ဒီအချက်တွေနဲ့ ကိုက်ညီတဲ့ အသားအရေသုံးပစ္စည်းတွေကို ရွေးချယ်မယ်ဆို BIODERMA ကထုတ်တဲ့ Sensibio Range ထုတ်ကုန်တွေကို အရင်စဉ်းစားသင့်ပါတယ်။ ဥပမာ- ထိခိုက်လွယ်အသားအရေတွေအတွက် အကောင်းဆုံးဦးစားပေးထုတ်လုပ်ထားတဲ့ Micellar နည်းပညာသုံး Sensibio H2O Micellar Water ရှိပါတယ်။ မိတ်ကပ်နဲ့အဆီတွေကို ၉၉ ရာခိုင်နှုန်းသန့်စင်ပေးပြီး မျက်စိနဲ့ မမြင်နိုင်တဲ့ အမှုန်အမွှားငယ်လေးတွေ၊ ဖုန် နဲ့ အညစ်အကြေးတွေကို ၉၈ ရာခိုင်နှုန်းသန့်စင်ပေးနိုင်စွမ်းရှိပါတယ်။ Micellar Water သုံးပြီးရင် မျက်နှာကိုသန့်စင်ပေးဖို့လိုပါမယ်။
အသားအရေကတုံ့ပြန်ထိခိုက်လွယ်မယ်ဆိုရင်တော့ အသားအရေကို အနူးညံ့ဆုံးသန့်စင်ပေးတဲ့ Sensibio Foaming Gel ရှိပါတယ်။ Bioderma ရဲ့ Foaming Gel တစ်မျိုးဖြစ်တဲ့ Sensibio gel moussantက ဆပ်ပြာလုံးဝမပါဝင်တာကြောင့် အသားအရေကို လန်းဆန်းစေပြီး၊ ချောချောမွတ်မွတ်နဲ့ သက်တောင့်သက်သာဖြစ်စေမှာပါ။ အရေပြားရဲ့ pH ပမာဏကို အကောင်းဆုံးထိန်းညှိပေးပြီး အသားအရေကိုခြောက်သွေ့မှုကင်းအောင် အစိုဓာတ်ကိုလည်း အထိရောက်ဆုံးထိန်းပေးနိုင်မှာပါ။ ရနံ့မပါတာကြောင့် ဓာတ်မတည့်မှုဖြစ်မှာကိုလည်း စိုးရိမ်စရာမလိုတော့ဘူးပေါ့။
မျက်နှာသန့်စင်ပြီးရင် တိုနာအတွက် Sensibio Tonique ၊ ရောင်ရမ်းမှုတွေ လျှော့ချပေးပြီး အသားအရေအစိုဓာတ်ထိန်းပေးတဲ့ Sensibio Light သုံးလို့ရပါတယ်။ Sensibio Light ဟာ ထိခိုက်လွယ်အသားအရေအတွက် အရေပြားကုသမှုနည်းပညာသစ် Toléridine™ patent ပါဝင်မှုကြောင့် ခြောက်သွေ့၊ရောင်ရမ်းမှုတွေကင်းတဲ့ ကြည်လင်လှပမှုကို ပေးစွမ်းနိုင်ပါလိမ့်မယ်။ ပြီးရင်တော့ မျက်လုံးလေးလှပစေဖို့အသုံးပြုတဲ့ အလှကုန်တွေကြောင့် အသာအးရေထိခိုက်မှုမဖြစ်စေဖို့အတွက် မျက်လုံးတဝိုက်မှာ ဓာတ်မတည့်မှုဖြစ်တာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ Sensibio Eye လေးကိုလိမ်းပေးပြီး အစိုဓာတ်ဖြည့်ပေးလိုက်ရုံပါ။
ထိခိုက်လွယ်အသားအရေတွေ အတွက်တော့ နိုင်ငံတကာအရေပြားဆရာဝန်တွေရဲ့ထောက်ခံချက်အရ ဘေးကင်းစိတ်ချရတဲ့ Sensibio ထုတ်ကုန်တွေက အသင့်တော်ဆုံးပါပဲ။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။