backup og meta

ကျန်းမာပျော်ရွှင်ပြီး လှပကြော့ရှင်းတဲ့ လေဒီလေးတို့ရဲ့ လျှို့ဝှက်ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျန်းမာပျော်ရွှင်ပြီး လှပကြော့ရှင်းတဲ့ လေဒီလေးတို့ရဲ့ လျှို့ဝှက်ချက်

    သူကတော့ ဘယ်ချိန်ကြည့်ကြည့်လှနေရောပဲ။ အားကျလိုက်တာဟယ်လို့တွေးနေပြီလား။ အလှတရားက လူတိုင်းမြတ်နိုးတဲ့အရာပါနော်။ မိန်းကလေးတွေဆိုပိုလို့တောင်အလှကြိုက်ဦးမယ်။ နေ့ရက်တိုင်းမှာ ကျန်းမာပျော်ရွှင်ပြီး လှပကြော့ရှင်းတဲ့ လေဒီလေးတွေ အဖြစ် ဖြတ်သန်းဖို့ဆန္ဒရှိနေပြီဆိုရင်တော့ အခုပြောပြမယ့်အချက်လေးတွေကို လိုက်နာပေးပါလို့ ပြောပါရစေနော်။

    အလှတရားက မထိန်းသိမ်းရင်ပျက်စီးတတ်ပါတယ်နော်

    ကြည့်လိုက်တိုင်းလှနေတဲ့ လေဒီလေးတွေက နည်းနည်းလေးမှကြိုးပမ်းမှုမရှိဘဲ လှနေတာတော့မဟုတ်ပါဘူး။ သူတို့တွေကိုလှနေစေတဲ့ အချက်လေးတွေကို ကြည့်လိုက်ရအောင်လား။ လှပကြော့ရှင်းတဲ့လေဒီလေးတစ်ယောက်ဖြစ်ဖို့က ဆံစကနေ ခြေဖျားအထိ ကျန်းမာလှပနေဖို့လိုအပ်မှာပါ။

    ကျန်းမာပျော်ရွှင်ပြီး လှပကြော့ရှင်းတဲ့ လေဒီလေးတို့ရဲ့ လျှို့ဝှက်ချက်

    ကျန်းမာပျော်ရွှင်ပြီး လှပကြော့ရှင်းတဲ့ လေဒီလေးတို့ရဲ့ လျှို့ဝှက်ချက်တွေက ဘာတွေများလဲဆိုတော့

    ရေလုံလောက်အောင်သောက်ကြတယ်

    လှပကြော့ရှင်းတဲ့ လေဒီလေးတွေက ရေသောက်မပျင်းကြသလို တစ်နေ့တာမှာ ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ ရေပမာဏကို ပြည့်ပြည့်ဝဝသောက်တတ်ကြသူတွေပါ။ သွားလေရာကိုရေဗူးလေးတောင် ဆောင်သွားတတ်ကြပါသေးတယ်နော်။

    အသားအရေကိုဂရုစိုက်ကြတယ်

    ကိုယ်တွေကသာ ပင်ပန်းလွန်းလို့ မျက်နှာမသစ်ဘဲ အိပ်ရာဝင်ချင်ဝင်လိမ့်မယ်။ ဘယ်ချိန်ကြည့်ကြည့်လှလိုက်တာဆိုတဲ့ လေဒီလေးတွေကတော့ ဘယ်လောက်ပင်ပန်းနေပါစေ။ ညအိပ်ရာဝင်ခါနီး မိတ်ကပ်တွေဖယ်ရှားသန့်စင်ဖို့နဲ့ လုပ်ဆောင်ပေးသင့်တဲ့အသားအရေ ဂရုစိုက်မှုတွေကို မပျက်မကွက်လုပ်တတ်ကြသူတွေပါ။ လိုအပ်တဲ့ အသားအရေထိန်းသိမ်းမှုတွေကိုလည်း မပျက်မကွက်လုပ်တတ်ကြပါသေးတယ်နော်။

    ပြည့်ဝတဲ့ အိပ်စက်ချိန်ရှိကြတယ်

    လှတာလည်းမပြောနဲ့လေ။ သူတို့လေးတွေက ညစဉ် ၈နာရီပြည့်အောင်အိပ်ဖို့လည်း မမေ့တတ်ကြပါဘူး။ အလုပ်များရင်တော့ ညအိပ်စက်ချိန်ကို ၆ နာရီမရ၊ ရအောင်ထားတတ်ကြသူတွေပါ။

    နေလောင်ဒဏ်ကနေကာကွယ်ဖို့လည်း မမေ့ကြပါဘူး

    အသားအရေကိုထိန်းသိမ်းဖို့မမေ့တတ်သူတွေပီပီ နေရောင်ဒဏ်ကြောင့် အသားအရေထိခိုက်ပျက်စီးတာမျိုးမဖြစ်အောင်လည်းဂရုတစိုက်နဲ့ကာကွယ်တတ်ကြသူတွေပါ။ နေရောင်ထဲမထွက်ခင် နေလောင်ကာခရင်မ်ကို မမေ့မလျော့လူးတတ်ကြသူလေးတွေပေါ့။

    ကိုယ်လက်လေ့ကျင့်ခန်းလည်း မမေ့ထားကြပါဘူး

    ခန္ဓာကိုယ်က အဆီပိုတွေကိုဖယ်ရှားဖို့နဲ့ သွယ်လျလှပဖို့ရော၊ ရောဂါကင်းပြီး ကျန်းမာဖို့အတွက်ပါ နေ့စဉ်ပုံမှန် လေ့ကျင့်ခန်း လုပ်တတ်ကြပါတယ်နော်။

    ကျန်းမာရေးကိုဂရုစိုက်ကြပါတယ်

    ကျန်းမာရေးကိုလိုက်စားတတ်ကြသူတွေပေါ့။ ခန္ဓာကိုယ်ကျန်းမာနေစေဖို့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ကြသလို ပုံမှန်ကျန်းမာရေး စစ်ဆေးတာနဲ့ အားဆေးသောက်တာလိုမျိုး ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေပြည့်ဝအောင်လည်းနေတတ်ကြ ပါတယ်။

    အာဟာရပြည့်ဝအောင်စားသုံးတတ်ကြပါတယ်

    နေ့စဉ်စားသုံးတဲ့အခါမှာလည်း ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေပြည့်ဝအောင်စားသုံးတတ်ကြပါ တယ်။ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ အသား၊ ငါး၊ အစေ့အဆန်တွေ နဲ့ အခွံမာသီးတွေ သင့်တင့်မျှတအောင်စားသုံးတတ်ကြပါသေးတယ်။

    ကျန်းမာပျော်ရွှင်ပြီး လှပတဲ့ လေဒီလေး ဖြစ်ဖို့ဆိုရင်

    🙂 ရေလုံလောက်အောင် သောက်ပါ။
    🙂 အသားအရေကို ဂရုစိုက်ပါ။
    🙂 ပြည့်ဝတဲ့ အိပ်ချိန် ထားရှိပါ။
    🙂 နေလောင်ဒဏ် ကာကွယ်ပါ။
    🙂 ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ။
    🙂 ကျန်းမာရေး ဂရုစိုက်ပါ။
    🙂 အာဟာရ ပြည့်ဝအောင် စားသုံးပါ။

    ကျန်းမာပြီး လှပကြော့ရှင်းတဲ့ လေဒီလေး တစ်ယောက်ဖြစ်ဖို့ အဆင်သင့်ဖြစ်ပြီဆိုရင်တော့ အခုကစလို့ ဒီနည်းလေးတွေကို အလေ့အထဖြစ်အောင် ပျိုးထောင်လိုက်တော့နော်…………

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement