backup og meta

ပွေးရှိရင် ဘာတွေ မစားရဘူးလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 28/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပွေးရှိရင် ဘာတွေ မစားရဘူးလဲ

    ပွေး ဆိုတာ အရေပြားမှာ မှိုစွဲတာကြောင့် ဖြစ်တဲ့ အရေပြား ပြဿနာ တစ်မျိုးပါ။ ဘေဘီလေးတွေ ကစလို့ ဘိုးဘိုးဘွားဘွားတွေအထိ အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ အရေပြားရောဂါတော်တော်များများက အစားအသောက် ဂရုစိုက်ဖို့ လိုတာမျိုးလည်း ရှိပါတယ်။ ဒီတစ်ခေါက်တော့ အဖြစ်များတဲ့ အရေပြားပြဿနာ တစ်ရပ်ဖြစ်တဲ့ ပွေးရှိရင် ဘာတွေ မစားရဘူးလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။

    ပွေး ဆိုတာ

    ပွေး ဆိုတာက အရေပြားပေါ်မှာ ဖြစ်တတ်ပြီး ကူးစက်တတ်တဲ့ မှိုရောဂါ တစ်မျိုးပါ။ ကူးစက်နှုန်းလည်း မြန်ပါတယ်။ ပွေးက လူတွေမှာတင် ဖြစ်တတ်တာမဟုတ်ပါဘူး။ တိရစ္ဆာန်လေးတွေမှာလည်း ဖြစ်တတ်ပါတယ်။

    ပွေးကူးခံရပြီဆိုရင် အရင်ဆုံး အရေပြားပေါ်မှာ ခပ်ဝိုင်းဝိုင်း အကွက်လေး ဖြစ်လာပါမယ်။ အကွက်လေးက နီရဲနေပြီး ဘေးအနားသတ်လေးတွေက ဖောင်းကြွကြွလေး ဖြစ်နေမယ်။ အတွင်းအရေပြားက အနားသတ်ထက် ချိုင့်နေမယ်။ ရက်နည်းနည်း ကြာတဲ့အခါ အနားသတ်လေးတွေမှာ အရည်ကြည်ဖုလေးတွေလို ဖြစ်လာမယ်။ ယားယံမယ်။ စပ်ဖျဉ်းဖျဉ်း နာကျင်တာမျိုး ဖြစ်နိုင်ပါတယ်။

    ပွေးရှိရင် ဘာတွေ မစားရဘူးလဲ

    ပွေးရှိရင် ဘာတွေ မစားရဘူးလဲ

    ပွေး ရှိနေတဲ့အခါ ပွေး သက်သာစေဖို့ နဲ့ ပွေးကြောင့် အရေပြား ယားယံတာကို သက်သာစေဖို့အတွက် ဒီအစားအစာလေးတွေကို ရှောင်ဖို့ လိုပါမယ်။ ပွေး ရှိရင် ဘာတွေ မစားရဘူးလဲ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။

    ဘာတွေ ရှောင်ရမလဲ

    ပွေး ရှိနေမယ်ဆိုရင် နေ့စဉ် စားသုံးမှုမှာ ဒါတွေ မပါအောင် ဂရုစိုက်ပေးပါ။

    • နို့ နဲ့ နို့ထွက်ပစ္စည်းတွေ – နွားနို့၊ နို့ခဲ၊ ချိစ် စတာတွေက အရေပြား ကျန်းမာရေးကို ပိုဆိုးစေပြီး ပွေးကြောင့် ယားယံတာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ပွေးရှိနေရင် အကျိုးပြု ဘက်တီးရီးယားလေးတွေ ပါဝင်နေတဲ့ ဒိန်ချဉ်ကလွဲလို့ ကျန်တဲ့ နို့ထွက်ပစ္စည်းတွေကို ခဏရှောင်ထားရပါမယ်။
    • သကြား – သကြားက အရေပြားမှာ မှိုပိုးဖြစ်စေဖို့ အားပေးသလို အရေပြားပြဿနာတွေကို ပိုဆိုးစေနိုင်ပါတယ်။ အထူးသဖြင့် ဖရက်တို့စ် ပါဝင်မှုများတဲ့ သကြားဖြည့်သွင်း ထုတ်လုပ်ထားတဲ့ ပြုပြင်ထားတဲ့ အစားအစာတွေပါ။ အချိုရည်တွေ၊ အသင့်ဖျော်စပ်ပြီးသား သစ်သီးဖျော်ရည်ဘူးတွေနဲ့ အချိုကဲတဲ့ အစားအစာတွေက ပွေးကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ပွေးရှိနေမယ်ဆိုရင် အချိုလျှော့စားပါ။ ဖြစ်နိုင်ရင် ရှောင်ပါ။
    • ကစီဓာတ် – ဆန်၊ ပါစတာ၊ ပေါင်မုန့်၊ ဆီရီယယ်၊ ပဲအမျိုးမျိုး၊ ပြောင်းဖူး၊ အာလူးတို့လိုမျိုး ကစီဓာတ်များတဲ့ အရာတွေ ပွေးကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာ ပွေး တစ်မျိုးမျိုး ပေါက်နေမယ်ဆိုရင် ကစီဓာတ် ပါဝင်မှု များတာတွေကို ခဏလောက် ရှောင်ဖို့ လိုပါမယ်။ ထမင်းကတော့ အဓိက စားစရာဖြစ်တာကြောင့် ရှောင်ဖို့ ခက်မှာ ဖြစ်တဲ့အတွက် လျှော့စားပါ။
    • သန့်စင်ထားတဲ့ ကာဗိုဟိုက်ဒရိတ် – ပေါင်မုန့်အဖြုလိုမျိုး သန့်စင်ထားတဲ့ ဂျုံနဲ့ လုပ်ထားတဲ့ အစားအစာတွေက ပွေးကို ပိုဆိုးစေနိုင်ပါတယ်။ ဒါ​ကြောင့် အရေပြားမှာ ပွေးဖြစ်နေတယ်ဆိုရင် ပေါင်မုန့်ဖြူ အစား ဂျုံကြမ်းပေါင်မုန့်၊ ဆန် အစား ဆန်လုံးညို၊ အသင့်ထုတ် ဆီရီယယ် အစား အုတ်ဂျုံကို ကြိတ်ခွဲထားတဲ့ ဆီရီယယ်ကို ရွေးချယ်ပေးပါ။

    ဘာတွေ စားရမလဲ

    • ဗီတာမင် A နဲ့ ဗီတာမင် E ကြွယ်ဝတဲ့ အစားအစာတွေ – ပွေးသက်သာစေဖို့ဆိုရင် ကိုယ်ခံအား ကောင်းစေဖို့ အားဖြည့်ပေးမယ့် စားစရာတွေကို စားဖို့ လိုပါမယ်။ ဒါကြောင့် ကိုယ်ခံအားကို အားဖြည့်ပေးပြီး ပွေးသက်သာစေဖို့ဆိုရင် ကိုက်လန်၊ တရုတ်နံနံ၊ ဟင်းနုနွယ်၊ မုန်လာဥနီ၊ ငရုတ်ပွ လိုမျိုး ဗီတာမင် A ကြွယ်ဝတဲ့ အသီးအရွက်တွေ၊ ပဲနီလေး၊ သံလွင်ဆီ၊ နေကြာဆီ၊ နှမ်း၊ အယ်လ်မွန်တို့လိုမျိုး ဗီတာမင် E ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးပေးပါ။
    • အကျိုးပြု ဘက်တီးရီးယား – ဒိန်ချဉ်၊ ချဉ်ဖတ်၊ ကင်မ်ချီ၊ အချဉ်စိမ်ထားတဲ့ အစားအစာတွေက အကျိုးပြုဘက်တီးရီးယားတွေ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်ရဲ့ pH ပမာဏကို ထိန်းညှိပေးပြီး အစာခြေစနစ်ကို ကျန်းမာစေသလို အရေပြားကိုလည်း ကျန်းမာစေပါတယ်။ အကျိုးပြု ဘက်တီးရီးယားလေးတွေ တိုးပွားစေပြီး အရေပြားကစလို့ ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။
    • အိုမီဂါ သရီးကြွယ်ဝတဲ့ အစားအစာ- အိုမီဂါ သရီးဖက်တီးအက်စစ် ကြွယ်ဝတဲ့ အစေ့အဆန်တွေ၊ ငါးတွေက အရောင်ကျစေတဲ့ သတ္တိရှိတာကြောင့် မြန်မြန်သက်သာစေနိုင်ပါတယ်။

    သတင်းစကား

    ပွေး သက်သာစေဖို့ အခုလို အစားအစာတွေကို ဂရုစိုက်တာအပြင် ဆေးတွေကို သေချာလိမ်းဖို့လည်း လိုပါမယ်။ ဆေးပတ်လည်အောင် အချိန် မှန်မှန် ဆေးလိမ်းပေးတာက ပွေးကို သက်သာစေဖို့ အထိရောက်ဆုံး နည်းလမ်းဆိုတာ မမေ့ပါနဲ့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 28/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement