နေရောင်ခြည်နုနုလေးက ကျန်းမာရေးအတွက်ကောင်းတယ်။ ခန္ဓာကိုယ်အတွက် ဗီတာမင် D ဖြည့်စွက်ပေးတယ်ဆိုပေမယ့် နေ့လယ်ခင်းမှာ ပူတဲ့ နေရောင်ကတော့ အသားအရေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် အသားအရေကို ထိန်းသိမ်းချင်တယ်ဆိုရင် မေ့ထားလို့ မဖြစ်တဲ့ အချက်တစ်ခုက နေလောင်ကာခရင်မ် လိမ်းတာလည်း အပါအဝင်ပါ။