လို့ လူနာဟာ ကိုယ်အလေးချိန်ကို ထိန်းထားနိုင်ပြီး ကလေးထပ်မမွေးဘူးဆိုရင် ဒီနည်းရဲ့ ရလဒ်ဟာ အချိန်အတော်ကြာခံနိုင်ပါတယ်။ Vaginal rejuvenation အပြီး စောင့်ရှောက်ခြင်းဟာ ရလဒ်အကောင်းဆုံး ရရှိဖို့အတွက် အရေးပါပါတယ်။
အညိုအမဲစွဲခြင်း၊ ရောင်ရမ်းခြင်းကို လျှော့ချပေးခြင်း – ကုသမှုအပြီးမှာ အညိုအမဲစွဲခြင်းနဲ့ ရောင်ရမ်းခြင်းတွေ ဖြစ်နိုင်ပါတယ်။ ဒါဟာ ပုံမှန်ဖြစ်တာကြောင့် စိုးရိမ်ဖို့ မလိုအပ်ပါဘူး။ ရေခဲ (သို့) အေးတဲ့အရာကို ကုသမှု ခံယူထားတဲ့နေရာမှာ ကပ်ပေးနိုင်ပြီး အညိုအမဲစွဲခြင်းနဲ့ ရောင်ရမ်းခြင်းကို သက်သာစေနိုင်ပါတယ်။
အဝတ်အစား – ချည်အတွင်းခံတွေကို ဝတ်ဆင်ခြင်းဟာ ကုသမှုခံယူထားတဲ့ အစိတ်အပိုင်းအပေါ် ပွတ်တိုက်မှုကြောင့် နာကျင်ခြင်းကို လျော့နည်းစေနိုင်ပါတယ်။ ကုသမှုအပြီးမှာ ဂါဝန်၊ အဝတ်အစား အပွတွေကို ဝတ်ဆင်သင့်ပါတယ်။
အနားယူခြင်း – ကုသမှုအပြီးမှာ အလုပ်ကနေ ၄ ရက်ကနေ ၇ ရက်အထိ အနားယူသင့်ပါတယ်။ တစ်ပတ်အနားယူခြင်းဟာ အသင့်လျော်ဆုံးဖြစ်ပါတယ်။ အနည်းငယ် လှုပ်ရှားမှုကို ပြုလုပ်နိုင်ပြီး ကုသမှုခံယူထားတဲ့နေရာမှာ ယားယံခြင်း၊ ဖိအားသက်ရောက်ခြင်းတွေ မဖြစ်အောင် ဂရုစိုက်သင့်ပါတယ်။
ရေချိုးခြင်း – ပထမ ခြောက်ပတ်မှာ ရေပူနဲ့ ရေချိုးခြင်း၊ အချိန်ကြာမြင့်စွာ ရေချိုးခြင်းတွေကို မပြုလုပ်သင့်ပါဘူး။ ရေကူးကန် (သို့) ပင်လယ်ထဲမှာ ရေကူးခြင်းကို ရှောင်ကျဉ်သင့်ပါတယ်။ ရေကူးကန်နဲ့ ပင်လယ်အတွင်းမှ ရေတွေဟာ နာလန်ထ ဖြစ်စဉ်အတွက် မကောင်းပါဘူး။
ပြင်းထန်သော လေ့ကျင့်ခန်းများ – အားကစား လေ့ကျင့်ခန်းများ၊ ဆိုင်ကယ်စီးခြင်း၊ စက်ဘီးစီးခြင်း၊ မြင်းစီးခြင်း တွေကို ရှောင်ကျဉ်သင့်ပါတယ်။ ကုသမှုခံယူထားတဲ့နေရာ ယားယံတဲ့အခါ အန္တရာယ် ရှိနိုင်ပါတယ်။
လိင်မှုဘဝ – အကောင်းဆုံးတိုးတက်မှုတွေ ရရှိဖို့အတွက် Vaginal rejuvenation အပြီးမှာ လိင်ဆက်ဆံမှု အားလုံးကို ရှောင်ကျဉ်သင့်ပါတယ်။
Vaginal rejuvenation ကုသမှု ခံယူအပြီးမှာ မိမိကိုယ်ကို ဂရုစိုက်ဖို့ အရေးကြီးပါတယ်။ ဒါ့ပြင် ဆရာဝန် ညွှန်ကြားချက်တွေကို လိုက်နာပြီး စိတ်ချရအောင် ဂရုစိုက်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။