ဆေးလိပ်သောက်ခြင်း၏ လေဖြတ်စေနိုင်သောအကြောင်းအရင်းတစ်ခုမှာ ဦးနှောက်သွေးကြောများကို ဖောင်းစေသောရောဂါ၏ဖြစ်နိုင်ချေကို မြှင့်တင်ပေးနေခြင်းကြောင့်လည်းဖြစ်သည်။ ထိုရောဂါဖြစ်ပွားရသည်မှာ သွေးကြောနံရံအားနည်းမှုကြောင့် သွေးကြောတစ်နေရာတွင် သွေးများစုပုံဖောင်းကားနေခြင်းကြောင့် ဖြစ်သည်။ ထိုမှတစ်ဆင့် သွေးကြောအားပေါက်သွားစေပြီး လေဖြတ်စေကာ ပြင်းထန်သော ဦးနှောက်ထိခိုက်မှုနှင့် သေဆုံးမှုတို့ကိုဖြစ်ပွားစေသည်။
အဆုတ်
သင်၏အဆုတ်များသည်လည်း ဆေးလိပ်ကြောင့် ဆိုးဝါးပြင်းထန်စွာ ထိခိုက်ခံရနိုင်သည်။ အစပိုင်းတွင် ချောင်းဆိုးခြင်း၊အအေးမိခြင်း၊အချွဲကျပ်ကာ တဝှီဝှီမြည်ခြင်းနှင့် ရင်ကျပ်ရောဂါတို့ကိုဖြစ်ပွားစေတတ်သည်။ ထို့ပြင် အဆုတ်ရောင်သည့် နမိုးနီးယား၊အဆုတ်ပွရောဂါနှင့် အဆုတ်ကင်ဆာတို့ကဲ့သို့သော သေစေနိုင်သည့် ရောဂါများကိုလည်း ဖြစ်ပွားစေနိုင်သည်။ ဆေးလိပ်ကြောင့်သေဆုံးမှုတွင် 84ရာခိုင်နှုန်းမှာ အဆုတ်ကင်ဆာမှ ဖြစ်ပြီး 83ရာခိုင်နှုန်းမှာ စီအိုပီဒီဟုခေါ်သော နာတာရှည်အဆုတ်လမ်းကြောင်းကျဉ်းရောဂါကြောင့်ဖြစ်သည်။ ထိုရောဂါမှာ တဖြည်းဖြည်းပိုဆိုးလာတတ်သောရောဂါဖြစ်ပြီး နာတာရှည်အဆုတ်ရောင်ရောဂါနှင့် အဆုတ်ပွရောဂါအပါအဝင် အခြားသောရောဂါများအားစုပေါင်းထားသော ရောဂါနာမည်ဖြစ်သည်။ စီအိုပီဒီဝေဒနာရှင်များသည် အသက်ရှူလမ်းကြောင်းကျဉ်းခြင်းနှင့် အဆုတ်တစ်ရှူးများပျက်စီးခြင်းတို့ကြောင့် အသက်ရှူရန်ခက်ခဲကြသည်။ ဖြစ်လေ့ရှိသောလက္ခဏာများမှာ တက်တက်ကြွကြွနေစဉ်တွင်မောခြင်း၊သလိပ်ချောင်းဆိုးနေခြင်း၊အသက်ရှူလမ်းကြောင်းထဲသို့မကြာခဏပိုးဝင်ခြင်းတို့ဖြစ်သည်။
ပါးစပ်နှင့်လည်ချောင်း
ဆေးလိပ်သောက်ခြင်းသည် ခံတွင်းနံ့မကောင်းခြင်းနှင့် သွားနှင့်သွားဖုံးပျက်စီးခြင်း၊အရသာပျက်ခြင်းတို့ကိုလည်းဖြစ်စေ
တတ်သည်။ ခံတွင်းနှင့် လည်ချောင်းတွင် အဆိုးဝါးဆုံးဖြစ်စေသည့် ဆေးလိပ်၏ဆိုးကျိုးများမှာ နှုတ်ခမ်း၊လျှာ၊လည်ချောင်း၊အသံအိုးနှင့် အစာမျိုပြွန်ကင်ဆာများဖြစ်နိုင်ချေများခြင်းဖြစ်သည်။93ရာခိုင်နှုန်း
ကျော်သော အာခံတွင်း ကင်ဆာများသည် ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပွားစေကြောင်းသိရသည်။
မျိုးပွားခြင်းနှင့် မျိုးအောင်ခြင်း
ဆေးလိပ်သောက်ခြင်းသည် အမျိုးသားလိင်အဂါအား ထောက်ပံ့ပေးသော သွေးကြောများအားပျက်စီးစေခြင်းဖြင့် ပန်းသေစေတတ်သည်။ သုက်ပိုးများကိုလည်း ပျက်စီးစေကာ သုက်ပိုးအရေအတွက်များကိုလျော့ကျစေကာ ဝှေးစေ့ကင်ဆာကိုဖြစ်စေနိုင်သည်။ အမျိုးသမီးများတွင်လည်း ဆေးလိပ်သောက်ခြင်းသည် မျိုးအောင်နိုင်စွမ်းကိုလျှော့ချပစ်သည်။
လေ့လာမှုတစ်ခုအရ ဆေးလိပ်သောက်သူများသည် ဆေးလိပ်မသောက်သူများထက် တစ်နှစ်ထက်ပို၍ ကိုယ်ဝန်ရှိရန်ကြိုးစားရမှုမှာ သုံးဆပိုနေကြောင်းသိရသည်။ ဆေးလိပ်သောက်သောအမျိုးသမီး
များ၏ မျိုးအောင်နိုင်စွမ်းမှာ ဆေးလိပ်မသောက်သောအမျိုးသမီးများအတွက်မျိုးအောင်နိုင်စွမ်း၏ 72ရာခိုင်နှုန်းသာရှိသည်။ ဆေးလိပ်သောက်ခြင်းသည် လည်ပင်းရိုးကင်ဆာဖြစ်နိုင်ချေကိုလည်းများစေပြီး သားအိမ်ခေါင်းကင်ဆာဖြစ်စေသည့် သားအိမ်ခေါင်းကင်ဆာပိုးအား ကုသနိုင်ရန်လည်း ခဲယဉ်းတတ်သည်။
ကိုယ်ဝန်ရှိနေစဉ်တွင် ဆေးလိပ်သောက်ခြင်းသည် ကိုယ်ဝန်ပျက်ခြင်း၊ကလေးစောမွေးခြင်း၊အသေမွေးခြင်း၊ဖျားနာခြင်းတို့ဖြစ်စေပြီး မွေးကင်းစကလေးများရုတ်တရက် သေဆုံးနိုင်ချေအား 25ရာခိုင်နှုန်းခန့်တိုးမြှင့်များပြားစေသည်။
သတင်းကောင်းမှာ ဆေးလိပ်ဖြတ်ပြီးပါက သင်၏ကျန်းမာရေးသည် နှင့် သင်၏ခန္ဓါကိုယ်သည်လည်းတိုးတက်ကောင်းမွန်လာလိမ့်မည်။
ဆေးလိပ်တစ်နှစ်ဖြတ်ပြီး၍ကုသ၍အရှင်းမပျောက်နိုင်သည့် စီအိုပီဒီရောဂါတိုးတက်မှုသည် နှေးကွေးသွားသောအခါ အန္တာရယ်ရှိသည့်ရောဂါဖြစ်နိုင်ချေများသည်လည်း လွန်စွာ လျော့ကျသွားနိုင်သည်။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။