backup og meta

လည်ချောင်းနာအမြစ်ပြတ်မကုဘဲ နောက်ဆက်တွဲပြဿနာတွေအဖြစ်ခံမှာလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 17/06/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လည်ချောင်းနာအမြစ်ပြတ်မကုဘဲ နောက်ဆက်တွဲပြဿနာတွေအဖြစ်ခံမှာလား

    လည်ချောင်းနာပြီဆိုရင် လည်ချောင်းထဲမှာ ယားစပ်စပ်နဲ့ မျိုချလိုက်တိုင်းနာကျင်နေတာ ခံစားရခက်ပါတယ်။ အစာတို့ ရေတို့မပြောနဲ့ တံတွေးမျိုတာတောင် အရမ်းနာတယ်မဟုတ်လား။ လည်ချောင်းနာရတဲ့အကြောင်းရင်းကတော့ အအေးမိနဲ့ တုပ်ကွေးတို့လို ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာများပါတယ်။ ဒီဝေဒနာက အချိန်အတိုင်းအတာတစ်ခုအတွင်းမှာပျောက်ကင်းနိုင်ပါတယ်။

    streptococcus ဘက်တီးရီးယားကြောင့်ဖြစ်တတ်တဲ့ လည်ချောင်းနာကတော့နောက်ဆက်တွဲပြဿနာတွေဖြစ်လာတတ်လို့ ပဋိဇီဝပိုးသတ်ဆေးနဲ့ ကုသဖို့လိုအပ်ပါတယ်။ လည်ချောင်းနာတာက သူ့ဘာသာ အလွယ်တကူပျောက်သွားတတ်တဲ့ဝေဒနာဆိုပေမယ့် ဂရုတစိုက်မရှိဘူးဆိုရင်တော့နောက်ဆက်တွဲပြင်းထန်တဲ့ဝေဒနာတွေအဖြစ်ကို ကူးပြောင်းသွားနိုင်ပြီး မခံမရပ်နိုင်အောင်လည်ချောင်းနာတာ၊ပြည်တည်တာ၊ အသံမထွက်နိုင်တော့တာနဲ့ အသက်ရှူကြပ်တာမျိုးတွေထိဖြစ်နိုင်ပါတယ်။

    ဘယ်လိုလက္ခဏာတွေရှိနိုင်မလဲ။

    လည်ချောင်းနာခြင်းလက္ခဏာတွေက ရောဂါအကြောင်းရင်းကိုမူတည်ပြီး အမျိုးမျိုးကွဲပြားကြပါတယ်။ များသောအားဖြင့် –

    • လည်ချောင်းထဲမှာ နာနေ၊ယားနေသလို ခံစားနေရခြင်း
    • မျိုချရင်၊ စကားပြောရင် ပိုနာကျင်ခြင်း
    • အစာ သို့မဟုတ်ရေမျိုချရခက်ခြင်း
    • လည်ပင်း သို့မဟုတ်မေးရိုးအောက် ဂလင်းတွေရောင်ရမ်းခြင်း၊နာကျင်ခြင်း
    • အာသီးရောင်ခြင်း
    • အာသီးမှာ အဖြူဖတ်လေးတွေဖြစ်ခြင်း သို့မဟုတ်ပြည်တည်ခြင်း
    • အသံဝင်ခြင်း တို့ဖြစ်လေ့ရှိပါတယ်။

    လည်ချောင်းနာစေတဲ့ တချို့အကြောင်းရင်းတွေကတော့ ဖျားခြင်း၊ချောင်းဆိုးခြင်း၊နှာစေးခြင်း၊ နှာချေခြင်း၊ ကိုယ်လက်နာကျင်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်းတို့အပါအဝင် တခြားလက္ခဏာတွေဖြစ်တတ်ပါတယ်။

    ဗိုင်းရပ်စ်လည်ချောင်းနာဝေဒနာက –

    • ရိုးရိုးအအေးမိခြင်း
    • တုပ်ကွေး
    • ဝက်သက်
    • ရေကျောက်
    • သူငယ်နာချောင်းဆိုး တို့ကြောင့်ဖြစ်တတ်ပါတယ်။

    ဘက်တီးရီးယားလည်ချောင်းနာဝေဒနာက အများအားဖြင့်Streptococcus pyogenes ဘက်တီးရီးယားကြောင့်ဖြစ်တာပါ။ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့လည်ချောင်းနာတာတွေကတော့ ဗိုင်းရပ်စ်ထက် ပိုပြင်းထန်တတ်ပါတယ်။

    ဒါတွေအပြင် လည်ချောင်းနာစေတဲ့ တခြားအကြောင်းရင်းတွေလည်းရှိနိုင်ပါသေးတယ်။

    ဓါတ်မတည့်ခြင်း – ဖုန်မှုန့်တွေ၊မှို၊ ပန်းဝတ်မှုန် ဒါမှမဟုတ် အိမ်မွေးတိရစ္ဆာန်အမွေးတွေဆီကအမှုန်အမွှားတွေနဲ့ ဓါတ်မတည့်တာကြောင့် လည်ချောင်းနာတတ်ပါတယ်။

    ခြောက်သွေ့ခြင်း – အိမ်တွင်းကခြောက်သွေ့တဲ့လေကြောင့် (အထူးသဖြင့် အိမ်မှာအရမ်းပူနေတဲ့အချိန်) လည်ချောင်းမှာ ရှတတဖြစ်နေတာ၊လည်ချောင်းနာတာမျိုး မနက်အိပ်ရာထစမှာဖြစ်တတ်ပါတယ်။

    ပတ်ဝန်းကျင်လှုံ့ဆော်မှု –ပြင်ပလေထုညစ်ညမ်းမှုကြောင့် လည်ချောင်းကိုဝေဒနာဖြစ်စေတတ်ပါတယ်။ ဆေးလိပ်ငွေ့၊ သို့မဟုတ် ဓါတုပစ္စည်း အငွေ့တွေလို အိမ်တွင်းလေထုညစ်ညမ်းခြင်းကြောင့် အချိန်တာရှည်လည်ချောင်းနာစေတတ်ပါတယ်။ အရက်၊ဘီယာနဲ့ အပူအစပ်တွေကြောင့်လည်း လည်ချောင်းနာစေပါတယ်။

    ကြွက်သားညောင်းခြင်း –စကားအကျယ်ကြီးအော်ပြောခဲ့တာ ဒါမှမဟုတ် အချိန်အတော်ကြာမရပ်မနား စကားပြောခဲ့ရတာတို့လို လည်ပင်းကြွက်သားတွေအရမ်းအလုပ်လုပ်ရတဲ့အခြေအနေမျိုးတွေကြောင့် ကြွက်သားညောင်းတတ်ပါတယ်။

    အကျိတ်ဖြစ်ခြင်း – လည်ချောင်း၊လျှာ သို့မဟုတ် အသံအိုးမှာ ကင်ဆာအကျိတ်ရှိနေရင် လည်ချောင်းနာစေနိုင်ပါတယ်။ အသံဝင်ခြင်း၊ မျိုချရခက်ခဲခြင်း၊အသက်ရှူသံပြင်းခြင်း၊လည်ပင်းမှာအဖုအကျိတ်ဖြစ်နေခြင်း၊ တံတွေးမှာသွေးပါခြင်းလက္ခဏာတွေပါဝင်ပါတယ်။

    ဘက်တီးရီးယားလည်ချောင်းနာ

    ဒီအမျိုးအစားက ကလေးတွေမှာအဖြစ်များဆုံးဆိုပေမယ့် အရွယ်သုံးပါးစလုံးမှာဖြစ်နိုင်ခြေလည်းရှိပါတယ်။ ကိုယ်တိုင် သို့မဟုတ် ကလေးမှာ ဒီလက္ခဏာတွေရှိနေရင် ဆရာဝန်နဲ့ပြပြီး စစ်ဆေးကုသသင့်ပါတယ်။ မျိုချရခက်တာ၊အာသီးရောင်တာ၊ အာခေါင်ရင်းမှာအနီစက်လေးတွေဖြစ်လာတာ၊ လည်ပင်းကပြန်ရည်ကျိတ်တွေရောင်လာတာ၊အဖျားရှိတာ၊ခေါင်းကိုက်တာ၊ကလေးငယ်တွေပျို့အန်တာ၊ ကိုယ်လက်ကိုက်ခဲတာတွေပါဝင်ပါတယ်။

    လက္ခဏာတွေသိရချိန်မှာသေချာမကုသခဲ့ရင်တော့ကျောက်ကပ်ရောင်ခြင်း ဒါမှမဟုတ် ပိုးလေးဘက်နာ(rheumatic fever) တို့လိုနောက်ဆက်တွဲရောဂါတွေဖြစ်လာစေနိုင်ပါတယ်။ ပိုးလေးဘက်နာဆိုရင် အရိုးအဆစ်တွေ နာကျင်ရောင်ရမ်းစေနိုင်ပြီး နှလုံးအဆို့ရှင်ကိုပါ ထိခိုက်စေနိုင်ပါတယ်။

    လည်ချောင်းနာကို ဘယ်လိုကုသဂရုစိုက်မလဲ

    အအေးမိတာပဲဖြစ်ဖြစ် ဘာအကြောင်းရင်းကြောင့်ပဲဖြစ်ဖြစ် လည်ချောင်းနာတယ်ဆိုရင် ဝေဒနာသက်သာစေဖို့၊ လက္ခဏာပိုမဆိုးလာစေဖို့ ဂရုစိုက်ရမှာ အရေးကြီးပါတယ်။

    • နားပါ –အသံကိုအရမ်းမသုံးဘဲခဏနားပါ။ အနားယူခြင်းနဲ့ အိပ်စက်ခြင်းက အကောင်းဆုံးအားဆေးပါပဲ။ ပင်ပန်းမောပန်းမယ့် အလုပ်တွေ အရမ်းမလုပ်ပါနဲ့။
    • ရေဓါတ်ဖြည့်တင်းပါ –လည်ချောင်းမှာအစိုဓါတ်ထိန်းပြီးရေဓါတ်ခန်းခြောက်မှုကာကွယ်နိုင်ဖို့ရေ သို့မဟုတ် အရည်များများသောက်ပါ။ ကဖင်းနဲ့အယ်ကိုဟောတွေက အာခေါင်ခြောက်စေနိုင်ပါတယ်။ရေနွေးလေးကို သံပရာသီးညှစ်သောက်တာဖြစ်ဖြစ်၊ စွပ်ပြုတ်ရည်ဖြစ်ဖြစ်သောက်ပေးရင်လည်း သက်သာနိုင်ပါတယ်။
    • ဆေးဝါးအကူအညီယူပါ –အလွယ်တကူဝယ်လို့ရတဲ့ ငုံဆေး သို့မဟုတ် လည်ချောင်းနာသက်သာစေမယ့် ခံတွင်းသန့်ဆေးရည် စတာတွေကို သုံးနိုင်ပါတယ်။ ခံတွင်းသန့်ဆေးရည်ထဲမှာ Betadine Gargle and Mouth wash က အအေးမိ၊နှာစေး၊လည်ချောင်းနာဝေဒနာတွေကို မဖြစ်ခင်ကာကွယ်ပေးနိုင်သလို အစပျိုးကာစတည်းက လက္ခဏာအမြန်သက်သာအောင် ထိန်းပေးနိုင်ပြီးရောဂါထပ်မတိုးဘဲပျောက်ကင်းစေနိုင်ပါတယ်။ စောစောအသုံးပြုနိုင်ရင် လည်ချောင်းနာဝေဒနာအပြင် နှာချေခြင်း၊နှာစေးနှာပိတ်ခြင်းနဲ့ချောင်းဆိုးခြင်းတို့လို တခြားလက္ခဏာတွေကိုအမြန်ဆုံးသက်သာပျောက်ကင်းစေနိုင်ပါတယ်။ သုံးရလွယ်ကူတဲ့ ဒီဆေးရည်ကို တစ်ကြိမ်သုံးရင် စက္ကန့် ၃၀ ပဲအချိန်ပေးစရာလိုပါတယ်။
    • အစာလည်းဆေးဆေးလည်းအစာ –ပူနွေးတဲ့သောက်စရာတွေ (စွပ်ပြုတ်၊ လက်ဖက်ရည်ကြမ်း၊ပျားရည်ထည့်ထားတဲ့ရေနွေးကြမ်း) စတာတွေနဲ့ လည်ချောင်းနာသက်သာနိုင်ပါတယ်။ အရမ်းပူတာမသောက်ဘဲ ခပ်နွေးနွေးအနေအထားကိုပဲသောက်ပါ။ ရေခဲရေရှောင်ပါ။ အပူအစပ်မစားဘဲ အာဟာရပြည့်အောင်စားပါ။
    • ငုံဆေး ငုံပါ – လူကြီးတွေအတွက် အသုံးတည့်ပေမယ့် ကလေးတွေအတွက်တော့ တစ်ဆို့နိုင်တဲ့အန္တရာယ်ရှိလို့ ဆားရည်ငုံတတ်အောင်ပဲ ချော့မော့ဂရုစိုက်ပေးပါ။ အသက် ၆ နှစ်အထက် ကလေးတွေဆိုရင်တော့ ပိုးသေစေတဲ့ ခံတွင်းသန့်ဆေးရည်က ပိုသင့်တော်ပါတယ်။
    • လည်ချောင်းကိုကလိမယ့်အရာတွေရှောင်ပါ –ဆေးလိပ်ငွေ့၊ မီးခိုးငွေ့၊ခြင်ဆေး စတဲ့ အနံ့တွေအခိုးအငွေ့တွေကြောင့် လည်ချောင်းဝေဒနာပိုဆိုးလာစေနိုင်ပါတယ်။

    အောက်ပါလက္ခဏာတွေဖြစ်လာရင်တော့ အမြန်ဆုံး ဆရာဝန်ပြသင့်ပါတယ်။

    • လည်ချောင်းနာက တစ်ပတ်ထက်ပိုကြာနေတာ၊ ဒါမှမဟုတ် သိပ်ပြင်းထန်နေတာဆိုရင်
    • မျိုချရခက်ခဲနေတာ
    • အသက်ရှူရခက်တာ
    • ပါးစပ် ဟဖို့ခက်နေတာ
    • အရိုးအဆစ်နာကျင်ကိုက်ခဲနေတာ
    • နားကိုက်တာ
    • အဖျားက ၁၀၁ ဖာရင်ဟိုက်ထက်များနေတာ
    • လည်ချောင်းနာဝေဒနာ မကြာခဏပြန်ဖြစ်နေတာ
    • တံထွေး သို့မဟုတ် သလိပ်မှာသွေးပါတာ
    • လည်ပင်းမှာ အကျိတ်တွေ့တာ
    • အသံဝင်တာ နှစ်ပတ်ကျော်လာတာ ဆိုရင် ဆရာဝန်ပြဖို့အရေးကြီးပါတယ်။ ဒါမှနောက်ဆက်တွဲပြဿနာတွေမဖြစ်ခင် ကုသပျောက်ကင်းနိုင်မှာပါ။

    လည်ချောင်းနာတာက နေရထိုင်ရတာ ခက်ပေမယ့် ဆိုးရွားတဲ့ ရောဂါတစ်ခုတော့ မဟုတ်သေးပါဘူး။ ဒါပေမယ့် ဂရုတစိုက် ပြုစုမှုတွေ မလုပ်ရင် ကြိုတင်ကာကွယ်တာတွေ မလုပ်ရင်တော့ ကြီးမားတဲ့ပြဿနာတွေဆီကို ဦးတည်သွားနိုင်လို့ နောက်ဆက်တွဲပြဿနာတွေ မဖြစ်လာခင်မှာ ကြိုတင်ကာကွယ်ကုသမှုတွေလုပ်သင့်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 17/06/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement