မိန်းမကိုယ်ပိုးဝင်ခြင်းအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date နိုဝင်ဘာ 16, 2020 . 2 mins read
Share now

အမျိုးသမီးများရဲ့ ကျန်းမာရေးအတွက် မိန်းမကိုယ်ရဲ့ကဏ္ဍဟာ အရေးကြီးပါတယ်။ မိန်းမကိုယ်ပိုးဝင်ခြင်းကြောင့် မိန်းမကိုယ်နဲ့ မွေးလမ်းကြောင်း ရောင်ရမ်းခြင်းဖြစ်ပြီး ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ ယခုဆောင်းပါးမှာ ဖော်ပြပေးမယ့် အကြောင်းအရာတွေကတော့ မိန်းမကိုယ်လမ်းကြောင်း ရောဂါပိုးဝင်ခြင်းအကြောင်းတွေပဲ ဖြစ်ပါတယ်။

ဘာလက္ခဏာတွေ ကြုံရသလဲ

မိန်းမကိုယ်လမ်းကြောင်း ပိုးဝင်တိုင်း လက္ခဏာမပြတတ်ပါဘူး။ လက္ခဏာပြတတ်တဲ့ အချိန်မှာတော့ အောက်ပါအတိုင်း ကြုံရတတ်ပါတယ်။

မိန်းမကိုယ်ယားယံခြင်း

– မိန်းမကိုယ်မှ ဆင်းသော အရည်များ အနည်းအများပြောင်းလဲခြင်း

– မိန်းမကိုယ်မှ ဆင်းသော အရည်များ အရောင်ပြောင်းခြင်း

ဆီးသွားစဉ် နာကျင်ခြင်း၊ ပူခြင်း

– လိင်ဆက်ဆံစဉ် နာကျင်ခြင်း

– မိန်းမကိုယ်မှ သွေးဆင်းခြင်း၊ သွေးစို့ခြင်း

မိန်းမကိုယ်ပိုးဝင်ခြင်းဟာ ရောဂါပိုးအမျိုးအစားပေါ် မူတည်ပြီးတော့လည်း ကွာခြားနိုင်ပါတယ်။ အောက်ပါအတိုင်း ဖြစ်ပါတယ်။

– ဘက်တီးရီးယားပိုးဝင်ခြင်း။ မိန်းမကိုယ်ကနေ အဖြူညစ်ညစ်၊ အဝါရောင်များ ဆင်းပါတယ်။ ငါးညှီနံ့ရတတ်ပါတယ်။ လိင်ဆက်ဆံပြီးချိန်မှာ သတိပြုမိတတ်ကြတာ များပါတယ်။

– မိန်းမကိုယ်မှိုစွဲခြင်း။ များသောအားဖြင့် ယားယံတတ်ပါတယ်။ ဆင်းတဲ့အရည်ဟာ ပျစ်ပြီး ဖြူပါတယ်။

– Trichomonas ပိုးဝင်ခြင်း။ မိန်းမိကိုယ်ယားယံပြီး အနံ့နံပါတယ်။ စိမ်းဝါရောင်များဆင်းပြီး အမြှုပ်များ တွေ့ရနိုင်ပါတယ်။

ဖြစ်စေသော အကြောင်းအရင်းများ

မိန်းမကိုယ်ပိုးဝင်ခြင်း ဖြစ်စေတဲ့ အကြောင်းများစွာ ရှိပါတယ်။ အဖြစ်များစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

– ဘက်တီးရီးယားပိုးဝင်ခြင်း။ bacterial vaginosis ဆိုတဲ့ ရောဂါကို ဖြစ်စေပါတယ်။ မိန်းမကိုယ်လမ်းကြောင်းက အကျိုးပြုဘက်တီးရီးယားများနဲ့ မကောင်းတဲ့ ဘက်တီးရီးယားများ ဟန်ချက်မညီခြင်းကြောင့် ဖြစ်ပါတယ်။

မှိုစွဲခြင်း။ Candida albican ဆိုတဲ့ ရောဂါပိုးကြောင်း အများဆုံးဖြစ်ပွားပါတယ်။

– Trichomoniasis။ လိင်ဆက်တဆံရာကနေ ကူးစက်တဲ့ ပရိုတိုဇိုဝါကပ်ပါးပိုးကြောင့် ဖြစ်တတ်ပါတယ်။

– မိန်းမကိုယ်ကျုံ့သွားခြင်း။ သွေးဆုံးချိန်မှာ ဖြစ်တတ်ပါတယ်။ ဟော်မုန်းများနည်းသွားပြီး မိန်းမကိုယ်ဟာ သေးငယ်ခြောက်သွေ့သွားတတ်ပါတယ်။

ဘယ်အချိန် ဆရာဝန်ပြမလဲ

မိန်းမကိုယ်ပိုးဝင်ခြင်းဟာ အသက်အန္တရာယ်စိုးရိမ်ရလောက်တဲ့ အခြေအနေ မဟုတ်ပါဘူး။ ဒါပေမယ့် အောက်ပါအခြေအနေတွေမှာတော့ ဆရာဝန်ပြသင့်ပါတယ်။

– ယခင်က မိန်းမကိုယ်ပိုးဝင်ဖူးခြင်း

– မိန်းမကိုယ်ပိုးဝင်ခြင်း ကြုံဖူးသော်လည်း ယခင်နှင့်မတူသော လက္ခဏာအသစ်များပြနေခြင်း

– လိင်ဆက်ဆံသူမတူညီခြင်း၊ အဖော်အသစ်နှင့် နေမိခြင်း

ဖျားနာခြင်း

– ကိုယ်ဝန်ရှိနေသည်ဟု ယူဆမိခြင်း

– ကုသမှုပြုလုပ်ထားသော်လည်း ပြန်ဖြစ်ခြင်း

မိန်းမကိုယ်ပိုးဝင်ခြင်းအများစုအတွက် အိမ်မှာပဲ သောက်ဆေး၊ လိမ်းဆေးများနဲ့ ကုသနိုင်ပါတယ်။ ဒါပေမယ့် ဆရာဝန်ပြတာကတော့ အကောင်းဆုံးပါပဲ။

ဘယ်လိုကုသနိုင်သလဲ

မိန်းမကိုယ်ပိုးဝင်ခြင်းကို ကုသရာမှာ အကြောင်းအရင်းပေါ်မူတည်ပြီး ကုသနည်းမျိုးစုံ ရှိနိုင်ပါတယ်။ ဥပမာအားဖြင့်

– ဘက်တီးရီးယားပိုးဝင်ခြင်းအတွက် Metronidazole သောက်ဆေး လိမ်းဆေး၊ Clindamycin လိမ်းဆေး စတာတွေနဲ့ ကုသနိုင်ပါတယ်။

– မှိုပိုးဝင်ခြင်းအတွက် လိမ်းဆေးနဲ့ မိန်းမကိုယ်ထဲထည့်တဲ့ ဆေးတောင့်တွေ ရှိပါတယ်။

– ကပ်ပါးပိုးဝင်ခြင်းအတွက် Metronodazole ဒါမှမဟုတ် tinidazole ဆေးများ သုံးစွဲနိုင်ပါတယ်။

– မိန်းမကိုယ်သေးပြီး ခြောက်သွေ့သွားခြင်းအတွက် အီစထရိုဂျင်လိမ်းဆေးများ သုံးစွဲနိုင်ပါတယ်။

အကောင်းဆုံးကတော့ မိမိဖာသာ မဖြေရှင်းဘဲ ဆရာဝန်နဲ့ တိုင်ပင်ပြသသင့်ပါတယ်။

ဘယ်လိုကာကွယ်မလဲ

မိန်းမကိုယ်သန့်ရှင်းရေးကို အလေးထားရပါမယ်။ အတွင်းခံများကို ကျန်းမာရေးနဲ့ညီညွတ်အောင် ရွေးချယ်ဝယ်ယူရပါမယ်။ ကြပ်လွန်း လှောင်လွန်းတဲ့ အတွင်းခံများဟာ ရောဂါပိုးများကို ပိုမိုပေါက်ပွားကူးစက်စေနိုင်ပါတယ်။ လိင်မှတဆင့်ကူးစက်ခြင်းမဖြစ်အောင် ဘေးကင်းစိတ်ချရတဲ့ နည်းစနစ်တွေ အသုံးပြုရပါမယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မိန်းမကိုယ်မှာ ပေါက်တဲ့ဝက်ခြံ

ဝက်ခြံ မျက်နှာမှာ ပေါက်ရင် အော်........ပေါက်နေကျပဲလေလို့ ထားလိုက်တတ်ပေမယ့် မိန်းမကိုယ်မှာ ဝက်ခြံ ပေါက်လာပြီဆိုရင်တော့ ပေါက်လေ့ပေါက်ထရှိရဲ့လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အိမ်သာမဝင်ခင် လက်ဆေးသင့်လား…………………

ဟုတ်ပါတယ်။  အိမ်သာမဝင်ခင်မှာ လက်ဆေးသင့်ပါတယ်။ အကြောင်းကတော့ လက်ချောင်းတွေမှာ သာမန် မျက်စိနဲ့ မမြင်နိုင်တဲ့ ရောဂါပိုးမွှားတွေ အများကြီး ကပ်ငြိနေနိုင်လို့ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

လိင်ဆက်ဆံတဲ့အခါ Sex Toy တွေကို အသုံးပြုရင် ဘာကောင်းကျိုးရနိုင်လဲ

Sex Toy ဆိုတာ လိင်ဆက်ဆံတဲ့ နေရာမှာဖြစ်စေ၊ လိင်အာသာဖြေတဲ့နေရာမှာ ဆန္ဒအထွတ်အထိပ် ...

ရေးသားသူ Ye Myo Myat

လိင်မဆက်ဆံပဲ အချိန်အကြာကြီး နေမိမယ်ဆိုရင် ဘာတွေဖြစ်လာမလဲ

လိင်ဆက်ဆံခြင်းဟာ ပျော်ရွှင်စေပြီး ကျန်းမာရေးကို အထောက်အကူပြုနိုင်တဲ့ ကိစ္စတစ်ခုပါ။ အကြာကြီး လိင်မဆက်ဆံပဲနေမယ်ဆိုရင် ဘာတွေဖြစ်လာမလဲ။ ကောင်းတာလား ဆိုးတာလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

အချစ်ကပေးတဲ့ဒါဏ်ရာ (သို့) ချစ်တင်းနှောရင်းရနိုင်တဲ့ ဒါဏ်ရာအနာတရတွေ

အချစ်ကပေးတဲ့ဒါဏ်ရာ (သို့) ချစ်တင်းနှောရင်းရနိုင်တဲ့ ဒါဏ်ရာအနာတရတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းရဲ့ ရောဂါလက္ခဏာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 2, 2021 . 2 mins read
လေဒီတို့ ခံစားရနိုင်တဲ့ တင်ပါးဆုံပြဿနာ အဖုံဖုံ

လေဒီတို့ ခံစားရနိုင်တဲ့ တင်ပါးဆုံပြဿနာ အဖုံဖုံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 2 mins read
မိန်းမကိုယ်မှာပေါက်တဲ့ ဝက်ခြံ သက်သာစေဖို့

မိန်းမကိုယ်မှာပေါက်တဲ့ ဝက်ခြံ သက်သာစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 5, 2021 . 2 mins read