ကြွက်နို့ ဆိုတာက လူအတော်များများမှာ ခံစားရနိုင်တဲ့ အရေပြား ပြဿနာတစ်ခုပါ။ ကလေးတွေ၊ ဆယ်ကျော်သက်တွေ၊ လူကြီးတွေ အားလုံးမှာ ခံစားရနိုင်ပါတယ်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon
ကြွက်နို့ ဆိုတာက လူအတော်များများမှာ ခံစားရနိုင်တဲ့ အရေပြား ပြဿနာတစ်ခုပါ။ ကလေးတွေ၊ ဆယ်ကျော်သက်တွေ၊ လူကြီးတွေ အားလုံးမှာ ခံစားရနိုင်ပါတယ်။
ဒီတစ်ခေါက်တော့ ကြွက်နို့ဆိုတာ ဘာလဲ။ ဘာကြောင့် ကြွက်နို့ဖြစ်ရတာလဲ။ ကြွက်နို့ကို ကာကွယ်လို့ရမလားဆိုတဲ့အချက်လေးတွေကို ပြောပြပေးသွားပါမယ်။
ကြွက်နို့ဆိုတာက အရေပြားဆဲလ်တွေဟာ human papillomavirus (HPV) ဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် ပုံမှန် မဟုတ်ဘဲ လျင်မြန်စွာ ကြီးထွားလာမှုကြောင့် ခံစားရတဲ့ အရေပြား ပြဿနာ တစ်မျိုးပါ။
လိင်အင်္ဂါမှာ ဖြစ်တဲ့ ကြွက်နို့တွေရှိသလို အရေပြားပေါ်မှာ အထူးသဖြင့် ခြေလက်တွေမှာ ဖြစ်တတ်တဲ့ ကြွက်နို့တွေလည်း ရှိပါတယ်။ ကြွက်နို့တွေက များသောအားဖြင့် လက်ချောင်းလေးတွေ၊ လက်တွေမှာ ပေါက်တာများပါတယ်။
ကြွက်နို့က အရေပြားပေါ်မှာ ခပ်သေးသေး အသားဖုလေးပါ။ ထိခိုက်ရင် ခပ်မာမာရှိပြီး အချို့သော ကြွက်နို့တွေမှာ အနက်ရောင် အစက်သေးသေးလေးတွေတောင် ရှိနေတတ်ပါတယ်။ ကြွက်နို့လေးတွေက သေးငယ်ပေမယ့် ဆံချည်မျှင် သွေးကြောလေးတွေကို သွေးခဲစေနိုင်ပါတယ်။
ကြွက်နို့ ဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေက များသောအားဖြင့် ကိုင်တွယ်ထိတွေ့မိတာကနေတဆင့် ကူးစက်ကြပါတယ်။ ဗိုင်းရပ်စ်နဲ့ ထိတွေ့မိပြီး ၂ လ ကနေ ၆ လအတွင်းမှာ ကြွက်နို့ ဖြစ်လာတတ်ပါတယ်။
အချို့သော ကြွက်နို့တွေက အန္တရာယ် မရှိသလို အချိန်အတိုင်းအတာ တစ်ခုခုကို ရောက်တဲ့အခါ သူ့အလိုလို ပျောက်သွား တတ်ပါတယ်။ ဒါပေမယ့် အများစုကတော့ ကြွက်နို့ကြောင့် အရှက်ရတာ၊ စိတ်အနှောင့်အယှက် ခံစားရတာတွေကြောင့် ကြွက်နို့ကို သူ့အလိုလို ပျောက်ဖို့ထက် ဖယ်ရှားဖို့ပဲ ရွေးချယ် တတ်ကြပါတယ်။
ပုံမှန်အားဖြင့် ကြွက်နို့တွေဟာ လက်တွေ လက်ချောင်းတွေမှာ ဖြစ်တတ်ပါတယ်။ မြင်သာတဲ့ လက္ခဏာတွေ အနေနဲ့
ကြွက်နို့တွေက များသောအားဖြင့် ထိခိုက်စေတာမျိုး မရှိပေမယ့် အခုလို အခြေအနေဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုပါမယ်။
ကြွက်နို့ ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းကတော့ human papillomavirus (HPV) ဗိုင်းရပ်စ် ကူးစက်ခံရတာကြောင့်ပါ။ ဒီဗိုင်းရပ်စ်က အမျိုးအစား ၁၅၀ ကျော်ရှိပါတယ်။ ဒါပေမယ့် လက်မှာ ကြွက်နို့ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ် အမျိုးအစားကတော့ သိပ်အများကြီး မရှိပါဘူး။
များသောအားဖြင့် HPV ဗိုင်းရပ်စ်တွေက လိင်ဆက်ဆံမှုကနေတဆင့်ပဲ ကူးစက်တာ များပါတယ်။ ကူးစက်နိုင်ခြေ ရှိတဲ့ အခြေအနေတွေကတော့ အရေပြားချင်း ထိတွေ့မိတာ၊ အသုံးအဆောင်တွေ မျှဝေ သုံးစွဲမိတာတွေကနေ တဆင့် ကူးစက်နိုင်ပါတယ်။ ဒီဗိုင်းရပ်စ်က အရေပြားကို ကုတ်ခြစ် ပွန်းပဲ့မိတာကြောင့် အရေပြား ပေါက်ပြဲမှုကနေတဆင့် ကူးစက်နိုင်ပါတယ်။
လူတစ်ယောက်ချင်းစီရဲ့ ကိုယ်ခံအားက HPV ဗိုင်းရပ်စ်ကို တုံ့ပြန်ပုံ မတူကြပါဘူး။ ဒါကြောင့် HPV ဗိုင်းရပ်စ်နဲ့ ထိတွေ့မိတိုင်းလည်း ကြွက်နို့ မဖြစ်နိုင်ပါဘူး။
အခုလိုသူတွေမှာ ကြွက်နို့ ဖြစ်နိုင်ခြေ များပါတယ်။
ဗိုင်းရပ်စ်ကို တုံ့ပြန်ဖို့အတွက် ကိုယ်ခံအား ပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးတဲ့
ကိုယ်ခံအား နည်းနေတဲ့
ကိုယ်ခံအား ကျဆင်းနေတဲ့
ကြွက်နို့ မဖြစ်အောင် ကာကွယ်ဖို့ဆိုရင် အခုလိုလေးတွေ လုပ်ဆောင်ဖို့ လိုပါမယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Aye Thi Mon
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။