ကူးစက်နိုင်သော အရေပြားရောဂါများ

အရေပြားရောဂါများသည် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ မှိုပိုးတွေကြောင့် ဖြစ်တတ်ပါတယ်။ ရောဂါသိပ်မဆိုးရင် အိမ်တွင်းကုထုံးများ သုံးနိုင်ပြီး အရေးကြီးရင်တော့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။ ကူးစက်တတ်တဲ့ အရေပြားပြဿနာများအကြောင်းကို ဒီစာမျက်နှာမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်နိုင်သော အရေပြားရောဂါများ

ချွေးစားတာကြောင့် အရေပြားမှိုစွဲနိုင်သလား

ချွေးထွက်တာက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် ရာသီဥတု ပူပြင်းချိန်မှာ ချွေးအရမ်းထွက်တာက အရေပြား ပြဿနာ အပါအဝင် ကျန်းမာရေးပြဿနာ တော်တော်များများကို ဖြစ်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ချွေးထွက်များတာကြောင့် အရေပြား ချွေးစားတာ နဲ့ ချွေးစားက ဘယ်လို နောက်ဆက်တွဲ အရေပြားပြဿနာတွေကို ဖြစ်စေနိုင်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ချွေးစားတယ် ဆိုတာ ချွေးစားတယ် ဆိုတာက ဖြစ်လေ့ဖြစ်ထရှိပြီး ကုသပျောက်ကင်းတဲ့ အရေပြား ပြဿနာပါ။ ဒါပေမယ့် သေချာလေး ဂရုတစိုက် ကုသဖို့တော့ လိုပါမယ်။ ဒီလိုမှ မကုသဘူး ဆိုရင် အရေပြားမှာ ပိုးဝင်ကူးစက်တာတွေ ဖြစ်နိုင်ပါတယ်။ ချွေးစားတာက အရေပြား အတွန့်အခေါက်တွေ ရှိတဲ့နေရာတွေမှာ အဖြစ်များပါတယ်။ ဒီလို အရေပြား အတွန့်အခေါက်တွေ ရှိတဲ့နေရာမှာ အရေပြား အချင်းချင်း ပွတ်တိုက်မိရာကနေ အရေပြားက နီမြန်းပြီး အဖုအပိမ့်တွေ […]

ကူးစက်နိုင်သော အရေပြားရောဂါများ ကို ရှာဖွေမည်။

ကူးစက်နိုင်သော အရေပြားရောဂါများ

အရေပြားယားယံတာ မှိုစွဲနေလို့လား

အရေပြားယားယံတယ်ဆိုတာ အင်မတန်မှ ကသိကအောက်ဖြစ်စရာ လက္ခဏာပါ။ ကုတ်လေ ကုတ်လေ ယားမပြေဖြစ်သလို လူကြားထဲရောက်ရင်လည်း စိတ်အနှောင့်အယှက်ဖြစ်စရာပါ။ အရေပြားယားယံတာ အကြောင်းရင်းတွေက အများကြီး ရှိပါတယ်။ ဥပမာ သာမန်ခြင်ကိုက်ရင်လည်း ယားတတ်ပါတယ်။ အရေပြားပိုးဝင်တာ၊ မှိုစွဲတာတွေ ဖြစ်ရင်လည်း ယားယံတတ်တာပဲ။ နောက်ဆုံး ကျောက်ကပ်ရောဂါ၊ အသည်းရောဂါလို ရောဂါကြီးတွေမှာတောင် ယားတတ်ပါသေးတယ်။ ဒီတော့ အရေပြားယားပြီဆို ဘာကြောင့်လဲဆိုတာ သိဖို့ ခက်ခဲပါတယ်။ အရေပြားယားယံတာ မှိုစွဲနေလို့လား အရေပြားယားယံပြီဆိုရင် ဘာကြောင့်လဲဆိုတာ သိဖို့ ခက်ခဲတယ်ဆိုပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ မိမိမှာ ဖြစ်နေတဲ့ လက္ခဏာတွေကို စစ်ဆေးကြည့်ပြီး ဘာဖြစ်နေလဲဆိုတာ အကြမ်းဖျင်းတော့ ခန့်မှန်းနိုင်ပါတယ်။ အထူးသဖြင့် ပူနွေးစိုစွတ်တဲ့ ရာသီဥတုကို ပိုင်ဆိုင်တဲ့ မြန်မာနိုင်ငံမှာ အရေပြားယားယံတာက မှိုစွဲတာကြောင့် အဖြစ်များပါတယ်။ ခုလို မိုးတွင်းဆို ပိုတောင် ဆိုးပါသေးတယ်။ မှိုစွဲတာက ခန္ဓာကိုယ်ရဲ့ ချွေးထွက်များတဲ့ […]


ကူးစက်နိုင်သော အရေပြားရောဂါများ

အရေပြားမှာ ဖြစ်တဲ့ ကြွက်နို့

ကြွက်နို့ ဆိုတာက လူအတော်များများမှာ ခံစားရနိုင်တဲ့ အရေပြား ပြဿနာတစ်ခုပါ။ ကလေးတွေ၊ ဆယ်ကျော်သက်တွေ၊ လူကြီးတွေ အားလုံးမှာ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ကြွက်နို့ဆိုတာ ဘာလဲ။ ဘာကြောင့် ကြွက်နို့ဖြစ်ရတာလဲ။ ကြွက်နို့ကို ကာကွယ်လို့ရမလားဆိုတဲ့အချက်လေးတွေကို ပြောပြပေးသွားပါမယ်။ အရေပြားမှာ ဖြစ်တဲ့ ကြွက်နို့ ဆိုတာ ကြွက်နို့ဆိုတာက အရေပြားဆဲလ်တွေဟာ human papillomavirus (HPV) ဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် ပုံမှန် မဟုတ်ဘဲ လျင်မြန်စွာ ကြီးထွားလာမှုကြောင့် ခံစားရတဲ့ အရေပြား ပြဿနာ တစ်မျိုးပါ။ လိင်အင်္ဂါမှာ ဖြစ်တဲ့ ကြွက်နို့တွေရှိသလို အရေပြားပေါ်မှာ အထူးသဖြင့် ခြေလက်တွေမှာ ဖြစ်တတ်တဲ့ ကြွက်နို့တွေလည်း ရှိပါတယ်။ ကြွက်နို့တွေက များသောအားဖြင့် လက်ချောင်းလေးတွေ၊ လက်တွေမှာ ပေါက်တာများပါတယ်။ ကြွက်နို့က အရေပြားပေါ်မှာ ခပ်သေးသေး အသားဖုလေးပါ။ ထိခိုက်ရင် ခပ်မာမာရှိပြီး အချို့သော […]


ကူးစက်နိုင်သော အရေပြားရောဂါများ

ကူးစက်နိုင်သည့် အရေပြားရောဂါများ

အရေပြား ဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံး အစိတ်အပိုင်းပါ။ အရေပြားရဲ့တာဝန်က ခန္ဓာကိုယ်ထဲကို ရောဂါပိုးတွေ ကူးစက်တာမျိုး မရှိစေဖို့အတွက် တားပေးဖို့ပါ။ ဒီလိုတားပေးတဲ့ ခံတပ်ဆိုပေမယ့် တစ်ခါတလေမှာ အရေပြားကိုယ်တိုင်ကလည်း ကာကွယ်ရင်း ကူးစက်တတ်တဲ့ ရောဂါပိုးတွေကိုကိုယ်တိုင် ကူးစက်ခံလိုက်ရတဲ့ အခိုက်အတန့်တွေ ရှိပါတယ်။ အရေပြားမှာ ဖြစ်ပေါ်နိုင်တဲ့ ကူးစက်ရောဂါတွေက အမျိုးမျိုးသော ပိုးမွှားတွေကြောင့် ဖြစ်နိုင်သလို ရောဂါလက္ခဏာတွေကလည်း သိပ်မပြင်းထန်တဲ့ အခြေအနေကနေ အရမ်းကို ပြင်းထန်တဲ့ အခြေအနေမျိုးအထိ ဆိုးဝါးနိုင်ပါတယ်။ အရေပြားမှာ ဖြစ်တဲ့ကူးစက်ရောဂါတွေကို သိပ်မပြင်းထန်ဘူးဆိုရင် အလွယ်တကူ ဆေးစာမလိုဘဲ ဝယ်ယူလို့ရတဲ့ ဆေးတွေ သောက်သုံးပြီး ကုသလို့ ရသလို အိမ်တွင်းကုထုံးတွေနဲ့လည်း ကုသလို့ရပါတယ်။ တကယ်လို့ ပြင်းထန်မယ်ဆိုရင်တော့ သေချာလေး ကုသမှု ခံယူဖို့ လိုမှာပါ။   ကူးစက်တတ်သော အရေပြားရောဂါတွေကတော့ အများကြီးပါ။ ကူးစက်တတ်တဲ့အရေပြားရောဂါတွေကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကိုတော့ […]


ကူးစက်နိုင်သော အရေပြားရောဂါများ

Hidradenitis suppurativa ( HS ) ပြည်တည်နာ တစ်မျိုး

Hidradenitis suppurativa ( HS ) ဆိုတာ အရေပြားအောက်မှာ ပြည်ဖုလိုမျိုး နာတဲ့ အဖုသေးသေးလေးတွေ ထွက်လာတာပါ။ ဝက်ခြံနဲ့တူပေမယ့် ဝက်ခြံတော့ ပိုပြင်းထန်ပါတယ်။ ဒီအဖုလေးတွေက ကြာလာရင် ပွင့်ထွက်တာ ဒါမှမဟုတ် အရေပြားအောက်မှာ သူတို့အချင်းချင်း ဆက်ပြီး ပွင့်သွားတာမျိုးတွေ ရှိတတ်ပါတယ်။ လူပျို အပျိုဝင်ချိန်မှာ စဖြစ်တတ်ပြီး နှစ်အတော်ကြာ ဒီတိုင်းလေးရှိနေတတ်ပါတယ်။ မကုဘဲထားရင်တော့ ပိုဆိုးလာတတ်ပါတယ်။ ဒီရောဂါကြောင့် နေ့စဉ်ဘဝမှာ စိတ်ရှုပ်ရတာတွေ၊ နေလို့ထိုင်လို့ မကောင်းတာတွေ ရှိလာနိုင်တာကြောင့် ဆောင်ရန် ရှောင်ရန်လေးတွေ ပြောပြပေးချင်ပါတယ်။ HS ရဲ့ လက္ခဏာများ အဓိက လက္ခဏာကတော့ အရေပြားမှာ နာတဲ့ အဖုလေးတွေ အများကြီး ထွက်လာတာပဲ ဖြစ်ပါတယ်။ အဖြစ်များတဲ့ နေရာတွေကတော့ အရေပြားချင်း ပွတ်တိုက်တဲ့ နေရာတွေ ဖြစ်တဲ့ ချိုင်း […]


ကူးစက်နိုင်သော အရေပြားရောဂါများ

ညှင်း ဖြစ်နေပြီလား..........

အနာအဆာကင်းတဲ့ အရေပြားလေးက ဆွဲဆောင်မှုတိုးစေတဲ့အချက်တစ်ခုပါ။ အရေပြား ကျန်းမာတာက လူတစ်ယောက်ရဲ့ သွင်ပြင်အပေါ်မှာ အများကြီးသက်ရောက်နေတဲ့ အချက်တစ်ခုပေါ့။ ဒီတစ်ခေါက်တော့ လူတော်တော်များများမှာဖြစ်တတ်တဲ့ အရေပြားပြဿနာ တစ်ခုဖြစ်တဲ့ ညှင်း အကြောင်း ပြောပြပေး ချင်ပါတယ်။ ညှင်း ဆိုတာ ညှင်းဆိုတာက အရေပြားမှာ မှိုစွဲတဲ့ ရောဂါတစ်မျိုးပါ။ ညှင်းဖြစ်စေတဲ့မှိုပိုးက အရေပြားပေါ်မှာ ရှိနေတတ်တဲ့ Malassezia မှိုပိုး အမျိုးအစားပါ။ ပုံမှန်အားဖြင့်ကတော့ အရေပြားပေါ်မှာ သာမန်မျက်လုံးနဲ့ မမြင်ရတဲ့ မှိုပိုးနဲ့ ဘက်တီးရီးယားပေါင်း သန်းပေါင်းများစွာရှိနေပါတယ်။  သူတို့က သင့်ကိုယ်တွင်းကို ကူးစက်ရောဂါပိုးတွေ ဝင်ရောက်တာမျိုးမရှိအောင် ကာကွယ်ပေးရင်း အရေပြားပေါ်မှာ အသိုက်ဖွဲ့လို့နေနေတတ်ကြတာပါ။ သူတို့တွေရှိနေလိုပလည်း အချို အန္တရာယ်များတဲ့ ရောဂါပိုးတွေက ကိုယ်တွင်းကို ဝင်ရောက်မလာတာပေါ့။ အရေပြားဆဲလ်တွေ နဲ့ သူတို့လေးတွေက အချင်းချင်း ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ အနေနဲ့ နေထိုင်ရှင်သန်နေကြတာပါ။ ပုံမှန် […]


ကူးစက်နိုင်သော အရေပြားရောဂါများ

ညှင်း သက်သာစေမယ့် အိမ်တွင်းကုထုံး

အရေပြားက ချွေးလေးစိုလာတိုင်းယားတယ်။ ရာသီဥတုလေး ပူလာတိုင်း ယားလာတယ်။ အရေပြားပေါ်မှာလည်း အဖြူအစက်လေးတွေ၊ အသားအရောင်ထပ် ရင့်နေတဲ့ အကွက်လေးတွေ အသားအရောင်ထက်ဖျော့နေတဲ့ အကွက်လေးတွေဖြစ်နေတယ်ဆိုရင် သေချာတာက အရေပြားပြဿနာ တစ်မျိုးဖြစ်တဲ့  ညှင်း  ပြဿနာကို ခံစားနေရတာပါ။ ဒီပြဿနာကို အကောင်းဆုံး ဖြေရှင်းပေးနိုင်မယ့် အိမ်တွင်းကုထုံးလေးတွေအကြောင်း ပြောပြပေးပါရစေ။ ညှင်း သက်သာစေမယ့် အိမ်တွင်းကုထုံး တွေက ဘာတွေများလဲ............ အရေပြားမှာဖြစ်တဲ့ ညှင်း သက်သာစေဖို့ဆိုရင် ဒီနည်းလမ်းလေးတွေကို အသုံးပြုပေးလို့ရပါတယ်။ ညှင်း သက်သာစေမယ့် အိမ်တွင်းကုထုံး များကတော့ ကြက်သွန်နီ မီးဖိုချောင်တော်တော်များများမှာ အလွယ်တကူရနိုင်တဲ့ အိမ်တွင်းဂမုန်းလို့ တင်စားကြတဲ့ ကြက်သွန်နီက အရေပြားပြဿနာ တော်တော်များများကို အကောင်းဆုံး ဖြေရှင်းပေးနိုင်ပါတယ်။ ကြက်သွန်နီမှာ မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ sulfur ဒြပ်ပေါင်းတွေပါဝင်နေပါတယ်။ ဒါကြောင့် ကြက်သွန်နီက ညှင်းကို ဖြစ်စေနိုင်တဲ့ malassezia မှိုပိုးတွေကို […]


ကူးစက်နိုင်သော အရေပြားရောဂါများ

ဝဲဖြစ်လာရင် သေချာကုသသင့်တဲ့အကြောင်းအရင်း

ဝဲဖြစ်လာရင် သေချာကုသသင့်တဲ့အကြောင်းအရင်း က ဘာဖြစ်မလဲ! အချို့သော အရေပြားပြဿနာတွေက အရေပြားပေါ်မှာတင်ပြီးမသွားပါဘူး။ ခန္ဓာကိုယ်တွင်းအစိတ်အပိုင်းတွေကို တစ်နည်းနည်းနဲ့ထိခိုက်စေနိုင်ပါတယ်။ ဒီလိုထိခိုက်စေတဲ့အထဲမှာ အရေပြားရောဂါတစ်မျိုးဖြစ်တဲ့ ဝဲကလည်း အပါအဝင်ပါ။ ဒီဆောင်းပါးလေးထဲမှာ အရေပြားရောဂါတစ်မျိုးဖြစ်တဲ့ ဝဲက ကျန်းမာရေးကို ဘယ်လိထိခိုက်စေနိုင်လဲဆိုတာကိုပြောပြပေးပါရစေနော်။ ဝဲဖြစ်လာရင် သေချာကုသသင့်တဲ့အကြောင်းအရင်း ဝဲဖြစ်လာရင် သေချာကုသသင့်တဲ့အကြောင်းအရင်း က ဘာများဖြစ်မလဲ အတူတူ ကြည့်လိုက်ရအောင်နော်။ ဝဲဆိုတာ...... ဝဲဆိုတာက Sarcoptes scabiei လို့ခေါ်တဲ့ သာမန်မျက်စိနဲ့မမြင်နိုင်တဲ့ အကောင်လေးတွေကြောင့်ဖြစ်ရတာပါ။ အရေပြားမှာယားယံစေနိုင်ပြီး လူတစ်ယောက်ကနေ တစ်ယောက်ကို အလွယ်တကူကူးစက်နိုင်ပါတယ်။ အတူတူထိုင်မိရုံ၊ ထိတွေ့မိရုံနဲ့တင် ကူးစက်နိုင်တဲ့ရောဂါတစ်ခုပေါ့။ ကလေးလေးတွေဆိုရင် အတူဆော့တဲ့သူငယ်ချင်းတွေ၊ တစ်တန်းတည်းအတူတူထိုင်ရတဲ့ သူငယ်ချင်းတွေဆီကနေ အလွယ်တကူကူးစက်နိုင်ပါတယ်။ အဝတ်အစားတွေ မျှဝေဝတ်ဆင်တာကနေလည်း ဝဲကအလွယ်တကူကူးစက်နိုင်ပါတယ်။ နေအိမ်တစ်အိမ်မှာ မိသားစုဝင်တစ်ဦးကို ဝဲကူးစက်ခံလိုက်ရပြီဆိုတာနဲ့ ကျန်မိသားစုဝင်တွေကို အလွယ်တကူကူးစက်နိုင်တာကြောင့် ကြိုတင်ကာကွယ်မှုတွေလုပ်ဆောင်ဖို့လိုပါမယ်။ ဝဲဖြစ်စေတဲ့ အကောင်လေးတွေက လူတစ်ယောက်ဆီကနေတစ်ယောက်ဆီကို အရမ်းမြန်မြန်ဆန်ဆန်နဲ့ကို ကူးစက်နိုင်တာပါ။ အများသုံးပို့ဆောင်ရေးစနစ်တွေကနေတဆင့်လည်း […]


ကူးစက်နိုင်သော အရေပြားရောဂါများ

ကူးစက်မြန် ခြေထောက်မှိုစွဲ ပွေးရောဂါ

ပွေးဆိုတာ အရေပြားချင်း ထိတွေ့ရာမှ ကူးစက်ဖို့ အရမ်းလွယ်ကူတဲ့ ရောဂါတွေထဲက တစ်ခုပါ။ အထူးသဖြင့် ခြေထောက်မှိုစွဲ ရောဂါဆိုရင် အရေပြားချင်း ထိမိရုံသာမက အများသုံး ရေချိုးခန်း၊ အိမ်သာကနေလည်း ကူးစက်နိုင်ပါတယ်။ သူ့ကို ခြေထောက်မှိုစွဲပွေးလို့လည်းခေါ်သလို ခြေထောက် သဲဝဲစားတယ်လို့လည်းခေါ်လို့ရပါတယ်။ ပွေးရောဂါဆိုတာ သိပ်ပြီး စိုးရိမ်စရာ ကျန်းမာရေးပြဿနာတော့ မဟုတ်ပေမဲ့ ခံစားရတဲ့သူအတွက်တော့ ဒုက္ခက မသေးလှပါဘူး။ ယားယံတာကို မနေနိုင်ဘဲ လက်နဲ့ကုတ်မိလိုက်ရင်လည်း အသားက ပွန်းပဲ့ပြီး ပိုးဝင်သွားရင် ပိုပြီးတောင် ကုသဖို့ ခက်သွားနိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံးကတော့ ကိုယ့်မှာ ခြေထောက်မှိုစွဲ ပွေးရောဂါ ရှိနေတယ်လို့ သံသယရှိနေပြီဆိုရင်တော့ အရေပြားဆရာဝန်နဲ့ အမြန်ဆုံး ပြသဖို့ လိုပါတယ်။ ဘာတွေကြောင့် ခြေထောက်မှာ ပွေးပေါက်လာတာလဲ။ ပွေးဟာ ကိုယ်ခန္ဓာနေရာအနှံ့မှာ ပေါက်နိုင်တဲ့ ယားနာတစ်မျိုးပါ။ ဦးရေပြား၊ မျက်နှာ၊ လက်သည်း၊ […]


ကူးစက်နိုင်သော အရေပြားရောဂါများ

ကိုယ်ခန္ဓာပေါ်က ပွေး ကွက်တွေကြောင့် စိတ်ညစ်နေပြီလား

ပွေး ဆိုတာ ဘာလဲ။ အရေပြားပေါ်မှာ ဖြစ်တတ်ပြီး ကူးစက်တတ်တဲ့ မှိုရောဂါတစ်မျိုး (Tinea, Dermatophytosis) ဖြစ်ပါတယ်။ လူတွေမှာသာမက တိရစ္ဆာန်တွေမှာပါ ကူးစက်နိုင်ပါတယ်။ ကူးစက်ခံရတဲ့ အရေပြားပေါ်မှာ စက်ဝိုင်းပုံစံ အနီကွက်ထနေမယ်၊ယားပြီး ဘေးအနားသတ်တွေမှာ ဖောင်းကြွကြွလေး ဖြစ်နေပြီဆိုရင်တော့ သင့်မှာ ပွေး ရှိတယ်ဆိုတာ သေချာနေပါပြီ။ ပွေးဆိုတာ ယောက်ျား၊ မိန်းမ၊ အသက်အရွယ်မရွေး ပေါက်တတ်ပြီး ရှက်တဲ့စိတ်နဲ့ သေချာမကုသဘဲ ပစ်ထားလိုက်မယ်ဆိုရင် ပိုဆိုးတဲ့ အရေပြားရောဂါတွေအပြင် ယားလွန်းလို့ ကုတ်နေရတဲ့ ဘဝကနေလည်း ဘယ်တော့မှ ကျွတ်တော့မှာ မဟုတ်ပါဘူး။ ဒီတော့ ပွေးနဲ့ ပတ်သက်ပြီး သိသင့်တဲ့ အရာလေးတွေ၊ ဘာကြောင့် ပွေးကူးစက်တာလဲ၊ ဘယ်လိုကုသပျောက်ကင်းနိုင်မလဲဆိုတာကို ဒီဆောင်းပါးလေးမှာ ပြောပြပေးချင်ပါတယ်။ ပွေးအမျိုးအစား ဘယ်နှစ်မျိုးရှိလဲ။ ၁။ ဦးရေပြားမှာ ပေါက်တဲ့ ပွေး (Tinea Capitis) ၂။ […]


ကူးစက်နိုင်သော အရေပြားရောဂါများ

ပေါင်ခြံမှာ ပေါက်တဲ့ ပွေး နဲ့ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ

အရွယ်ရောက်ပြီးသူတွေမှာ အဖြစ်များတဲ့ မှိုကြောင့်ဖြစ်တဲ့ အရေပြားရောဂါတစ်မျိုး ဖြစ်ပြီး ပေါင်ခြံတစ်ဝိုက်မှာ အဖြစ်များပါတယ်။ လိင်အင်္ဂါနဲ့ တင်ပါး တစ်ဝိုက်မှာလည်း ပွေး ပေါက်နိုင်ပါတယ်။ ခန္ဓာကိုယ်အရေပြားအနှံ့ မှိုရောဂါပိုး ကူးစက်နိုင်ပြီး ဦးရေပြား၊ မျက်နှာ၊ လက်သည်း၊ ခြေသည်း၊ ခြေထောက်၊ ချိုင်း၊ ပေါင်ခြံ၊ လိင်အင်္ဂါ တစ်ဝိုက်မှာ ကူးစက်နိုင်ပါတယ်။ စက်ဝိုင်းပုံသဏ္ဍာန်ရှိပြီး အနားသတ်တွေက ဖောင်းကြွပြီး နီရဲနေပါတယ်။ ယားယံလွန်းတာကြောင့် မကြာခဏ ကုတ်မိရာကနေ ပိုးဝင်သွားနိုင်ပြီး ရောဂါလက္ခဏာ ပိုဆိုးသွားနိုင်ပါတယ်။ သေချာကုသမှု မခံယူတဲ့အခါမှာ ရောဂါအပျောက်နှေးတာ၊ ဆေးယဉ်သွားတာ၊ ပွေးက နေရာအနှံ့ကို ပျံ့လာတာအပြင် အရေပြားအောက်က တစ်သျှူးကိုပါ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ပေါင်ခြံ ပွေး ဖြစ်ရခြင်း အကြောင်းရင်း ပူနွေးပြီး စိုစွတ်တဲ့ နေရာတွေ၊ ချွေးမကြာခဏ ထွက်လွန်းတဲ့ နေရာတွေမှာ ပိုပြီး ပေါက်ဖွားဖို့ လွယ်ကူပါတယ်။ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း