ဝက်ခြံက အမြဲပေါက်နေတာမဟုတ်ဘဲ တစ်ခါတစ်လေမှ ပေါက်တာဆိုရင် သင့်မှာဖြစ်နေတဲ့ ဝက်ခြံတွေက ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ပေါက်လိုက်ပျောက်လိုက်ဖြစ်နေတဲ့ ဝက်ခြံတွေကဟော်မုန်းကြောင့်လားဆိုတာသိရစေဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါနော်။
ကိုယ့်မှာ ထွက်နေတဲ့ ဝက်ခြံတွေက ဟော်မုန်းကြောင့် ဖြစ်တာလား………
ဝက်ခြံတွေက အမြဲထွက်နေတာမျိုးမဟုတ်ဘဲ တစ်ခါတစ်လေမှ ထွက်တာဆိုရင်တော့ ဟော်မုန်းကြောင့်ဖြစ်တဲ့ ဝက်ခြံတွေပါ။ ဒီအချက်တွေနဲ့တိုက်ဆိုင်မယ်ဆိုရင်တော့ ဝက်ခြံတွေကဟော်မုန်းကြောင့်ဖြစ်တာပါ။
- ဆယ်ကျော်သက်အရွယ်ဖြစ်နေတာ
အသက် ၂၀ ဝန်းကျင်လောက်ဖြစ်မယ်။ အပျိုဖော်စဝင်ချိန် ဒါမှမဟုတ် လူပျိုဖော်ဝင်ချိန်ဖြစ်နေမယ်၊ ဝက်ခြံတွေလည်းဖြစ်နေမယ်ဆိုရင် ဒါက ကိုယ်တွင်းမှာဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်လာရတဲ့ ဝက်ခြံပါ။
- မေးစေ့နဲ့ မေးရိုးတစ်လျှောက်မှာ ဝက်ခြံပေါက်တာ
ဝက်ခြံက မျက်နှာရဲ့ နေရာအနှံ့မှာပေါက်နိုင်ပေမယ့် မေးရိုးတစ်လျှောက်နဲ့ မေးစေ့ပေါ်မှာ ဝက်ခြံပေါက်နေမယ်ဆိုရင်တော့ ဒါက အခြားအရာတွေကြောင့် ဆိုတာထက်ဟော်မုန်းကြောင့်ဖြစ်တဲ့ ဝက်ခြံတွေပါ။
- တစ်လမှ တစ်ကြိမ်လောက်ပဲဖြစ်လာတတ်တာ
ဝက်ခြံက အမြဲလိုလိုဖြစ်နေတာမဟုတ်ဘဲ တစ်လမှ တစ်ကြိမ်လောက်ပေါက်တာဆိုရင်တော့ ဒါက ကိုယ်တွင်းမှာဟော်မုန်းအပြောင်းအလဲဖြစ်တာကြောင့်ဖြစ်တဲ့ဝက်ခြံတွေပါ။ လေဒီလေးတွေမှာတော့ အထူးသဖြင့် ရာသီသွေးဆင်းချိန်မှာ ဖြစ်တတ်ပါတယ်။
- စိတ်ဖိစီးမှုများနေတာ
စိတ်ဖိစီးမှုများတဲ့အခါ ထွက်လာတဲ့ ကော်တီစောဟော်မုန်းတွေကြောင့်လည်း ဝက်ခြံတွေဖြစ်စေနိုင်ပါတယ်။ အလုပ်ခွင်ဖိအားကြောင့်ဖြစ်ဖြစ်၊ လူမှုရေးကိစ္စတွေကြောင့်ဖြစ်ဖြစ် စိတ်ဖိစီးမှုများနေချိန်မှာ ဝက်ခြံတွေဖြစ်လာမယ်ဆိုရင်တော့ ဒါကဟော်မုန်းကြောင့်ဖြစ်တဲ့ဝက်ခြံတွေပါ။
ကိုယ့်မှာဖြစ်တဲ့ဟော်မုန်းတွေက အခုအခြေအနေတွေနဲ့ သက်ဆိုင်နေမယ်ဆိုရင်တော့ ဒါတွေကဟော်မုန်းကြောင့်ဖြစ်တဲ့ ဝက်ခြံတွေလို့ပြောပါရစေ။
ဟော်မုန်းကြောင့်ဖြစ်တဲ့ ဝက်ခြံတွေကိုသက်သာစေဖို့
ဟော်မုန်းကြောင့် ဝက်ခြံတွေဖြစ်လာတဲ့အခါ ဒီနည်းလမ်းလေးတွေကို အသုံးပြုပြီး သက်သာအောင်လုပ်လို့ရပါတယ်။
ဝက်ခြံကြောင့်ဖြစ်တဲ့ အရေပြားရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။ ဟော်မုန်းကြောင့်ဖြစ်တဲ့ ဝက်ခြံတွေကို သိသိသာသာသက်သာစေနိုင်ပါတယ်။ မျက်နှာသစ်ဆေးတွေ၊ တိုနာတွေမှာ tea tree oil ပါဝင်နေနိုင်ပါတယ်။ ဒီလိုမှမဟုတ်ရင်လည်း ဝက်ခြံပေါ်မှာ tea tree oil ကိုသုံးပေးလို့ရပါတယ်။ တစ်နေ့ကို နှစ်ကြိမ် ပုံမှန်သုံးပေးလို့ရပါတယ်။
- Alpha hydroxy acid (AHAs)
အပင်ကနေရတဲ့ အက်ဆစ်တစ်မျိုးပါ။ သံပရာမျိုးရင်းဝင် အပင်တွေကနေရရှိနိုင်ပါတယ်။ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ချွေးပေါက်တွေကို ပွင့်စေနိုင်ပါတယ်။ ဒီအက်ဆစ်ကို သုံးမယ်ဆိုရင်တော့ နေလောင်ကာခရင်မ်သုံးဖို့ကိုမေ့ထားလို့ မဖြစ်ပါဘူး။
အရေပြားရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ လက်ဖက်စိမ်းရေနွေးကြမ်းသောက်ပေးလို့ရပါတယ်။ လက်ဖက်စိမ်းရေနွေးကြမ်းနဲ့ ဝက်ခြံကိုလိမ်းပေးလို့လည်းရပါတယ်။
ဘာတွေစားလို့ ဘာတွေရှောင်မလဲ…………..
အစားအသောက်ကလည်း ဝက်ခြံပေါ်မှာတော်တော်လေးသက်ရောက်မှုရှိပါတယ်။ ဝက်ခြံကိုသက်သာစေပြီး အရေပြားရောင်ရမ်းမှုကို သက်သာစေဖို့ဆိုရင် ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝတဲ့ အပင်ထွက်စားသောက်ကုန်တွေကို စားပေးသင့်ပါတယ်။နောက်တစ်ခုက အရေပြားကျန်းမာရေးအတွက် အရေးပါတဲ့Omega-3 fatty acid ပါ။
ဒီအစားအစာတွေကိုတော့ မစားသင့်ပါဘူး
- အချိုများတဲ့ အစားအစာတွေ
- နို့နဲ့နို့ထွက်ပစ္စည်းတွေ
- သန့်စင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်တွေ
- အနီရောင်အသားတို့ကိုဖြစ်နိုင်ရင်လျှော့စားတာကောင်းပါမယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။