ချောင်းဆိုးလို့များ ဆေးခန်းသွားပြလိုက်ရင် ဆရာဝန်က ချောင်းခြောက် လား၊ ချောင်းစိုလား “သလိပ်ထွက်လား” လို့ မေးလေ့ရှိပါတယ်။ ဘာလို့လည်း ဆိုတော့ ချောင်းခြောက်ဆိုးတာနဲ့ သလိပ်ထွက်တာက ဖြစ်တဲ့ အကြောင်းရင်းလည်း ကွာသလို ကုသနည်းလမ်း ကွာပါတယ်။ ဒါကြောင့် မေးရတာပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon
ချောင်းဆိုးလို့များ ဆေးခန်းသွားပြလိုက်ရင် ဆရာဝန်က ချောင်းခြောက် လား၊ ချောင်းစိုလား “သလိပ်ထွက်လား” လို့ မေးလေ့ရှိပါတယ်။ ဘာလို့လည်း ဆိုတော့ ချောင်းခြောက်ဆိုးတာနဲ့ သလိပ်ထွက်တာက ဖြစ်တဲ့ အကြောင်းရင်းလည်း ကွာသလို ကုသနည်းလမ်း ကွာပါတယ်။ ဒါကြောင့် မေးရတာပါ။
ချောင်းခြောက် လား ချောင်းစိုလား ဆိုတာကို လေ့လာလိုက်ရအောင်နော်။ တကယ်တော့ ချောင်းဆိုးတယ်ဆိုတာ ခန္ဓာကိုယ်ရဲ့ ကာကွယ်ရေး လုပ်ငန်းတစ်ခုပါပဲ။ အသက်ရှူလမ်းကြောင်းထဲကို တစ်ခုခုဝင်လာတဲ့အခါ ဦးနှောက်က အာရုံကြောတွေကနေ တဆင့် ဒီအပစ္စည်းတွေ အပြင်ထွက်သွားအောင်လို့ ချောင်းဆိုးခိုင်းပါတယ်။ အသက်ရှူလမ်းကြောင်းမှာ နဂိုတည်းက အချွဲလွှာရှိပါတယ်။ ရောဂါပိုးဝင်လာတဲ့ အခါ ဒီပိုးကို တိုက်ထုတ်ဖို့ အချွဲလွှာတွေ ပိုထူလာပါတယ်။ ဒါကို သလိပ်လို့ ခေါ်ပါတယ်။ အရပ်အခေါ်တော့ ချောင်းအစို ဆိုးတယ်ပေါ့။ ဒီလောက်ဆိုရင် ချောင်းခြောက်ဆိုးတယ် ချောင်းအစို ဆိုးတယ်ဆိုတာ ဘာလဲလို့ သိလောက်ပါပြီ။ ဆက်ပြီး သူတို့ကို ဖြစ်စေတဲ့ အကြောင်းတွေကို ကြည့်ကြည့်ရအောင်။
ဘယ်ရောဂါတွေမှာ တွေ့ရမလဲ။
အိမ်မှာ ဘာတွေ လုပ်နိုင်လဲ။
ဒါတွေနဲ့မှ မသက်သာရင် ဆရာဝန် သွားပြပါ။ အထူးသဖြင့် ရောဂါအခံ ရှိနေတဲ့ သူတွေ ပိုပြီး သတိထားသင့်ပါတယ်။ ချောင်းလေးဆိုးတာပဲ၊ သလိပ်လည်း ထွက်တာမှ မဟုတ်တာဆိုပြီး မပေါ့ပါနဲ့။စွဲသောက်နေတဲ့ ဆေးတွေ ရှိရင်လည်း ယူသွားပြပါ။
ဘယ်ရောဂါတွေမှာ တွေ့ရမလဲ။
သလိပ်ထွက်တယ်ဆိုတဲ့နေရာမှာလည်း ရောဂါပေါ်မူတည်ပြီး သလိပ်အရောင်တွေ မတူတာကို တွေ့ရပါတယ်။
အိမ်မှာ ဘာတွေ လုပ်နိုင်လဲ။
တကယ်တော့ ချောင်းဆိုးတယ်ဆိုတာ လက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်။ သာမန်လည်း ဖြစ်နိုင်သလို သူ့နောက်မှာ ရောဂါတစ်ခုခု ရှိနေနိုင်ပါတယ်။ ဒါကို ကုရမှာပါ။ ချောင်းဆိုးတာကို ကုရုံနဲ့ ရောဂါမပျောက်ဘူးဆိုတာ သိထားရပါမယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Aye Thi Mon
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။