backup og meta

ဆီးချိုဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်တဲ့အချက်တစ်ခု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးချိုဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်တဲ့အချက်တစ်ခု

    သင့်ကို ဆီးချိုရောဂါခံစားရစေနိုင်တဲ့အချက်က အချိုစားလိုပတစ်ခုတည်းမဟုတ်ပါဘူး။ ကိုယ်တွင်းမှာ ဗီတာမင် D ချို့တဲ့တာကလည်း သင့်ကိုဆီးချိုဖြစ်နိုင်ခြေ မြင့်တက်စေနိုင်ပါတယ်။ ဒီလိုပြောရတဲ့အကြောင်းအရင်းကို ဆောင်းပါးထဲမှာ ပြည့်ပြည့်စုံစုံပြောပြပေးမယ်နော်။

    ဆီးချိုဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်တဲ့အချက်တစ်ခု (သို့မဟုတ်) ဗီတာမင် D ချို့တဲ့ခြင်း

    ဗီတာမင် D ချို့တဲ့တဲ့သူတွေက ဆီးချိုရောဂါဖြစ်နိုင်ခြေများတယ်၊လို့ လေ့လာမှုအသစ်တစ်ရပ်အရ သိရပါတယ်။ကယ်လ်ီဖိုးနီးယားမှာရှိတဲ့ ဆန်ဒီရေဂို တက္ကသိုလ်နဲ့ ဆိုးလ်အမျိုးသားတက္ကသိုလ်က သုတေသီတွေက ကျန်းမာရေးကောင်းတဲ့ အရွယ်ရောက်သူ ၉၀၃ ဦးကို ၁၀ နှစ်ကြာလေ့လာခဲ့ပါတယ်။ လေ့လာမှုအရ ဗီတာမင် D ပမာဏ ပြည့်ဝစွာရရှိသူတွေက အမျိုးအစား – ၂ ဆီးချိုရောဂါဖြစ်နိုင်ခြေနည်းသလို ဆီးချိုရောဂါ အကြိုအဆင့်ကနေ ဆီးချိုဖြစ်လာနိုင်ခြေလည်း နည်းတာကို တွေ့ရှိခဲ့ပါတယ်။

    ‘sunshine vitamin’ လို့သိကြတဲ့ 25-hydroxyvitamin D က အသားအရေကနေရောင်ကိုတုံ့ပြန်တဲ့အခါမှာ ထွက်ရှိလာတဲ့ ဓာတ်တစ်မျိုးပါ။ ဒီဓာတ်ကို အစားအသောက်အချို့ကနေလည်းရရှိနိုင်ပါတယ်။ ဒီ ဗီတာမင်က အရိုးနဲ့သွားတွေကြီးထွားကြံ့ခိုင်အောင် လုပ်ဆောင်ပေးသလို ရောဂါတွေအန္တရာယ်ကနေလည်း ကာကွယ်ပေးပါ တယ်။

    လေ့လာမှုအတွင်း ပါဝင်သူတွေထဲက ဗီတာမင် D အလုံးအလောက် မရရှိသူတွေဟာ ဗီတာမင် D ပမာဏကို လုံလောက်စွာရရှိသူတွေထက် ဆီးချိုရောဂါခံစားရနိုင်ခြေ ပိုများနေတာကိုတွေ့ရပါတယ်။ သွေးရည်ကြည်ဆဲလ်တွေထဲမှာ 25-hydroxyvitamin D ပမာဏ 30 nanograms per milliliter အနည်းဆုံးရှိဖို့လိုအပ်တာပဲဖြစ်ပါတယ်။ သွေးရည်ကြည်ဆဲလ်ထဲမှာ 25-hydroxyvitamin D ပမာဏ 30 nanograms per milliliter ကျော်ကျော်လေးပဲရှိသူတွေမှာ ဆီးချိုရောဂါဖြစ်နိုင်ခြေက ပုံမှန်ထက် ၃ ပုံ တစ်ပုံပိုနေပြီး သွေးရည်ကြည်ဆဲလ်ထဲမှာ 25-hydroxyvitamin D ပမာဏ 50 nanograms per milliliter ကျော်ရှိသူတွေမှာတော့ ဆီးချိုရောဂါဖြစ်နိုင်ခြေက ၅ ပုံတစ်ပုံလာက်ပဲရှိတာကိုတွေ့ရှိခဲ့ရပါတယ်၊လို့ ဆိုးလ်အမျိုးသားတက္ကသိုလ် တောင်ကိုရီးယားဆေးတက္ကသိုလ် ရောဂါကာကွယ်ကုသရေး ဌာနက ဒေါက်တာ Sue K. Park ကပြောကြားခဲ့ပါတယ်။

    ခန္ဓာကိုယ်မှာ ဗီတာမင် D ချို့တဲ့တဲ့အခါ အူမကြီးကင်ဆာရင်သားကင်ဆာအဆုတ်ကင်ဆာ၊ ဆီးအိတ်ကင်ဆာတွေဖြစ်နိုင်ခြေပုံမှန်ထက်ပိုများနေတတ်ပါတယ်။ ဒါကြောင့်ဗီတာမင် D ပမာဏကို ပြည့်ဝစွာရရှိဖို့လိုအပ်ပါတယ်။

    ဗီတာမင် D ကိုဘယ်ကနေရရှိနိုင်မှာလဲ

    ဗီတာမင် D ကိုအဓိကရရှိနိုင်တာကတော့ နေရောင်ခြည်ကပါ။ မနက်ခင်း နေရောင်ခြည်နုနုလေးက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် D ကိုအပြည့်အဝပေးစွမ်းနိုင်ပါတယ်။ ဗီတာမင် D ကို အစားအစာတွေကနေရခက်တယ်ဆိုပေမယ့် ဒီအစားအစာတွေကနေတော့ရရှိနိုင်ပါတယ်။

    ဆယ်လ်မွန်ငါး

    ဒိန်ချဉ်

    လိမ္မော်ဖျော်ရည် တို့ပါ။

    ဆီးချိုရောဂါကို ကာကွယ်ဖို့အတွက် အခုကစပြီး ဗီတာမင် D ပြည့်ဝအောင်နေကြစို့လား Hello ဆရာဝန်ပရိသတ်ကြီးရေ……..

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement