အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ကျွန်ုပ်တို့ရဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာစေဖို့ အဆုတ်အပြင် တခြားအရာတွေကိုပါ ဂရုစိုက်ရမှာပါ။ အသက်ရှူလမ်းကြောင်းရောဂါတွေကို ဘယ်လိုဂရုစိုက်သင့်သလဲဆိုတာကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

အဆုတ်ပြည်တည်နာ သိကောင်းစရာ

အဆုတ်ပြည်တည်နာ ဆိုတာက တခြားပြည်တည်နာတွေလိုပဲ ပိုးဝင်တာကြောင့်ဖြစ်တဲ့ ပြည်လုံးပါ။ အများစုက ဘက်တီးရီးယားကြောင့်ဖြစ်ပြီး မှိုပိုးတွေ၊ ကပ်ပါးပိုးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဓာတ်မှန်ရိုက်ကြည့်ရင် တွေ့နိုင်ပါတယ်။ များသောအားဖြင့် ပိုးသတ်ဆေးတွေနဲ့ ကုသနိုင်ပါတယ်။ တစ်ခါတလေမှာတော့ ခွဲစိတ်ရတာမျိုး ရှိနိုင်ပါတယ်။ အဆုတ်ပြည်တည်နာ ဖြစ်ရတဲ့ အကြောင်းအရင်း အဆုတ်ပြည်တည်နာက အဆုတ်ကိုယ်တိုင်က ဖြစ်လာတာ ရှိသလို တခြားနေရာကနေ ပြန့်လာတာလည်း ဖြစ်နိုင်ပါတယ်။ ပြည်တည်တာက တစ်ခုတည်းလည်း ဖြစ်နိုင်သလို အများကြီးလည်း ဖြစ်နိုင်ပါတယ်။ အများကြီး ဖြစ်တယ်ဆိုရင်တော့ နမိုးနီးယား ဒါမှမဟုတ် သွေးဆိပ်သင့်တာကြောင့် ဖြစ်နိုင်ပါတယ်။ အဆုတ်ကနေ စဖြစ်တဲ့ ပြည်တည်နာ အဆုတ်ကို တိုက်ရိုက်ထိတဲ့ ရောဂါအများစုက အဆုတ်ပြည်တည်နာကို ဖြစ်စေနိုင်ပါတယ်။ ဥပမာ နမိုးနီးယား အဆုတ်ရောင်ရောဂါ (ဒီထဲမှာ အဖြစ်အများဆုံးက အစာသီးပြီး အဆုတ်ရောင်တဲ့ aspiration pneumonia အမျိုးအစားပါ) ကင်ဆာကျိတ်တွေ - […]

အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ကို ရှာဖွေမည်။

အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

Inhalation Injury (အသက်ရှုလမ်းကြောင်းကို ထိခိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Inhalation Injury (အသက်ရှုလမ်းကြောင်းကို ထိခိုက်ခြင်း) ကဘာလဲ။ မီးလောင်မှုဖြစ်ပွားရာတွင် သေဆုံးရခြင်း၏ အကြောင်းများအနက် လောင်ကျွမ်းရာမှ ထွက်လာသည့် မီးခိုးငွေ့ရှုမိခြင်းကြောင့် အသက်ရှုလမ်းကြောင်းကို ထိခိုက်ပြီး သေဆုံးခြင်းသည် အများဆုံးဖြစ်သည်။ အပူကြောင့် ပစ္စည်းများလျှင်မြန်စွာ လာင်ကျွမ်းခြင်းကို မီးလောင်ခြင်းဟုခေါ်သည်။ မီးခိုးငွေ့ ဆိုသည်မှာ အပူကြောင့်ဖြစ်သော အမှုန်များနှင့် ဓါတ်ငွေ့များပေါင်းစပ်ထားခြင်းဖြစ်ပြီး မီးခိုးငွေ့တွင် ပါဝင်သော အမှုန်များကို မျက်စိနှင့် မမြင်နိုင်ပါ။ ပစ္စည်များ အပူနှင့် ထိတွေ့ရာမှ ဖြစ်ပေါ်လာသော အရာများနှင့် လေထဲမှအောက်ဆီဂျင်များ သည်မီးလောင်သော အခါ မီးခိုးငွေ့ အဖြစ်သို့ပြောင်းလဲသွားသည်။ Inhalation Injury (အသက်ရှုလမ်းကြောင်းကို ထိခိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ မီးလောင်ခြင်းကြောင့် သေဆုံးရသူများ၏ ၅၀- ၈၀ % သည် မီးလောင်နာကြောင့် သေဆုံးခြင်းထက် မီးခိုးငွေ့များကို ရှုမိခြင်းကြောင့် အသက်ရှုလမ်းကြောင်းကို ထိခိုက်ခြင်းကြောင့် သေဆုံးခြင်းပိုဖြစ်ကြောင်းတွေ့ရသည်။ သို့သော် ထိုဖြစ်စဉ်ကို […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

Byssinosis (ဝါဂွမ်းမှုန့်များကြောင့် ဖြစ်သောအဆုတ်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Byssinosis (ဝါဂွမ်းမှုန့်များကြောင့် ဖြစ်သောအဆုတ်ရောဂါ) ကဘာလဲ။ ဝါဂွမ်းမှုန့်များကြောင့် ဖြစ်သောအဆုတ်ရောဂါသည် ဝါဂွမ်း၊ လျှော်နှင့် နှမ်းကြတ်ပင်များပြုလုပ်သော စက်ရုံ အလုပ်ရုံများရှိအလုပ်သမားများတွင် ဖြစ်သောရောဂါဖြစ်ပြီး Monday fever, brown lung disease, mill fever or cotton workers’ lung စသည်ဖြင့် အမျိုးမျိုးခေါ်ဝေါ်ကြသည်။ ထိုရောဂါဖြစ်ပွား မှုနှုန်းသည် ဥရောပတွင် ကျဆင်းလာသော်လည်း ကမ္ဘာအနှံ့တွင်မူ ဖြစ်နှုန်းပိုများလာကြောင်း တွေ့ရသည်။ ထိုရောဂါသည် ချည်ကို အပ်ချည် နှင့် အခြားအသုံးအဆောင်များ ပြုလုပ်သောစက်ရုံများရှိအလုပ်သမားများတွင်သာ တသတ်မတ်တည်းဖြစ်ခြင်း မျိုးမဟုတ်ပါ။ ထိုရောဂါသည် အဖြစ်များသော အဆုတ်ရောဂါမဟုတ်ပါ။ ဝါဂွမ်း၊ လျှော်နှင့် နှမ်းကြတ်ပင်များမှ အမှုန်များကိုရှုမိလျှင်ဖြစ်သောကြောင့် အညိုရောင်အဆုတ်ရောဂါဟုလည်း ခေါ်ကြသည်။ ထိုရောဂါသည် အလုပ်လုပ်ရင်းဖြစ်သောရင်ကျပ်ပန်းနာရောဂါဖြစ်ပြီး အမေရိကတွင်မူ အဓိကအားဖြင့် ဝါဂွမ်းနှင့်အဓိကထိတွေ့ရသော လုပ်သားများတွင် အဖြစ်များပြီး ဝါဂွမ်းထုတ်များကို ဖြေရသည့် ပထမအဆင့်တွင် […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

Chronic Sinusitis (နာတာရှည် လေအိတ်ခေါင်းများရောင်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Chronic Sinusitis (နာတာရှည် လေအိတ်ခေါင်းများရောင်ခြင်း ) ကဘာလဲ။ နာတာရှည် လေအိတ်ခေါင်းများရောင်ခြင်းသည် အဖြစ်များသောရောဂါဖြစ်ပြီး ၎င်းတွင် နှာခေါင်းလမ်းကြောင်းပတ်ပတ်လည်ရှိ လေအိတ်ခေါင်းများ ရောင်ရမ်း ထကြွခြင်းသည် ကုသမှုခံယူနေသော်လည်း ၁၂ ပတ်ထိ ဖြစ်ပွားနိုင်ပါသည်။ နာတာရှည် နှာစေးနှာပိတ်ခြင်းဟုလဲခေါ်ပြီး နှာရည်စီဆင်းခြင်းကိုနှောက်ယှက်ကာ အကျိအချွဲများကို စုပုံစေနိုင်ပါသည်။ နှာခေါင်းပေါက်ဖြင့် အသက်ရှူရခက်နိုင်ပါသည်။ မျက်လုံးပတ်ပတ်လည်နှင့် မျက်နှာတစ်ဝိုက်တွင် ရောင်ခြင်းများ ခံစားရနိုင်ပြီး မျက်နှာနာကျင်ခြင်းများကိုလည်း ခံစားရနိုင်ပါသည်။ နာတာရှည် လေအိတ်ခေါင်းများရောင်ခြင်းသည် ပိုးကူးစက်ခြင်း၊ လေအိတ်ခေါင်းများမှ အသားပိုများ သို့မဟုတ် နှာနုရိုးနေရာလွဲခြင်းတို့ကြောင့် ဖြစ်နိုင်ပါသည်။ ဒီအခြေအနေကို လူငယ်များ သက်လတ်ပိုင်းများတွင် အတွေ့ရများသော်လည်း ကလေးငယ်များတွင်ပါ ဖြစ်တတ်ပါသည်။ Chronic Sinusitis (နာတာရှည် လေအိတ်ခေါင်းများရောင်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ နာတာရှည် လေအိတ်ခေါင်းများရောင်ခြင်း အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

Lung Disease (အဆုတ်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Lung Disease (အဆုတ်ရောဂါ) ကဘာလဲ။ အဆုတ်ရောဂါသည် အသက်ရှုခြင်းကို လုပ်ဆောင်သော အင်္ဂါဖြစ်သည့် အဆုတ်ကို ထိခိုက်စေသော ရောဂါများကို ဆိုလိုသည်။ အဆုတ်ရောဂါကြောင့် ဖြစ်သော အသက်ရှူခက်ခဲခြင်းပြသနာများသည် ခန္ဓါကိုယ်ကို အောက်ဆီဂျင်လုံလောက်စွာမရခြင်းကို ဖြစ်စေသည်။ အဆုတ်ရောဂါများတွင် အောက်ပါတို့ပါဝင်သည်။ -ရင်ကြပ်ရောဂါ၊ နာတာရှည် လေပြွန်ရောင်ခြင်း၊ အဆုတ်ထဲရှိ လေအိတ်ငယ်လေးများ ပျက်စီးခြင်း၊ -တုပ်ကွေး နှင့် နမိုးနီးယားကဲ့သို့သောရောဂါပိုးဝင်ခြင်း -အဆုတ်ကင်ဆာ -Sarcoidosis and pulmonary fibrosis အဆုတ်သည် အောက်ဆီဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ရှူသွင်းရှူထုတ်နိုင်ရန် တစ်နေ့လျင် အကြိမ်များစွာ ဆန့်လိုက်၊ လျော့လိုက်လုပ်ရသည့် အစိတ်အပိုင်းများစွာ ပါဝင်သော အဂါၤတစ်ခုဖြစ်သည်။ အဆုတ်ရောဂါသည် အထက်ပါ အစိတ်အပိုင်းများထဲမှ တစ်ခုခု ပျက်စီးလျင် ဖြစ်နိုင်သည်။ အဆုတ်ရောဂါသည် ကမ္ဘာပေါ်တွင် အဖြစ်အများဆုံးသော ရောဂါများထဲမှ တစ်ခုဖြစ်သည်။ Lung Disease (အဆုတ်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ အဆုတ်ရောဂါ သည် အလွန် […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

Atelectasis (အဆုတ်ပျက်စီးခြင်း သို့ အဆုတ်လေအိတ်ပျက်စီးခြင်း)

Atelectasis (အဆုတ်ပျက်စီးခြင်း သို့ အဆုတ်လေအိတ်ပျက်စီးခြင်း)ဆိုတာဘာလဲ။ Atelectasis ဟာ အဆုတ် (သို့) အဆုတ် ရဲ့ လုံးဝန်းတဲ့ အပိုင်းမှာ လုံးဝ (သို့) အနည်းငယ် ပျက်စီးခြင်းကို ဆိုလိုပါတယ်။ အဆုတ်အတွင်းမှာရှိတဲ့ လေအိတ်ငယ်လေးတွေဟာ လေလျော့ကုန်ပါတယ်။ ခွဲစိတ်မှုအပြီး ဖြစ်နိုင်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ နောက်ဆက်တွဲ ဆိုးကျိုးတစ်ခု ဖြစ်ပါတယ်။ Atelectasis ဟာ အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်တဲ့ cystic fibrosis၊ ပြင်ပ အရာဝတ္ထုတွေကို ရှူမိခြင်း၊ အဆုတ်အကျိတ်များ၊ အဆုတ်အတွင်း အရည်စုပြုံခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ အားနည်းခြင်း၊ ရင်ဘတ်ဒဏ်ရာ ရရှိခြင်း တို့ကြောင့် ဖြစ်ပါတယ်။ Atelectasis (အဆုတ်ပျက်စီးခြင်း သို့ အဆုတ်လေအိတ်ပျက်စီးခြင်း) ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ Atelectasis ဟာ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

Bronchiolitis (အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Bronchiolitis (အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်း ) ကဘာလဲ။ အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်းသည်ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော ဖြစ်လေ့ရှိသည့် အဆုတ်ပိုးဝင်ရောဂါပြီး ဆောင်းရာသီတွင် အဖြစ်များပါသည်။ အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်း ၏ရောဂါလက္ခဏာများသည် အအေးမိခြင်းကဲ့သို့ပင် ချောင်းဆိုးခြင်း၊ တရွှီရွှီမြည်ခြင်း၊ နှင့် အသက်ရှုကျပ်လာခြင်းတို့ တခါတရံဖြစ်နိုင်သည်။ ထိုသို့ဖြစ်လျှင် တခါတရံတွင် ရက်သတ္တပတ်အနည်းငယ်မှ လအထိကြာမြင့်နိုင်ပါသည်။ အများစုသော ကလေးများသည် အိမ်မှာနေပြီး အားမွေးလျှင်ပျောက်ကင်းသွားသော်လည်း အချို့မှာ ဆေးရုံတင်ရန်လိုအပ်သောအခြေအနေများ ဖြစ်လာနိုင်ပါသည်။ အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်း ၏နောက်ဆက်တွဲဆိုးကျိုးများမှာ အောက်ဆီဂျင်လုံလောက်စွာ မရခြင်းကြောင့် နှုတ်ခမ်းနှင့် အသားများပြာလာခြင်း အသက်ရှုရပ်သွားခြင်း (လမစေ့ဘဲမွေးသော ကလေးများနှင့် ၁လအောက်ကလေးများတွင် အဖြစ်များသည်။) ရေဓါတ်ခမ်းခြောက်ခြင်း သွေးထဲတွင် အောက်ဆီဂျင်နည်းခြင်း နှင့် အသက်ရှုလုပ်ငန်းများရပ်သွားခြင်း တို့ဖြစ်သည်။ Bronchiolitis (အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်း ) က ဘယ်လောက်အဖြစ်များသလဲ အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်း သည် အလွန်အဖြစ်များသောရောဂါဖြစ်ပါသည်။ ကလေးငယ်များနှင့် ၁ နှစ်အောက်ကလေးများတွင် အဖြစ်များသော်လည်း အသက်အရွယ်မရွေးဖြစ်နိုင်ပါသည်။ သို့သော် ရောဂါဖြစ်စေသောအကြောင်းများကို သေချာစွာသိလျှင် ကာကွယ်နိုင်သောကြောင့် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။ လက္ခဏာများBronchiolitis (အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်း ) […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

Adenoiditis (လည်ချောင်းပသိရောင်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Adenoiditis (လည်ချောင်းပသိရောင်ခြင်း ) ကဘာလဲ။ လည်ချောင်းပသိဆိုသည်မှာ တစ်ရှူးအစုအဝေးတစ်ခုဖြစ်ပြီး အာသီးနှင့်အတူ တွဲလျက်ရှိပါသည်။ ၎င်းသည် ပါးစပ်နှင့် နှာခေါင်းမှ ဖြတ်သွားသော အန္တရာယ်ရှိသည့် ပိုးမွှားများကို ဖမ်းယူထားခြင်းဖြင့် သင့်ကျန်းမာရေးကို အထောက်အကူ ပြုပါသည်။ သင်၏လည်းချောင်းပသိသည် ရောဂါပိုးများကိ တိုက်ထုတ်ရာတွင်ကူညီသောပဋိပစ္စည်းများကိုလဲ ထုတ်လုပ်ပေးပါသည်။ အာသီးနှင့်မတူသည်မှာ လည်းချောင်းပသိသည် ပါးစပ်ဟလိုက်သည်နှင့် မြင်ရမည်မဟုတ်ပါ။ အာသီးနှင့်အတူ လည်းချောင်းပသိသည် ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်များကိုကာကွယ်သော ကနဦးခံတပ်များ ဖြစ်ကြပါသည်။ လည်ချောင်းပသိရောင်ခြင်းသည် လည်းချောင်းပသိအား ပိုးဝင်သောကြောင့် ရောင်ခြင်းဖြစ်သည်။ ရောင်ပြီးကြီးလာသော လည်းချောင်းပသိ– လည်ချောင်းပသိရောင်ခြင်း– သည် အသက်ရှူရခက်ခဲစေပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများကို ပြန်ထစေနိုင်ပါသည်။ လည်ချောင်းပသိရောင်ခြင်း၏ နောက်ဆက်တွဲပြဿနာ များစွာကို ခံစားရနိုင်သည်။ နောက်ဆက်တွဲပြဿနာများသည် လည်ချောင်းပသိတစ်ရှူးများ အချိန်ကြာမြင့်စွာ ရောင်ရမ်းခြင်းမှ သို့ ပြင်းထန်စွာရောင်ခြင်းမှ ဦးခေါင်းနှင့် လည်ပင်းရှိ တခြားနေရာများကို ပြန့်သွာခြင်းကြောင့် ဖြစ်ရခြင်းဖြစ်သည်။ နားကူးစက်ရောဂါ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

အပြောင်းအလဲမြန် ရာသီဥတုနဲ့ အဲယားကွန်း

အပြောင်းအလဲမြန် ရာသီဥတုနဲ့ အဲယားကွန်း လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက အဲယားကွန်းဆိုတာကို အသုံးပြုတဲ့နေရာကလက်ချိုးရေလို့ရပါတယ်။ အခုချိန်မှာတော့ အဲယားကွန်းက အလုပ်ခွင်တွေနဲ့ရုံးတွေအိမ်တွေမှာတင်မဟုတ်ဘဲ ဈေးဝယ်စင်တာတွေ၊ပြဇာတ်ရုံ တွေ၊ ဆေးရုံတွေ၊ကုသရေးစင်တာတွေအပြင် အိမ်စီးကားတွေနဲ့အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်တွေမှာ ပါမရှိမဖြစ်ထည့်သွင်းလာရတဲ့ အရာတစ်ခုလိုတောင်ဖြစ်လာပြီဖြစ်ပါတယ်။ အဲယားကွန်းကအေးလွန်းတာကြောင့် အချို့သူတွေမှာ ကျန်းမာရေးပြဿနာတွေတွေ့ကြုံရတာမျိုးရှိပါတယ်။ အဲယားကွန်းကဆိုးကျိုးတွေပဲပေးတယ်ရယ်လို့တော့မဟုတ်ပါဘူး။ အဲယားကွန်းကအပူဒဏ် ကိုမခံစားမိအောင် လုပ်ဆောင်ပေးတာကြောင့် ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာပေါ့ပါးလန်းဆန်းမှုကိုရရှိစေပြီး အလုပ်ခွင်မှာ တက်ကြွလန်းဆန်းနေစေသလို အလုပ်လုပ်နိုင်စွမ်းကိုတိုးတက်စေပါတယ်။ အေးမြတဲ့ခံစားမှုက ပိုးမွှားတွေနဲ့ ဘက်တီးရီးယားတွေရှိနေမှုကိုလျော့ပါးစေနိုင်သလို ချွေးထွက်နည်းစေတာကြောင့်ရေဓါတ်ဆုံးရှုံးမှုကိုလည်း လျှော့ချ ပေးနိုင်တဲ့အပြင် သန့်စင်တဲ့အဲယားကွန်းစနစ်က ဓါတ်မတည့်စေတဲ့အရာတွေနဲ့ ထိတွေ့နိုင်ခြေကိုလျှော့ချပေးပါတယ်။ အဲယားကွန်းတပ်ဆင်ထားတဲ့အနေအထားကကောင်းမွန်နေမယ်ဆိုရင် သန့်စင်တဲ့လေကိုရရှိ နိုင်မှာဖြစ်ပါတယ်။ ရာသီဥတုက ပူပြင်းလာပြီဆိုတာနဲ့ပဲ အများစုက အပူဒဏ်သက်သာပြီး သက်တောင့်သက်သာ အလုပ်ပိုလုပ်နိုင်တဲ့ လေအေးပေးစက်တပ်ဆင်ထားတဲ့အခန်းမှာပဲ နေချင်ကြပါတယ်။ ဒါပေမယ့် လေအေးပေးစက် တွေက လူ့ကျန်းမာရေးအတွက် မကောင်းတဲ့သက်ရောက်မှုတွေ ရှိလာစေနိုင်တာကို သိဖို့လိုပါတယ်။ ဒီလိုသိထားပြိဆိုရင် လေအေးပေးစက်တွေကိုအကျိုးရှိရှိ အသုံးချပြီး အန္တရာယ်ထိခိုက်မှု နည်းပါးအောင် […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

Acute Respiratory Distress Syndrome (ARDS) (အသက်အန ္တရာယ်ရှိသော ပြင်းထန်သည့် အဆုတ်ပြဿနာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်acute respiratory distress syndrome (ARDS) ဆိုတာဘာလဲ။ အဆုတ်ရဲ့ လေအိတ်ကလေးတွေထဲမှာအရည်တွေပြည့်လာတာကြောင့်အသက်ကောင်းကောင်းရှုလို့မရတော့ဘဲအကျိုးဆက်အနေနဲ့သင့်ခန္ဓါကိုယ်အင်္ဂ ါတွေ အောက်ဆီဂျင်ကောင်းစွာမရတော့တဲ့အရေးပေါ်အခြေအနေတစ်ရပ်ကို acute respiratory distress syndrome (ARDS) လို့ခေါ်ပါတယ်။ အသည်းအသန် လူနာတွေမှာ ဒီအခြေအနေဖြစ်ပေါ်လာလေ့ရှိပြီး အသက်အန္တရာယ်နဲ့နီးစပ်ပါတယ်။ acute respiratory distress syndrome (ARDS) ဟာ ဘယ်လောက်ထိ အဖြစ်များလဲ။ ဒီရောဂါဟာအရမ်းအဖြစ်များပြီး ဆေးရုံတက်နေရတဲ့အသည်းအသန်လူနာတွေမှာ အဓိကဖြစ်ပွားလေ့ရှိသလိုကလေးငယ်လေးတွေမှာလည်း တွေ့ရနိုင်ပါတယ်။ ဒီရောဂါအခြေအနေကို ဖြစ်ပေါ်စေတဲ့အကြောင်းခြင်းရာတွေကို လျှော့ချပေးခြင်းအားဖြင့်ဒီရောဂါကိုထိန်းချုပ်နိုင်ပါတယ်။ အသေးစိတ်ကိုသင့်ဆရာဝန်နဲ့ဆက်လက်ဆွေးနွေး မေးမြန်းနိုင်ပါတယ်။ လက္ခဏာများacute respiratory distress syndrome (ARDS) ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ မူလအရင်းခံရောဂါ ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရမှု ဖြစ်ပေါ်ပြီး တစ်ရက် ဒါမှမဟုတ်နှ စ်ရက်လောက်အတွင်းမှာပဲ ဒီအခြေအနေ ဖြစ်ပေါ်လေ့ရှိတာ ဖြစ်ပါတယ်။ acute respiratory distress syndrome (ARDS) ရဲ့အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့- • […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

သင့်လည်ချောင်းထဲက ချွဲသလိပ်ပျောက်အောင် ဘယ်လိုရှင်းလင်းမလဲ

ရာသီဥတုအေးနေစဉ်(သို့) ရုတ်တရက်ရာသီဥတုအကူးအပြောင်းတွင် လူတို့သည် လည်ချောင်းထဲတွင် ချွဲ၊ သလိပ်တို့ရှိတတ်သည်။ သလိပ်သည် စိုးရိမ်စရာမရှိသော်လည်း အနံဆိုးထွက်ခြင်းကြောင့် အလွန်နေရခက်သည်။ အောက်ပါဆောင်းပါးသည် သင့်လည်ချောင်းမှ သလိပ်ကိုရှင်းထုတ်ရန် နည်းလမ်းပြောပြပါမည်။ ကဲ ... သင့်လည်ချောင်းထဲက ချွဲသလိပ်ပျောက်အောင် ဘယ်လိုရှင်းလင်းမလဲ ဆိုတာ ကြည့်လိုက်ရအောင်နော်။ သင့်လည်ချောင်းထဲက ချွဲသလိပ်ပျောက်အောင် ဘယ်လိုရှင်းလင်းမလဲ သင့်လည်ချောင်းထဲက ချွဲသလိပ်ပျောက်အောင် ဘယ်လိုရှင်းလင်းမလဲ ဆိုတော့ ချောင်းဆိုးခြင်းဖြင့် လည်ချောင်းမှ ချွဲသလိပ် တို့ကိုရှင်းလင်းခြင်း သင့်လည်ချောင်းတွင် သလိပ်ရှိနေလျှင် လွယ်ကူရိုးရှင်းဆုံးနည်းမှာ ကြိုးစားပြီးချောင်းဆိုးခြင်းဖြစ်သည်။ အခြားလူများ မနောင့်ယှက်မိစေရန် ဝေးလံသောနေရာတစ်ခုရှာပါ။ ဥပမာ- ရေချိုးခန်းထဲတွင် ချောင်းဆိုးပြီး သလိပ်ကိုဟပ်ထုတ်ပါ။ ချောင်းဆိုးခြင်း အတော်အသင့်သာ လုပ်ရမည်။ အကြောင်းမှာ ချောင်းဆိုးရခက်လျှင်(သို့) အားစိုက်ပြီးလုပ်လျှင် လည်ချောင်းကိုထိခိုက်နိုင်သောကြောင့် ဖြစ်သည်။ ရေနွေးနှင့်ဆားတို့ဖြင့် ပလုပ်ကျင်းပါ ဆား လက်ဖက်ရည်ဇွန်း၁ဇွန်းနှင့် ရေကြက်သီးနွေးရုံ(သို့) ရေနွေး (၈)အောင်စကိုရောပါ။ ပြီနောက် ထိုအရည်ကို ပါးစပ်ထဲတွင်ငုံထားပါ။ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း