ဆီးကျောက်တည် တာက အဖြစ်နည်းတဲ့ ရောဂါတော့ မဟုတ်ပါဘူး။ သာမန်လူတောင် ခါးနာပြီဆိုရင် ဆီးကျောက်တည်တာများလားလို့အရင်စဉ်းစားမိကြတာဆိုတော့လေ။ နောက်ပြီး ဆီးကျောက်တည်တဲ့ ဝေဒနာက ခံရခက်တာဆိုတော့။
ထွက်မှာ သေချာပြီလား။
ဆီးကျောက်တည် တာက အဖြစ်နည်းတဲ့ ရောဂါတော့ မဟုတ်ပါဘူး။ သာမန်လူတောင် ခါးနာပြီဆိုရင် ဆီးကျောက်တည်တာများလားလို့အရင်စဉ်းစားမိကြတာဆိုတော့လေ။ နောက်ပြီး ဆီးကျောက်တည်တဲ့ ဝေဒနာက ခံရခက်တာဆိုတော့။
ဒီဆောင်းပါးမှာ ဆီးကျောက်အမျိုးအစား ဘယ်နှမျိုးရှိလဲ။ ဘယ်လိုအပြုအမူအနေအထိုင်တွေကြောင့် ဆီးကျောက်တည်ရတာလဲဆိုတာ ပြောပြပေးမှာပါ။ ဒါမှ ကြိုတင်ဆင်ခြင်လို့ရမှာပေါ့။
ဆီးကျောက်အမျိုးအစားကို အကြမ်းဖျင်း ကယ်ဆီယမ်ကျောက်၊ စတူးဗိုက်ကျောက်၊ ယူရစ်အက်စစ်ကျောက်နဲ့ စစ်စတင်းကျောက်ဆိုပြီး ခွဲထားလို့ရပါတယ်။
ဆီးကျောက်က ဘာအမျိုးအစားပဲ ဖြစ်ဖြစ် တူညီတာတစ်ခုက ဆီးလမ်းကြောင်းမှာ ခုနက ဓာတ်သတ္တုအမှုန်တွေ များလာပြီး အနှစ်ကျလို့ ကျောက်တည်တာပါပဲ။
Calcium oxalate stone – အဖြစ်အများဆုံး ဆီးကျောက်အမျိုးအစားပါ။ အသည်းကနေလည်း ထုတ်ပေးသလို အသီးအရွက်တွေ၊ အစေ့အဆန်တွေ၊ ချောကလက်၊ လက်ဖက်ခြောက် စတာတွေမှာလည်း အများကြီးပါပါတယ်။ နောက်ပြီး calcium ဒါမှမဟုတ် oxalate ကို များစေတဲ့ အကြောင်းတွေကတော့ ဗီတာမင် ဒီတွေ အလွန်အကျွံသောက်တာ၊ အူလမ်းကြောင်း ဖြတ်ဆက် လုပ်ထားတာ၊ တချို့သော ဇီဝကမ္မရောဂါတွေကြောင့်ပဲ ဖြစ်ပါတယ်။ ကိုယ်သောက်တဲ့ ရေက ထုံးဓာတ်များနေရင်လည်း ကျောက်တည်တတ်ပါသေးတယ်။
(ဒီနေရာမှာ ပြောစရာ ရှိတာက အပေါ်က ပြောခဲ့တဲ့ အသီးအရွက်တွေ၊ အစေ့အဆန်တွေ၊ လက်ဖက်တွေဆိုတာ လူတိုင်းစားနေတာပဲ။ လူတိုင်းမှာ မဖြစ်ဘူးဆိုတာက ရေများများသောက်ပြီး ဆီးပုံမှန်သွားပေးလို့ပါ။ ဒါကြောင့် အနည်အနှစ်မကျတော့ဘဲ ဆီးကျောက်မတည်တာပါ။ )
Calcium phosphate stone – ဒါကတော့ renal tubular acidosis လို့ ခေါ်တဲ့ ရောဂါတစ်မျိုးမျိုးကြောင့် ကျောက်ကပ်က အက်စစ်ဓာတ်ကို ကောင်းကောင်း မထိန်းချုပ်နိုင်တဲ့ အခြေအနေနဲ့ တချို့သော အတက်ကျဆေး၊ Migraines ကုသဆေးတွေကြောင့် ဖြစ်တတ်ပါတယ်။
ခဏခဏ ဆီးလမ်းကြောင်း ပိုးဝင်တတ်သူတွေမှာ တွေ့ရပါတယ်။ ဆီးပိုးဝင်စေတဲ့ ဘက်တီးရီးယားက အမိုးနီးယားတွေ ထုတ်တာကြောင့် ကျောက်တည်လာတာပါ။ ဒီကျောက်က အရွယ်အစား ကြီးလွယ်ပါတယ်။
ဒါကတော့ ဆီးကျောက်အမျိုးအစားနဲ့ ဖြစ်စေတဲ့ အကြောင်းရင်းတွေပေါ့။ ဒါပေမယ့် ဆီးကျောက်ဆိုတာ အကြောင်းရင်း တစ်ချက်ရှိရုံထဲ ဖြစ်တာမှ မဟုတ်တာ။ ဒါဆို လူတိုင်း ဖြစ်ကုန်မှာပေါ့။ ဖြစ်နိုင်ချေရှိတဲ့ အကြောင်းရင်းတွေ လူတစ်ယောက်မှာ တစ်ချက်မက ပိုလာတဲ့အခါ ဆီးကျောက်တည်လာတာပါ။ ဒါကြောင့် တခြား အချက်တွေကိုပါ သိထားသင့်ပါတယ်။
ဒါကတော့ ဆီးကျောက်တည်စေတဲ့ အကြောင်းတွေပါပဲ။ တခြား သေးသေးဖွဲဖွဲ အကြောင်းတွေလည်း ရှိပါသေးတယ်။ တစ်ချက်တည်း ရှိရင် ဖြစ်နိုင်ခြေ နည်းပေမယ့် အချက်တွေ များလာလေလေ ဖြစ်နိုင်ခြေများလာလေလေပါပဲ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။