နွေရာက်လာလို့ တစ်နေ့တခြားအပူချိန်ေတွက ပိုပူလာပါတယ်။ မနက်ခင်း ၇ နာရီ နည်းနည်းလောက်ကျော်လာတာနဲ့အမျှ အပူချိန်က တဖြည်းဖြည်းချင်းမြင့်တက်လာနေပါပြီ။ ဒီအပူချိန်က တစ်နေကုန် ညနေ ၄ နာရီအထိကို အငြိုးတကြီးနဲ့ပူနေတော့တာပါ။နေပူတာက အသားတွေမဲတယ်ဆိုတာကတော့ ကလေးပိစိလေးတွေတောင်သိတဲ့ကိစ္စပါနော်။နေပူတာသိပေမယ့် တစ်ချိန်လုံးအိမ်ထဲမှာနေလို့မဖြစ်တော့ အပြင်က ထွက်ရဦးမယ်ပေါ့။ ဒီတော့ အသားအရေကိုနေလောင်ဒဏ်ကနေ ကာကွယ်ဖို့စဉ်းစားရပြီလေနော်။ ကိုယ့်အသားအရေကိုနေလောင်ဒဏ်ကနေ ကာကွယ်ချင်တယ်ဆိုရင် ဒီအချက်လေးတွေကို သိထားဖို့လိုပါမယ်။
နေရောင်ခြည်က ဆိုးကျိုးပေးတာလား
နေရောင်ခြည်က သက်ရှိတွေ ရှင်သန်ကြီးထွားဖို့ လိုအပ်တဲ့အရာတစ်ခုပါ။ ဗီတာမင်ဒီ (Vitamin D) ကိုရရှိစေတဲ့ အရင်းအမြစ်တစ်ခုပေါ့။ မနက်ခင်းနေရောင်ခြည်က အကျိုးပြုတယ်ဆိုပေမယ့် တစ်နေ့တာလုံးရဲ့ နေရောင်ကတော့ အသားအရေကို ထိခိုက်စေတာအမှန်ပါ။ တစ်နှစ်ပတ်လုံးမှာနေရောင်ခြည်ကို အများအပြားရရှိတဲ့မြန်မာနိုင်ငံမှာဆိုရင်နေရောင်ကြောင့် အသားအရေထိခိုက်နိုင်ခြေကတော်တော်လေးများပါတယ်နော်။
နေရောင်ကြောင့် အသားအရေကိုဘယ်လိုထိခိုက်စေနိုင်သလဲ
နေရောင်မှာပါတဲ့ UVA နဲ့ UVB တို့က အလွန်အကျွံထိတွေ့မိမယ်ဆိုရင်
- အသားအရေမှာနေလောင်ကွက်တွြေဖစ်လာနိုင်ပါတယ်၊
- အရေပြားဆဲလ်တွေထိခိုက်ပျက်စီးစေပြီး အသားအရေပေါ်မှာ တင်းတိပ်၊မှဲ့ခြောက်တွေ နဲ့ အမဲစက်တွေဖြစ်နိုင်ပါတယ်၊
- အသားအရေပျက်စီးလာမယ်၊
- အရေးအကြောင်းတွြေဖစ်လာမယ်၊
- အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မယ်၊
- အသားအရေကြမ်းတမ်းမယ်၊
- အသားမဲလာမယ်၊
- အသားတွေခြောက်လာမယ်၊
- အဆိုးဆုံးအနေနဲ့ အရေပြားကင်ဆာအထိဖြစ်လာနိုင်ပါတယ်နော်။
နေပူထဲထွက်မှာနေရောင်နဲ့ထိတွေ့တာလား
နေပူထဲကို ထီးမဆောင်းဘဲထွက်မှနေရောင်နဲ့ထိတွေ့တာမဟုတ်ပါဘူး။နေပူနေချိန်မှာ ကားစီးသွားရင်လည်းနေရောင်နဲ့ထိတွေ့နိုင်သလိုနေရောင်ဝင်နိုင်တဲ့ အခန်းထဲမှာ အလုပ်လုပ်နေတာကလည်းနေရောင်နဲ့ထိတွေ့နိုင်ပါတယ်နော်။ အပြင်ထွက်မှ မဟုတ်ဘဲ အိမ်မှာနေရင်းကလည်းနေလောင်ဒဏ်ခံရနိုင်ပါတယ်။ ဒီတော့ လုံးဝမထိတွေ့ဘဲလည်းနေလို့မရတဲ့နေရောင်ပြဿနာကို ဖြေရှင်းဖို့အကောင်းဆုံးနည်းလမ်းက ဘာဖြစ်မလဲ။နေလောင်ကာခရင်မ်လူးတာလို့ပဲပြောချင်ပါတယ်နော်။ အလှအပအတွက်တင်မဟုတ်ဘဲ ကျန်းမာရေးအတွက်ပါနေလောင်ကာခရင်မ်လူးတာက လုပ်ပေးသင့်ပါတယ်နော်။
နေလောင်ကာခရင်မ်ဆိုတိုင်းလူးလို့ရလား
နေလောင်ကာခရမ်ကိုတော်တော်များများယူဆထားတာကနေလောင်ကာရင်ပြီးတာပဲ မိတ်ကပ်မှ မဟုတ်တာသေချာရွေးစရာမလိုလောက်ဘူးပေါ့။ တကယ်တော့ မဟုတ်ဘူး။နေလောင်ကာခရင်မ်ကလည်းသေချာလေးရွေးမှာနေလောင်ဒဏ်ကနေလည်း ကာကွယ်ရာရောက်ပြီး အသားအရေကိုလည်း ကြည့်ကောင်းစေမှာပါ။
နေလောင်ကာခရင်မ်အဆင်ပြေဖို့ ဘာလို့အရေးကြီးတာလဲ
နေလောင်ကာခရင်မ်အဆင်မပြေတဲ့အခါ ဒီပြဿနာတွေကြုံရနိုင်ပါတယ်နော်။ နေရောင်ကနေကာချင်လို့နေလောင်ကာခရင်မ်လူးတယ်။ ဒါပေမယ့် အသားအရေနဲ့ ကိုက်ညီမှုမရှိတဲ့အခါ
- အဆီပြန်တာ
- ချွေးပေါက်ပိတ်တာ
- ဝက်ခြံထွက်တာ
- မျက်နှာကြီးဖြူဖွေးနေတာမျိုးကြုံရနိုင်ပါတယ်နော်။
အသင့်တော်ဆုံးနေလောင်ကာခရင်မ်ဘယ်လိုရွေးမလဲ
အသင့်တော်ဆုံးနေလောင်ကာခရင်မ်ရွေးဖို့ဆိုရင် မဖြစ်မနေသိဖို့လိုမှာက ကိုယ့်က ဘယ်လိုအသားအရေပိုင်ရှင်လဲဆိုတာပါ။
အသားအရေကို ဒီလိုအမျိုးအစားခွဲထားပါတယ်နော်
- ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်
- အဆီပြန်တဲ့အသားအရေ
- ပေါင်းစပ်အသားအရေ
- ပုံမှန်အသားအရေ
- ထိခိုက်လွယ်တဲ့အသားအရေ ဆိုပြီးရှိပါတယ်။
အသားအရေတစ်ခုချင်းစီမှာ မတူညီတဲ့ဖွဲ့စည်းပုံရှိတာကြောင့် မတူညီတဲ့ အသားအရေထိန်းသိမ်းမှုကို ပြုလုပ်ရပါတယ်။ ဒီတော့ နေလောင်ခံခရင်မ်အသုံးပြုတဲ့အခါမှာလည်း မတူညီနိုင်ဘူးပေါ့။ အသားအရေကို နေရောင်ကြောင့် ပျက်စီးမခံနိုင်တာကြောင့် နေလောင်ကာခရင်မ်လူးချင်ပေမယ့် အသားအရေနဲ့မကိုက်တာရွေးမိရင် ဆိုးကျိုးတွေများဖြစ်လာမလားဆိုပြီး စိတ်ပူနေတဲ့သူတွေများရှိလား။ ဒီနည်းလမ်းလေးတွေနဲ့ဖြေရှင်းလို့ရပါတယ်နော်။ ။
ပူပြင်းတဲ့နေရောင်အောက်မှာ အသားအရေထိခိုက်မှုနည်းစေဖို့ကနေလောင်ကာခရင်မ်လူးတာအပြင် ချည်သား ပွပွချောင်ချောင်လေးတွေဝတ်ပေးတာ၊ရေဓါတ်ပြည့်ဝအောင်သောက်တာ၊ ဦးထုပ်ဆောင်းတာ၊ ထီးဆောင်းတာတွေလုပ်ပေးဖို့လိုပါမယ်။နွေအပူဒဏ်ေကြာင့်ဖြစ်လာမယ့် အရေပြားပြဿနာတွေကို ထိထိရောက်ရောက်ကာကွယ်ပြီး့နွေပူပူမှာ စမတ်ကျကျလေးလန်းနိုင်ပါစေကြောင်း…………………….
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။