လက်သည်းခြေသည်းလေးတွေကလည်း အလှအပအတွက်လိုအပ်တဲ့ အချက်တစ်ခုပါ။ ဒီတော့ လှပတဲ့သူလေးဖြစ်ချင်တယ်ဆိုရင် လက်သည်းခြေသည်းလေးတွေကိုသေချာဂရုစိုက်ဖို့လိုမှာပါ။ ဒီတော့ လှပကျန်းမာတဲ့ခြေသည်းလက်သည်းလေးတွေပိုင်ဆိုင်ဖို့ဆိုရင် လိုက်နာရမယ့် အခြေခံအချက်လေးတွေရှိပါတယ်။
ခြေသည်းလက်သည်းလေးတွေ ခံစားရနိုင်တဲ့ရောဂါတွေ……
ခြေသည်းလက်သည်းလေးတွေမှာလည်းရောဂါပိုးတွေ ကူးစက်မှုကြောင့် ကျန်းမာရေးထိခိုက်စေနိုင်ပါတယ်။
- ခြေသည်းလက်သည်းတွေအရောင်ပြောင်းတာ
- ခြေသည်းလက်သည်းတွေကြွပ်ဆတ်တာ
- ထိခိုက်ကျိုးပဲ့လွယ်တာ
- ခြေသည်းလက်သည်းမှိုပိုးဝင်တာ
- လက်သည်းမှာ အဖြူစက်လေးတွေဖြစ်တာ (လက်သည်းပွင့်တယ်လို့ ခေါ်တတ်ကြပါတယ်)
- လက်သည်းမှာ အစင်းကြောင်းတွေဖြစ်တာ
- လက်သည်းတွေခြောက်နေတာ
- လက်သည်း အဖက်လေးတွေလန်နေတာ
- လက်သည်းခြေသည်းတဝိုက်က အရေပြားလေးတွေ နီမြန်းရောင်ရမ်းနေတာစတဲ့ပြဿနာတွေခံစားရနိုင်ပါတယ်။
ကျန်းမာတဲ့ခြေသည်းလက်သည်းလေးတွေရဲ့ အင်္ဂါရပ်တွေ
ခြေသည်းလက်သည်လေးတွေကျန်းမာလားဆိုတာကို မျက်စိနဲ့ကြည့်ရုံနဲ့ သိနိုင်ပါတယ်။
- ခြေသည်းလက်သည်းလေးတွေက ပန်းရောင်သွေးကြွယ်နေမယ်
- ခြေသည်းပန်းကုံးလေးတွေ၊ လက်သည်းပန်းကုံးလေးတွေရှိမယ်
- လက်သည်းလေးတွေက ပုံမှန်ရှည်တယ်
- လက်သည်းလေးတွေအောင်ခြေမှာ အဖြူရောင်လခြမ်းပုံလေးတွေရှိနေမယ်ဆိုရင်တော့ခြေသည်းလက်သည်းလေးတွေ ကျန်းမာတယ်ဆိုတဲ့ လက္ခဏာတွေပါ။
လက်သည်းလေးတွေ ကျန်းမာစေဖို့ ဘာတွေဆောင်လို့ ဘာတွေရှောင်ရမလဲ………
လက်သည်းလေးတွေကျန်းမာစေဖို့ ဒီအချက်လေးတွေကို သတိထားပေးတာက အကောင်းဆုံးဖြစ်မှာပါ။ လက်သည်းက ပိုးဝင်နိုင်သလို လက်သန့်ရှင်းမှုမရှိရင် ခန္ဓါကိုယ်ကိုလည် ထိခိုက်လာနိုင်တာတွေက အများကြီးပါ။ ဒါကြောင့် အခုပြောပြမယ့် အချက်လေးတွေကိုလိုက်နာလို့ ခြေသည်းလက်သည်းလေးတွေကိုသေချာစောင့်ရှောက်ပေးလိုက်ပါ။
ဒါတွေဆောင်ပါ…..
လက်သည်းတွေကိုခြောက်သွေ့သန့်ရှင်းအောင်ထားပါ – လက်သည်းအောက်မှာ ဘက်တီးရီးယားတွေ ပေါက်ဖွားရှင်သန်မှုကို ကာကွယ်ဖို့အတွက်ပါ။ ရေတွေနဲ့စိုစွတ်နေမှုကလည်း လက်သည်းတွေကို ဖွာထွက်စေနိုင်ပါတယ်။ ဒါကြောင့် လက်သည်းတွေကို အမြဲတမ်းလိုလိုသတိထားပြီးခြောက်သွေ့သန့်ရှင်းအောင် ထားပေးပါ။
လက်သည်းသန့်ရှင်းရေးဂရုစိုက်ပါ – လက်သည်းတွေကို ပုံမှန်ညှပ်ပေးပါ။ လက်သည်းခြေသည်းတွေကို တိပေးပါ။
အစိုဓါတ်ထိန်းပါ – လက်သည်းခြေသည်းလေးတွေကျန်းမာစေဖို့အတွက်လည်း အစိုဓါတ်ထိန်းဖို့လိုပါမယ်။ ဒါကြောင့် လက်သည်းခြေသည်းလေးတွေကို အုန်းဆီ၊သံလွင်ဆီစတဲ့ အစိုဓါတ်ထိန်းပေးတဲ့ အဆီလေးတွေ လူးပေးပါ။
ဒါတွေရှောင်ပါ…….
[embed-health-tool-bmi]