ဝက်ခြံ

ဝက်ခြံ သည် အဖြစ်များသည့် အရေပြားပြဿနာ ဖြစ်သည့်အတွက် ဝက်ခြံမဖြစ်အောင် နေထိုင်သားသောက်ပုံများ၊ ဝက်ခြံအမာရွတ်သက်သာအောင် ကုသနည်းများကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဝက်ခြံ

ဝက်ခြံအတွက် အသုံးမပြုသင့်တဲ့ အိမ်တွင်းနည်းလမ်းများ

အိမ်တွင်းနည်းလမ်းဆိုတာက သဘာဝပစ္စည်းတွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေကို ဆိုလိုတာပါ။ Home remedies တွေပေါ့။ ဒါတွေက သဘာဝကရတယ်ဆိုပေမယ့် အန္တရာယ်ကင်းတာတော့ မဟုတ်ပါဘူး။ အထူးသဖြင့် ဝက်ခြံထွက်လာတဲ့အခါ ဝက်ခြံကို အိမ်ကရှိတဲ့ ပစ္စည်းတွေနဲ့ ဟိုတို့ ဒီအုံလုပ်တတ်သူတွေအတွက် ဝက်ခြံအတွက် အသုံးမပြုသင့်တဲ့ အိမ်တွင်းနည်းလမ်းများ က ဘာတွေလဲဆိုတာ သိထားဖို့ လိုပါတယ်။ ဝက်ခြံအတွက် အသုံးမပြုသင့်တဲ့ အိမ်တွင်းနည်းလမ်းများ (၁) သွားတိုက်ဆေး ဝက်ခြံပေါ်လာရင် သွားတိုက်ဆေးတို့တာက လူကြီးတွေလက်ထက်တည်းက လုပ်လာတဲ့ အကျင့်တစ်ခုပါ။ ပိုးသေစေတယ်ဆိုတဲ့ ယူဆချက်ပေါ့။ တချို့ လေ့လာချက်တွေအရလည်း Triclosanလို့ခေါ်တဲ့ ဓာတုပစ္စည်းက ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားကို သေစေတယ်ဆိုတဲ့ အဆိုပြုချက်တွေလည်း ရှိနေပါတယ်။ တကယ့်လက်တွေ့မှာတော့ Triclosanကို ရေရှည်အသုံးပြုမယ်ဆိုရင် စိတ်ချရမှုနဲ့ ပိုးသတ်ဆေး ယဉ်ပါးတာတွေ ဖြစ်နိုင်လို့ US အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနက ၂၀၁၇မှာ ဆပ်ပြာ၊ သွားတိုက်ဆေး […]

ဝက်ခြံ ကို ရှာဖွေမည်။

ဝက်ခြံ

ယားယံတဲ့ ဝက်ခြံတွေကို သက်သာစေဖို့

ဝက်ခြံ ဆိုတာက အဖြစ်များတဲ့ အရေပြား ပြဿနာ ဖြစ်သလို ဝက်ခြံ မဖြစ်ဖူးသူကလည်း မရှိသလောက်ပါ။ ဆယ်ကျော်သက်တွေမှာဆိုရင်တော့ အပျိုဖော်ဝင်ချိန်မှာ ဝက်ခြံဖြစ်တာကို ကြုံဖူးကြပါတယ်။ အပျိုဖော် လူပျိုဖော် ဝင်ချိန်မှာ ဝက်ခြံ ပြဿနာနဲ့ တော်တော်လေး လုံးပန်းရတဲ့ ကာလပါ။ ဒီတစ်ခေါက်တော့ ယားယံတဲ့ ဝက်ခြံတွေကို သက်သာစေဖို့ ဘာတွေ လုပ်ဆောင်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။  ဝက်ခြံ ဆိုတာ ဝက်ခြံ ဆိုတာက အရေပြား ပြဿနာ တစ်ခုပါ။ အရေပြားက ဂလင်းတွေ နဲ့ မွေးညင်းအိတ်တွေကို ရောင်ရမ်းစေပြီး အရေပြားမှာ အဖုအပိမ့်တွေ ထွက်စေတာပါ။ ဝက်ခြံက အခုလို အခြေအနေတွေကြောင့် ဖြစ်နိုင်ပါတယ်။ အဆီပြန်လွန်းတာ၊ အရေပြားပေါ်မှာ ရှိတဲ့ အဆီဂလင်းတွေက အဆီတွေ ထွက်ရှိမှု များနေတာ အရေပြားပေါ်က ချွေးပေါက်တွေမှာ အညစ်အကြေးတွေ၊ […]


ဝက်ခြံ

Probiotics က ဝက်ခြံသက်သာစေမယ့် အဖြေများလား!

Probiotics လို့ ပြောလိုက်ရင် အစာအိမ်အူလမ်းကြောင်းကို ကျန်းမာစေတယ်လို့ပဲ အများက သိထားကြတာပါ။ တကယ်ကတော့ probiotics တွေက အစာခြေစနစ်ကိုတင် ကျန်းမာစေတာ မဟုတ်ဘဲ လူတစ်ယောက်ရဲ့ သွင်ပြင်အတွက် အရေးပါတဲ့ အသားအရေ ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။ အရေပြားကို အတွင်းပိုင်းကနေစပြီး လှပစေဖို့ ထိထိရောက်ရောက် အားဖြည့်ပေးနိုင်ပါသတဲ့။ ဒီလိုဆို လူတော်တော်များများ ကြုံတွေ့နေရတဲ့ ဝက်ခြံပြဿနာ ပြေလည်စေဖို့ရော probiotics ကို အားကိုးလို့ရမလားဆိုပြီး သိချင်နေတဲ့သူလေးတွေ ရှိလား။ ဒါဆိုရင်တော့ Probiotics က ဝက်ခြံသက်သာစေမယ့် အဖြေများလား ဆိုတဲ့ မေးခွန်းလေးကို အဖြေထုတ်ပေးထားတဲ့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ Probiotics နဲ့ ဝက်ခြံအကြောင်းကို မပြောခင် Probiotics အကြောင်းလေးကနေစပြီး သိထားဖို့ လိုမယ့် အချက်လေးတွေကို ရှင်းပြပေးပါမယ်။ Probiotics ဆိုတာ ဘာလဲ Probiotics […]


ဝက်ခြံ

အငန် အစားများရင် ဝက်ခြံတွေ ပိုဆိုးလာသလား

ငါးပိရည်လေး စားချင်လို့၊ ငါးပိထောင်းလေး စားချင်လို့ဆိုပြီး စားလိုက်မိရင်ဖြစ်ဖြစ်၊ သရက်သီးကို ငံပြာရည်လေးနဲ့ဖြစ်ဖြစ် စားလိုက်မိပြီဆိုရင်တော့ မျက်နှာပေါ်မှာ ဝက်ခြံတွေ တစ်လုံးပြီး တစ်လုံး အဆက်မပြတ် ထွက်လာတာ ကြုံဖူးကြမယ်ထင်ပါတယ်။ ဒါဆိုရင် ဘာလို့များ အငန်စားလိုက်မိရင် ဝက်ခြံထွက်လာတာလဲဆိုပြီး သိချင်နေပြီလား ...... ဒါဆိုရင် အငန် အစားများရင် ဝက်ခြံတွေ ပိုဆိုးလာသလား ဆိုတဲ့အကြောင်းလေးကို ပြောပြပေးမယ့် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ အငန် အစားများရင် ဝက်ခြံတွေ ပိုဆိုးလာသလား လေ့လာချက်တွေအရ အငန် အစားများရင် ဝက်ခြံတွေ ပိုဆိုးလာနိုင်ပါတယ်။ အကြောင်းကတော့ ဆား အစားများတာ၊ အငန်ပါတာတွေကို စားတာက ခန္ဓာကိုယ်မှာ ရောင်ရမ်းတာတွေကို ဖြစ်စေနိုင်တာကြောင့်ပါ။ သာမန်အချိန်တွေဆို ပြဿနာမရှိပေမဲ့ လောလောလတ်လတ်မှာ ဝက်ခြံထွက်နေမယ်။ ဝက်ခြံက ရောင်ချင်သလိုလို ဖြစ်နေတယ်ဆိုရင် သတိထားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အငန် ဆားဓာတ်က […]


ဝက်ခြံ

အိပ်ရေးပျက်ရင် ဝက်ခြံထွက်မှာလား

ဝက်ခြံလို့ဆိုလိုက်ရင် လူတိုင်းလိုလို ကြုံဖူးမယ်ဆိုတာ သေချာသလာက်ပဲနော်။ အခုချိန်မှာ ဝက်ခြံ မရှိတော့ဘူးဆိုရင်တောင် အရင်က ဖြစ်ဖူးတယ်ဆိုတဲ့သူရယ်။ အရင်ကတည်းက ပေါက်တာ အခုထိကို မပျောက်ဘူးဆိုတဲ့ သူရယ်။ တစ်ခုခုလေး မှားလိုက်တာနဲ့ ဝက်ခြံက ထွက်လာတော့တာပဲဆိုတဲ့သူရယ်ပါ။ ဝက်ခြံက အဖြစ်အများဆုံး အရေပြား ပြဿနာ တစ်ခုဖြစ်ပြီး အသက်အရွယ်မရွေး အချိန်ရာသီမရွေး ခန္ဓာကိုယ်ရဲ့နေရာအနှံ့မှာ ဖြစ်နိုင်ပါတယ်။ အိပ်ရေးပျက်တဲ့အခါ ဝက်ခြံ ပိုထွက်လာတာကို  ကြုံဖူးမှာပေါ့။ ဒါက တိုက်ဆိုင်မှု သက်သက် မဟုတ်ပါဘူး။ အိပ်ရေးပျက်တာကြောင့် ထွက်လာတဲ့ ဝက်ခြံတွေပါ။ အိပ်ရေးပျက်ရင် ဝက်ခြံထွက်မှာလား …. ဘာကြောင့် ထွက်ရတာလဲဆိုတာကို ဆောင်းပါးလေးထဲ ဖတ်ကြည့်လိုက်နော်။ ဝက်ခြံ ပေါက်လာခြင်း ဖြစ်စဉ် အရေပြားပေါ်မှာ ချွေးပေါက်လေးတွေရှိနေပြီး ဒီချွေးပေါက်လေးတွေမှာ အဆီ၊ ဘက်တီးရီးယား နဲ့ အရေပြားပေါ်က ဆဲလ်သေတွေ၊ ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေ၊ […]


ဝက်ခြံ

ဝက်ခြံ အဖြစ်လွယ်သူတွေအတွက် အသုံးတည့်မယ့် အသားအရေ ထိန်းသိမ်းနည်း

ဝက်ခြံ ဆိုတာ အသက်အရွယ် မရွေး၊ ကျား/မမရွေး ဖြစ်နိုင်ပါတယ်။ အဖြစ်အများဆုံး အရေပြား ပြဿနာ တစ်မျိုးပါ။ ဝက်ခြံက အချိန်မရွေးလည်း ပေါက်နိုင်ပါတယ်။ ဒီလိုဆိုတာနဲ့ ဝက်ခြံက မပျောက်တော့ဘူးလား။ ဝက်ခြံကင်းချင်တယ်ဆိုတဲ့ စိတ်ကူးလေးက စိတ်ကူးသက်သက်ပဲ ဖြစ်တော့မှာလား ဆိုတော့ မဟုတ်သေးပါဘူး။  ဒီစိတ်ကူလေးကို အကောင်အထည် ဖော်နိုင်စေဖို့ ထောက်ကူပေမယ့် ဝက်ခြံ အဖြစ်လွယ်သူတွေအတွက် အသုံးတည့်မယ့် အသားအရေ ထိန်းသိမ်းနည်း ကို မျှဝေပေးချင်ပါတယ်။ ဝက်ခြံ အဖြစ်လွယ်သူတွေအတွက် အသုံးတည့်မယ့် အသားအရေ ထိန်းသိမ်းနည်း ဝက်ခြံ အဖြစ်လွယ်သူတွေအတွက် အသုံးတည့်မယ့် အသားအရေ ထိန်းသိမ်းနည်း ကို မဝေမျှခင် ဝက်ခြံ အကြောင်း နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ ဝက်ခြံအမျိုးအစားတွေက ဘာတွေလဲ ဝက်ခြံကအမျိုးအစားအမျိုးမျိုးရှိပါတယ်။ ဝက်ခြံ အမျိုးအစားကွာခြားမှုအလိုက် အရွယ်အစား၊ အရောင် နဲ့ နာကျင်မှုကလည်း ကွာခြားနိုင်ပါတယ်။ […]


ဝက်ခြံ

ဝက်ခြံတွေ ရောင်နေတာကို သက်သာစေဖို့

ဝက်ခြံတွေ ပေါက်လာရင်ကို အလိုလို စိတ်ညစ်ပါတယ် ဆိုမှ ဝက်ခြံက ရောင်ပါ ရောင်နေပြီဆိုရင် မတော်တဆ မျက်နှာကို ကုတ်မိရင် ဘယ်လောက် နာလဲဆိုတာကို ဝက်ခြံ ဖြစ်ဖူးသူတိုင်း သိမယ် ထင်ပါတယ်။ ဒီလို ဝက်ခြံတွေ ရောင်လို့ နေရထိုင်ရခက်နေသူတွေကို ဘယ်လို သက်သာအောင်လုပ်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေ ပြောပြပေးချင်ပါတယ်။ ကဲ ...... ဝက်ခြံတွေ ရောင်နေတာကို သက်သာစေဖို့ ဘာတွေ လုပ်ရမလဲ ဆိုတာကို ဆောင်းပါးလေးထဲ ဖတ်ကြည့်စေချင်ပါတယ်။ ဝက်ခြံတွေရောင်ရမ်းရတဲ့ အကြောင်းအရင်း ဝက်ခြံတွေ ရောင်ရမ်းရတဲ့ အကြောင်းအရင်းတွေက တစ်ခုမက ရှိနိုင်ပါတယ်။ ချွေးပေါက်တွေ ပိတ်နေလို့ ဆဲလ်သေတွေ များနေလို့ ဘက်တီးရီးယားတွေ ရှိနေလို့ ပိုးဝင်လို့ ဖုန်မှုန့်တွေပိတ်ဆို့နေလို့ လက်နဲ့ ကုတ်ဖဲ့ထားမိလို့ ဝက်ခြံကို ညှစ်ထားလို့ မတည့်တဲ့ skin care တစ်ခုခု […]


ဝက်ခြံ

ဝက်ခြံတွေ ဘာကြောင့် ကောက်ခါငင်ခါ ထွက်လာကြသလဲ

ဝက်ခြံ ဆိုတာက လူတိုင်းလိုလို ဖြစ်တတ်ကြတဲ့ အရေပြား ပြဿနာ တစ်မျိုးပါ။ အဖြစ်အများဆုံး အရေပြား ပြဿနာ ဆိုလည်း မမှားပါဘူး။ ဒါပေမယ့် ဝက်ခြံက အရွယ်တိုင်းမှာ ဖြစ်နေတာ မဟုတ်သလို အချိန်တိုင်း ပေါက်နေတာတော့လည်း မဟုတ်ပါဘူး။ ဝက်ခြံက ဆယ်ကျော်သက် အရွယ်မှာ အဖြစ်များပါတယ်။ များသောအားဖြင့် အသက် ၂၀ ကျော်လာပြီဆိုရင် ဝက်ခြံ ဖြစ်တာက တဖြည်းဖြည်း နည်းလာပါတယ်။ နောက်တစ်ချက်က ဝက်ခြံ ဖြစ်လွယ်တဲ့ အသားအရေ ပိုင်ရှင်တွေက လွဲရင် ပုံမှန် အသားအရေ ရှိသူတွေမှာ သက်လတ်ပိုင်းရောက်မှ ဝက်ခြံပေါက်တာက ဖြစ်ခဲတဲ့ ကိစ္စပါ။ ဒီတစ်ခေါက်တော့ ဆယ်ကျော်သက်လည်း မဟုတ်ပါဘဲနဲ့ ဝက်ခြံတွေ ဘာကြောင့် ကောက်ခါငင်ခါ ထွက်လာကြသလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ https://hellosayarwon.com/skin-health/acne-skin-health/things-that-cause-acne-breakouts-you-dont-know-about/ ဝက်ခြံတွေ ဘာကြောင့် ကောက်ခါငင်ခါ ထွက်လာကြသလဲ ဆယ်ကျော်သက် […]


ဝက်ခြံ

ဝက်ခြံကြောင့် အသားတွေ ယားနေတဲ့အခါ

ဝက်ခြံက လူတိုင်းလိုလို ခံစားနေရတဲ့ အရေပြား ပြဿနာပါ။ ဆယ်ကျော်သက်တိုင်း လိုလို ရှောင်လွဲလို့ မရတဲ့​ အရေပြားပြဿနာပါ။ ဆယ်ကျော်သက်အရွယ် လူပျိုဖော်၊ အပျိုဖော်မဝင်ခင်မှာ ဝက်ခြံ ဖြစ်တာကို အများဆုံး ကြုံတွေ့ရပါတယ်။ အချို့က လူပျိုဖော်၊ အပျိုဖော် ဝင်ပြီးချိန်မှာ သက်သာသွားတတ်ကြပေမယ့် အချို့ကတော့ အရွယ်ရောက်တဲ့ အချိန်ထိ ဝက်ခြံတွေ ဆက်ပေါက်နေတတ်ကြပါတယ်။ ဝက်ခြံထွက်တဲ့အခါ အရေပြားပေါ်က ဂလင်းလေးတွေ၊ မွှေးညှင်းပေါက်လေးတွေ ရောင်ရမ်းတာက ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာပါ။ ဒီတစ်ခေါက်တော့ ဝက်ခြံကြောင့် အသားတွေ ယားနေတဲ့အခါ ဘယ်လို သက်သာအောင်လုပ်မလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ဝက်ခြံ ဘာကြောင့် ဖြစ်ရတာလဲ ......... ဝက်ခြံ ဖြစ်ရတဲ့ အကြောင်းအရင်းက တစ်ခုမက ရှိနေပါတယ်။ အဆီတွေ အများကြီး ထွက်နေတာ အဆီပါတဲ့ အသားအရေ ထိန်းသိမ်းတဲ့ ပစ္စည်းတွေ၊ မိတ်ကပ်တွေ အများကြီး […]


ဝက်ခြံ

ဝက်ခြံကပ်ခွာ တွေကို ဘယ်လိုအသုံးပြုကြမလဲ။

ခုနောက်ပိုင်းမှာ မျက်နှာမှာ ဝက်ခြံထွက်လာပြီဆိုရင် အဝိုင်းလေးတွေ ကပ်ထားကြတာကို တွေ့ဖူးကြမှာပါ။ တချို့ဆို အသားရောင်နဲ့ တစ်ထပ်တည်းမို့လို့ သိပ်တောင် မသိသာပါဘူး။ ဒါလေးတွေကို ဝက်ခြံကပ်ခွာ လို့ ခေါ်ပါတယ်။ ဝက်ခြံကပ်ခွာက တကယ်ပဲ ဝက်ခြံသက်သာစေတာလား။ ဘယ်လိုမျိုး အသုံးပြုရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ဝက်ခြံကပ်ခွာ ဆိုတာ ဝက်ခြံကပ်ခွာဆိုတာ တကယ်တော့ ပလာစတာတစ်မျိုးပါပဲ။ သူ့ထဲမှာ Hydrocolloid လို့ခေါ်တဲ့ Gelatinလို ပစ္စည်းပါဝင်ပါတယ်။ ခုနောက်ပိုင်းမှာတော့ ကပ်ခွာမှာ ဝက်ခြံအတွက် ပိုထိရောက်အောင်ဆိုပြီး salicylic acid လိုမျိုးတွေပါ ထည့်သွင်းလာတာကို တွေ့ရပါတယ်။ https://hellosayarwon.com/skin-health/acne-skin-health/daily-habits-that-worse-blackheads/ ဝက်ခြံကပ်ခွာက ဝက်ခြံကို ဘယ်လိုမျိုး သက်သာစေတာလဲ။ ဝက်ခြံထဲက အဆံတွေကို ထွက်သွားစေတယ်။ ဝက်ခြံကပ်ခွာက ဝက်ခြံပတ်လည်မှာ ရှိနေတဲ့ အရည်တွေ၊ အညစ်အကြေးတွေနဲ့ အဆီတွေကို စုပ်ယူနိုင်ပါတယ်။ စုပ်ယူထားတဲ့ အညစ်အကြေးတွေက ကပ်ခွာမှာ ရှိနေတဲ့ Gelatin […]


ဝက်ခြံ

ဝက်ခြံမညှစ်မိအောင် ဘယ်လိုထိန်းကြမလဲ

ဝက်ခြံမညှစ်မိအောင် ထိန်းရတာက တော်တော်ခက်ပါတယ်။ ကိုယ့်မျက်နှာမှာ သိသာနေတဲ့ အဖုလေးတွေက ညှစ်ပစ်ချင်စရာပါ။ ဒါပေမယ့်လည်း ညှစ်လိုက်လို့ မတော်တဆ ပိုးဝင်သွားရင် ဝက်ခြံပိုဆိုးလာမှာ၊ အမာရွတ်တွေ ကျန်ခဲ့မှာကလည်း ကြောက်ရပါသေးတယ်။ ညှစ်ချင်ပေမယ့် မညှစ်မိအောင် အတင်းထိန်းချုပ်ထားရတာက ဝက်ခြံသမားတွေ မကြာခဏ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုပါပဲ။ ဝက်ခြံမညှစ်မိအောင် ဘယ်လိုထိန်းကြမလဲ ဒီတော့ ဝက်ခြံမညှစ်မိအောင်  ကိုယ့်စိတ်ကိုယ်ကို လှည့်စားဖို့ လိုလာပါပြီ။ ဝက်ခြံက စညှစ်မိရင် နောက်အလုံးတွေပါ ညှစ်မိနိုင်တာကြောင့် ကိုယ့်စိတ်ကိုယ်ထိန်းပြီး ဝက်ခြံပျောက်တဲ့အထိ ငြိမ်ငြိမ်နေသင့်ပါတယ်။ ဝက်ခြံမညှစ်မိအောင် ထိန်းဖို့ ဒီနည်းလမ်းတွေကို လုပ်ကြည့်ရအောင်။ https://hellosayarwon.com/skin-health/acne-skin-health/things-that-cause-acne-breakouts-you-dont-know-about/ ရက်သတ်မှတ်ထားပါ။ ဥပမာ ဒီရက်ကစလို့ ၃ရက်အတွင်း ငါဝက်ခြံမညှစ်ဘူးဆိုတဲ့ ဆုံးဖြတ်ထားလိုက်ပါ။ တစ်ခုရှိတာက ရက်ကို ဝေးဝေးမှာ ထားလေလေ၊ စိတ်မရှည်ဘဲ ညှစ်မိဖို့ များလေလေပါ။ ကိုယ်သတ်မှတ်ထားတဲ့ ရက်ရောက်လို့ ဝက်ခြံမသက်သာသေးဘူးဆိုရင်လည်း စိတ်ဓာတ်မကျပါနဲ့။ ဝက်ခြံသေးသွားတာပဲ။ ရောင်တာလျော့သွားတာပဲဆိုပြီး […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း