အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ကျွန်ုပ်တို့ရဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာစေဖို့ အဆုတ်အပြင် တခြားအရာတွေကိုပါ ဂရုစိုက်ရမှာပါ။ အသက်ရှူလမ်းကြောင်းရောဂါတွေကို ဘယ်လိုဂရုစိုက်သင့်သလဲဆိုတာကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

အဆုတ်ပြည်တည်နာ သိကောင်းစရာ

အဆုတ်ပြည်တည်နာ ဆိုတာက တခြားပြည်တည်နာတွေလိုပဲ ပိုးဝင်တာကြောင့်ဖြစ်တဲ့ ပြည်လုံးပါ။ အများစုက ဘက်တီးရီးယားကြောင့်ဖြစ်ပြီး မှိုပိုးတွေ၊ ကပ်ပါးပိုးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဓာတ်မှန်ရိုက်ကြည့်ရင် တွေ့နိုင်ပါတယ်။ များသောအားဖြင့် ပိုးသတ်ဆေးတွေနဲ့ ကုသနိုင်ပါတယ်။ တစ်ခါတလေမှာတော့ ခွဲစိတ်ရတာမျိုး ရှိနိုင်ပါတယ်။ အဆုတ်ပြည်တည်နာ ဖြစ်ရတဲ့ အကြောင်းအရင်း အဆုတ်ပြည်တည်နာက အဆုတ်ကိုယ်တိုင်က ဖြစ်လာတာ ရှိသလို တခြားနေရာကနေ ပြန့်လာတာလည်း ဖြစ်နိုင်ပါတယ်။ ပြည်တည်တာက တစ်ခုတည်းလည်း ဖြစ်နိုင်သလို အများကြီးလည်း ဖြစ်နိုင်ပါတယ်။ အများကြီး ဖြစ်တယ်ဆိုရင်တော့ နမိုးနီးယား ဒါမှမဟုတ် သွေးဆိပ်သင့်တာကြောင့် ဖြစ်နိုင်ပါတယ်။ အဆုတ်ကနေ စဖြစ်တဲ့ ပြည်တည်နာ အဆုတ်ကို တိုက်ရိုက်ထိတဲ့ ရောဂါအများစုက အဆုတ်ပြည်တည်နာကို ဖြစ်စေနိုင်ပါတယ်။ ဥပမာ နမိုးနီးယား အဆုတ်ရောင်ရောဂါ (ဒီထဲမှာ အဖြစ်အများဆုံးက အစာသီးပြီး အဆုတ်ရောင်တဲ့ aspiration pneumonia အမျိုးအစားပါ) ကင်ဆာကျိတ်တွေ - […]

အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ကို ရှာဖွေမည်။

အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ဖျားနေတဲ့အချိန် စားသင့်တဲ့ အစားအစာ (၆) မျိုး

နေလို့မကောင်းဘူးဆိုတာနဲ့ မစားချင်၊မသောက်ချင်၊ တရှောင်ရှောင်နဲ့နေတတ်ကြပါတယ်။ ခန္ဓါကိုယ်ကနေလို့မကောင်းမှတော့ ခံတွင်းလည်းမကောင်းနိုင်တော့ပါဘူး။ အအေးမိတာပဲဖြစ်ဖြစ် တုပ်ကွေးြဖစ်နေတာပဲဖြစ်ဖြစ်၊ အပူလျှပ်တာပဲဖြစ်ဖြစ် ဖျားနေတဲ့အချိန်မှာ အာဟာရပိုနည်းသွားလို့မဖြစ်ပါဘူး။ ဟိုးအရင်တည်းကအယူအဆတွေအရ နေမကောင်းရင် ဆန်ပြုတ်တစ်မျိုးတည်းစားခိုင်းပြီး လူကြီးတွေက ဘာမှမစားခိုင်းတော့ပါဘူး။ အစားစားရင် အဖျားတက်မယ်ဆိုတဲ့ အယူအဆကရှိနေပါသေးတယ်။ ဒါနဲ့ပဲ အစားနည်းလာပြီး ကိုယ်ခံအားကပိုနည်း၊ ကိုယ်ခံအားမကောင်းလို့ရောဂါပိုးကို မခုခံနိုင်တော့ရောဂါပိုတာရှည်တာ အဖတ်တင်ပါတယ်။ အားမရှိတော့ ဆေးသောက်ရတဲ့ဒဏ်တွေကြောင့်လည်း လူက ပိုပြီးဝန်ပိရပါတယ်။ ဒါ့ကြောင့် ကျန်းမာရေးနဲ့ညီတဲ့အစားအစာတွေကိုထိုက်သင့်သလောက်စားပါ။ကြေလွယ်တဲ့အစားအစာကိုသာရွေးပြီး အပြင်စာတွေ၊ပြုပြင်ထားတဲ့အသင့်စားတွေကိုရှောင်ပါ။နေမကောင်းချိန်မှာ ကိုယ်ခံအားကောင်းစေဖို့ စားသင့်တဲ့အစားအစာတွေကို အခုပြောပြမယ်နော်။ အဖျားအမြန်သက်သာေစမယ့် အစားအသောက်တွေ နေမကောင်းတဲ့အချိန်မှာ ခန္ဓါကိုယ်ကြံ့ခိုင်နေဖို့ ပရိုတင်းဓါတ်ကိုလိုအပ်ပါတယ်။ အသား၊နို့ထွက်ပစ္စည်း၊ အစေ့အဆံတွေကနေ ပရိုတင်းကောင်းကောင်းရနိုင်ပါတယ်။ ပရိုတင်းကြွယ်ဝတဲ့အစားအစာတွေက ဗီတာမင်B6 နဲ့ B12 လို ဓါတ်တွေလည်းပါဝင်တာကြောင့် ကိုယ်ခံအားကိုကောင်းစေပါတယ်။ ဥပမာ ပဲ၊ အာလူး၊ ဟင်းနုနွယ်တို့မှာ ဗီတာမင်B6 ပါဝင်ပြီး အသား၊နို့နဲ့ ငါးတွေမှာ ဗီတာမင်B12 ပါဝင်ပါတယ်။ (၁) […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ချောင်းဆိုးခြင်း ၇ မျိုးနှင့် သူတို့ဆိုလိုသည့်အရာ

ချောင်းဆိုးခြင်းသည် အပြင်ဘက်မှအရာများ ဝင်ရောက်ခြင်းကို ခန္ဓာကိုယ်မှ ပုံမှန်တုံ့ပြန်ခြင်း ဖြစ်သည်။ ၎င်းသည် သင့်ကျန်းမာရေးတွင် တစ်ခုခုမှားနေပြီဆိုသော သတိပေး လက္ခဏာတစ်ခုလည်း ဖြစ်သည်။ သို့သော်လည်း လူများစွာသည် ချောင်းဆိုးခြင်းနှင့် ၎င်းနှင့်အတူဖြစ်သော လက္ခဏာများကို လျော့တွက်ကြသည်။ ဤဆောင်းပါးတွင် ချောင်းဆိုးခြင်း ၇မျိုးအကြောင်း နှင့် ၎င်းတို့ အမှန်တကယ် ဘာကိုဆိုလိုသလဲကို ဖော်ပြသွားပါမည်။ ချောင်းဆိုးခြင်း ဆိုတာ ဘာလဲ။ လည်ချောင်းနှင့် အသက်ရှူလမ်းကြောင်းတွင် ပြင်ပ အမှုန်များ၊ ရောဂါပိုးမွှားများ၊ ယားယံစေသော အရာများ၊ အရည်များ အကျိအချွဲများ ရှိပါက ရှင်းလင်းသွားစေရန် ချောင်းဆိုးကြသည်။ သို့သော်လည်း ပြင်းထန်ပြီး ဆက်တိုက် ချောင်းဆိုးနေပါက ၎င်းသည် ရောဂါများ၏ လက္ခဏာတစ်ခု ဖြစ်နိုင်သည်။ ချောင်းဆိုးခြင်း ဖြစ်စဉ်တွင် အဓိက အဆင့် ၃ဆင့် ပါသည်။ အသက်ရှူသွင်းခြင်း လည်မျိုရှိ အသံကြိုးများပိတ်ပြီး […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

Upper Airway Obstruction (လေပြွန်အပေါ်ပိုင်းပိတ်ဆို့ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Upper Airway Obstruction (လေပြွန်အပေါ်ပိုင်းပိတ်ဆို့ခြင်း) ကဘာလဲ။ အသက်ရှူလမ်းကြောင်းရဲ့ အပေါ်ပိုင်းမှာ ပိတ်ခြင်း၊ ကျဉ်းခြင်းတို့ကြောင့် အသက်ရှူရခက်ခြင်းဖြစ်ပါတယ်။ ထိခိုက်နိုင်တဲ့ အသက်ရှူလမ်းကြောင်းရဲ့ အပေါ်ဘက် အစိတ်အပိုင်းတွေကတော့ လေပြွန်၊ အသံအိုးနဲ့ လည်ချောင်းတို့ဖြစ်ပါတယ်။ Upper Airway Obstruction (လေပြွန်အပေါ်ပိုင်းပိတ်ဆို့ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများUpper Airway Obstruction (လေပြွန်အပေါ်ပိုင်းပိတ်ဆို့ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ လေပြွန်အပေါ်ပိုင်းပိတ်ဆို့ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ စိတ်တိုခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း ပြာနှမ်းလာခြင်း သတိမကောင်းခြင်း သီးခြင်း အသက်ရှူရခက်ခြင်း လေကိုရှိုက်ရှူရခြင်း ထိတ်လန့်ခြင်း သတိလစ်ခြင်း ရွှီရွှီမြည်ခြင်းနှင့် အခြားပုံမမှန်သော အသက်၇ှူသံများဟာ အသက်ရှူရခက်ခဲနေကြောင်း ညွှန်ပြနေပါတယ်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။ အကြောင်းရင်းများUpper Airway Obstruction (လေပြွန်အပေါ်ပိုင်းပိတ်ဆို့ခြင်း) ကိုဘာတွေကဖြစ်စေသလဲ ပျားတုတ်ခံရခြင်း၊ မြေပဲ၊ penicillin ကဲ့သို့ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

Interstitial Lung Disease (အဆုတ်ကြားခံနယ်ရောဂါဖြစ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Interstitial Lung Disease (အဆုတ်ကြားခံနယ်ရောဂါဖြစ်ခြင်း) ကဘာလဲ။ အဆုတ်ကြားခံနယ်ရောဂါဖြစ်ခြင်းဆိုတာ အဆုတ်တစ်သျှူးများနဲ့ အဆုတ်လေအိတ်များကြားမှာ အနာဖြစ်ပြီး အမာရွတ်များဖြစ်လာခြင်း ဖြစ်ပါတယ်။ အမာရွတ်များဟာ အဆုတ်မှာ တောင့်တင်းမှုဖြစ်စေပြီး အောက်ဆီဂျင်ရှူသွင်းနိုင်စွမ်းကို ထိခိုက်စေပါတယ်။ Interstitial Lung Disease (အဆုတ်ကြားခံနယ်ရောဂါဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ၂၀၁၃ ခုနှစ်က တကမ္ဘာလုံးမှာ လူပေါင်း ၅၉၅၀၀၀ ဖြစ်ပွားခဲ့ပါတယ်။ လူပေါင်း ၄၇၁၀၀၀ သေဆုံးခဲ့ပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများInterstitial Lung Disease (အဆုတ်ကြားခံနယ်ရောဂါဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဓိကလက္ခဏာကတော့ အသက်ရှူခက်ခြင်းပါပဲ။ ဒီရောဂါရှိသူမှန်သမျှ တချိန်ချိန်မှာ အသက်ရှူကြပ်ခြင်း ခံစားရပါတယ်။ တခြားလက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ ချွဲမထွက်ဘဲချောင်းခြောက်ဆိုးခြင်း ကိုယ်အလေးချိန်ကျခြင်း ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

Asbestosis (ကျောက်ဂွမ်းရှူမိ၍ အဆုတ်နာဖြစ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက် Asbestosis (ကျောက်ဂွမ်းရှူမိ၍ အဆုတ်နာဖြစ်ခြင်း) ကဘာလဲ။ ကျောက်ဂွမ်းရှူမိ၍ အဆုတ်နာဖြစ်ခြင်းဆိုတာ ကျောက်ဂွမ်းများရှူမိရာကနေ အဆုတ်မှာ အနာနဲ့အမာရွတ်များ ဖြစ်ပေါ်တဲ့ ရောဂါဖြစ်ပါတယ်။ ကျောက်ဂွမ်းဆိုတာ စက်ရုံလုပ်ငန်းများမှာသုံးတဲ့ အပူဒဏ်ခံရအောင်သုံးတဲ့ သဘာဝဖိုက်ဘာများ ဖြစ်ပါတယ်။ ကျောက်ဂွမ်းနဲ့ဆက်စပ်နေတဲ့ ရောဂါများဟာ ကျောက်ဂွမ်းနဲ့ထိတွေ့ခြင်းကို ရှောင်ရှားရင် ကာကွယ်နိုင်ပါတယ်။ ကျောက်ဂွမ်းဟာ အဆုတ်နဲ့ အဆုတ်အကာမြှေးကို ရောဂါဖြစ်စေပါတယ်။ အဆုတ်ကင်ဆာဖြစ်ပွားနှုန်းကို မြင့်တက်စေပါတယ်။ Asbestosis (ကျောက်ဂွမ်းရှူမိ၍ အဆုတ်နာဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဘေးကင်းစေဖို့ လမ်းညွှန်ချက်တွေကို လိုက်နာရင် ဖြစ်ပွားတာရှားပါတယ်။ လက္ခဏာများ Asbestosis (ကျောက်ဂွမ်းရှူမိ၍ အဆုတ်နာဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ကျောက်ဂွမ်းမှုန်ကိုရှူရာကနေ အဆုတ်မှာ အနာဖြစ်တာကြောင့် သေးငယ်ပြီး တောင့်တင်းသွားတဲ့ အဆုတ်တွေကြောင့် အသက်ရှူရခက်စေပါတယ်။ ကြာရှည်ချောင်းဆိုးပြီး သလိပ်ပါထွက်စေပါတယ်။ အဆုတ်အကာမြှေးတွေမှာ အဖတ်တွေဖြစ်လာခြင်းဟာ လက္ခဏာမပြပေမယ့် ကင်ဆာဖြစ်နိုင်ခြေ ရှိပါတယ်။ အဆုတ်အကာမြှေးနဲ့ အဆုတ်ကြားထဲ အရည်စုခြင်း ဖြစ်နိုင်ပါတယ်။ အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

Bronchial adenoma (လေပြွန်အကျိတ်ဖြစ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Bronchial adenoma (လေပြွန်အကျိတ်ဖြစ်ခြင်း) ကဘာလဲ။ လေပြွန်အကျိတ်ဖြစ်ခြင်းသည် လေပြွန်နှင့် အဆုတ်တွင်းရှိ လေပြွန်အခွဲများတွင် ဖြစ်သောအကျိတ်ဖြစ်ပြီး အများအားဖြင့် အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့စေတတ်သည်။ ယခင်က ထိုရောဂါကို ကင်ဆာမဟုတ်သော အကျိတ်အဖြစ်ရည်ညွှန်းခေါ်ဆိုခဲ့သော်လည်း ယခုမူ အချွဲဂလင်းအကျိတ်များမှ လွဲပြီး ကျန်အကျိတ်များသည် ခန္ဓါကိုယ်အခြားနေရာများသို့ ပြန့်နှံ့တတ်ကြောင်း သိရှိပြီးဖြစ်သည်။ Bronchial adenoma (လေပြွန်အကျိတ်ဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ ရှားပါးသောကင်ဆာတစ်မျိုးဖြစ်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများBronchial adenoma (လေပြွန်အကျိတ်ဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ လေပြွန်အကျိတ်ဖြစ်ခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ သလိပ်ထဲသွေးပါခြင်း ချောင်းဆိုးခြင်း အသက်ရှူလျှင် တရွှီရွှီမြည်ခြင်း အဆုတ်ရောင်နမိုးနီးယား ခဏခဏဖြစ်ခြင်း အဆုတ်တစ်စိတ်တစ်ပိုင်း ပြားကပ်သွားခြင်း ရက်သတ္တပါတ်၆ပတ်ထက်ပိုပြီး ချောင်းဆိုးနေခြင်း တို့ဖြစ်ပါတယ်။ အခြားဖြစ်တောင့်ဖြစ်ခဲလက္ခဏာတွေကတော့ အရေပြားနီမြန်းခြင်း ဖြစ်ပါတယ်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

Hyperventilation (အသက်ရှုမြန်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hyperventilation (အသက်ရှုမြန်ခြင်း) ကဘာလဲ။ အသက်ရှုမြန်ခြင်းကို -အသက်မြန်မြန်ရှုခြင်း ရှိုက်ရှိုက်ပြီးရှုခြင်း -အသက်ပိုရှုခြင်း -အသက်ရှုနှုန်းမြန်ခြင်း လို့လည်းသိထားကြပါတယ်။ သင်က အရမ်းမြန်မြန်ရှုတဲ့အချိန်မှာ ဖြစ်ပေါ်တတ်ပါတယ်။ အောက်စီဂျင်ကို ရှုသွင်းပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုရှုထုတ်ခြင်း ကိုညီညီမျှမျှ ပြ ုလုပ်ခြင်းနဲ့ ပုံမှန်တဲ့အသက်ရှုမှုကိုရရှိမှာပါ။ သင်ရှုတာထက်ပိုပြီး ရှုထုတ်မှုပြ ုလုပ်ခဲ့ရင် ဒီညီမျှမှ ုက ပျက်သွားမှာပါ။၎င်းမှတစ်ဆင့် ကိုယ်ခန္ခါထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ လျော့သွားခြင်းဖြစ်နိုင်ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်နည်းသွားခြင်းက သွေးကြောတွေကိုကျဉ်းစေပြီး ဦးနှောက်ကိုသွေးလျှောက်မှုလျော့စေပါတယ်။ ဒီလိုသွေးလျှောက်မှုနည်းခြင်းကြောင့် ခေါင်းမူ်းခြင်းနှင့် လက်ချောင်းတွေမှာ ထုံကျင်မှုတွေခံစားရနိုင်ပါတယ်။ အရမ်းအသက်ရှုမြန်ခြင်းမျိုးဆိုပါက သတိလစ်တဲ့အထိဖြစ်နိုင်ပါတယ်။   Hyperventilation (အသက်ရှုမြန်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အသက်ရှုမြန်ခြင်းကိုတွေ့ရတာရှားပါတယ်။ ၎င်းက တစ်ခါတစ်လေမှာဖြစ်တတ်ခြင်း၊ ကြောက်လန့်တာကိုတုန့်ပြန်တဲ့အနေနဲ့ဖြစ်ခြင်း၊စိတ်ဖိစီးမှုများခြင်း ဒါမှမဟုတ် တစ်ခုခုကိုထိန့်လန့်ကြောက်ရွံတဲ့အချိန်တွေမှာ ဖြစ်လာတတ်ပါတယ်။ တစ်ခြားအခြေအနေတွေကတော့ စိတ်ခံစားရမှုများခြင်း၊ ၎င်းတို့ကတော့စိတ်ဓါတ်ကျခြင်း၊စိတ်ဖိစီးခြင်းနှင့်ဒေါသထွက်ခြင်းတို့မှာဖြစ်ပေါ်တတ်ပါတယ်။ အသက်ရှုမြန်ခြင်းက မကြာခဏဖြစ်ပေါ်လာတတ်တယ်ဆိုပါက အသက်ရှုမြန်ခြင်း ရောဂါလို့ခေါ်ပါတယ်။ ဒီဟာကတော့ တော်တော်လေးကိုအတွေ့ရများပါတယ်။ (တစ်ခြားအချက်အလက်တွေကိုသိရှိရဖို့ သင့်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။) လက္ခဏာများHyperventilation (အသက်ရှုမြန်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အသက်ရှုမြန်ခြင်းဟာ ကြီးမားတဲ့ ပြသနာတစ်ခုအနေနဲ့ ဖြစ်နိုင်ပါတယ်။ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ဆေးရှုစက်ကို ဘယ်လိုအသုံးပြုမလဲ

ဆေးရှုစက်ဆိုသည်မှာ ပလပ်ပေါက်ကြိုးတပ်ပြီး လျှပ်စစ်ဖြင့်လည်ပတ်ရသော စက်သို့မဟုတ် ဘက်ထရီပါဝင်ပြီး အားသွင်းရသောစက်ဖြစ်ပါသည်။ ထိုစက်သည် ဆေးအရည်များကို ရေမှုန်ကလေးများဖြစ်သွားစေပြီး နှာခေါင်းနှင့် ပါးစပ်ကို အုပ်သော မျက်နှာဖုံးမှတဆင့် ထိုဆေးငွေ့မှုန်လေးများကို အဆုတ်ထဲသို့ ရှုသွင်းရခြင်းဖြစ်ပါသည်။ ထိုအခါ လူနာသည် ပိုပြီး အသက်ရှုရကောင်းလာစေပါသည်။ ထို့ကြောင့် ယခုဆောင်းပါးတွင် ဆေးရှုစက်ကို အိမ်တွင် ဘယ်လို အသုံးပြုရမလဲကိုဖော်ပြသွားမည်ဖြစ်ပါသည်။ ပြင်ဆင်ပုံများ 1. လက်ဆေးပါ။ လက်ကို ဆပ်ပြာ၊ ရေများများဖြင့် စက္ကန့် ၂၀ ခန့်ဆေးပြီး ရေများကိုခြောက်အောင် သုတ်ပါ။ ထိုအချိန်တွင် ရေဘုံဘိုင်ခေါင်းကို ပိတ်ထားပါ။ 2. ရှုမည့်ဆေးကို ဆေးရှုစက်အတွင်းသို့ ထည့်ပါ။ ဆေးရှုစက် အဖုံးကိုဖွင့်ပြီး ရှုမည့်ဆေးကို ထည့်ပါ။ အများစုသော ရှုဆေးများသည် သတ်မှတ်ထားသော ပမာဏအတိုင်း ရှိကြသည်။ သို့သော် သင့်တွင် မရှိပါက ဆရာဝန်ပြောသည့် ပမာဏအတိုင်း ချင်တွယ်ပြီးမှ ထည့်ပါ။ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

သင့်ကို အသက်ရှူရပိုလွယ်ကူစေမည့် သဘာဝနည်းလမ်းများ

နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါ၏ လက္ခဏာများစွာရှိသည့်အနက် အဓိကအားဖြင့် အသက်ရှူမဝခြင်းပြဿနာကို အခက်ခဲဆုံးရင်ဆိုင်ရပါသည်။ နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါကို မကုသနိုင်သော်လည်း အသက်ရှူချောင်စေမည့် နည်းလမ်းများကို အောက်ပါအတိုင်း ဖော်ပြလိုက်ရပါသည်။ ရိုးရှင်းသော ဘဝ နာတာရှည်အဆုတ်လေပြွန်ကျဉ်းရောဂါသည်များတွင် အိမ်အလုပ်များကို တစ်ပတ်တစ်ခါ ကြိုတင်စီမံထားခြင်းများကို ပြုလုပ်သင့်ပါသည်။ ရိုးရှင်းလွယ်ကူသော အစားအစာများကို ပြင်ဆင်ခြင်း၊ ပိုလျှင် အလွယ်တကူသိမ်းထားပြီး ပြန်နွှေးစားနိုင်သော အစားအစာများကို စီမံထားခြင်းတို့ ပြုလုပ်သင့်ပါသည်။ မည်သည့်တာဝန်ကို မဆို မစမီတွင် သေချာစွာ စဉ်းစားပါ။ မြင်ယောင်ကြည့်ပါ။ အကောင်းဆုံးကို ဆောင်ရွက်ပါ။ ဖြတ်လမ်းနည်းများကို စဉ်းစားပါ။ အသက်ရှုမဝခြင်းဝေဒနာများ စတင်ခံစားလာရပြီ ဆိုလျှင် အနားယူပါ။ အရေးအကြီးဆုံးအချက်မှာ အခြားသူများကို အကူအညီတောင်းရန် အားမနာပါနှင့်။ လေ့ကျင့်ခန်းများ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းက နာတာရှည်အဆုတ်လေပြွန်ကျဉ်းရောဂါရှိသူများတွင် ပိုမောစေမည်ဟု ထင်ရသော်လည်း စနစ်တကျပြုလုပ်ခြင်းက ပိုပြီး အသက်ရှူရကောင်းစေပါသည်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် အသက်ရှူလမ်းကြောင်းရှိကြွက်သားများ ပုံစံမှန်လာသောအခါ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

Epiglottitis (လေပြွန်အဖုံးရောင်ရမ်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Epiglottitis (လေပြွန်အဖုံးရောင်ရမ်းခြင်း) ကဘာလဲ။ လေပြွန်အဖုံး နီရဲရောင်ရမ်းနေခြင်းဟာ ဒီရောဂါရဲ့ သိသာထင်ရှားတဲ့ အမှတ်လက္ခဏာတခုပဲ ဖြစ်ပါတယ်။ လေပြွန်အဖုံးရောင်ရမ်းခြင်းဟာ အသက်အန္တရာယ်ရှိတဲ့ ရောဂါတခုပါ။ လေပြွန်ဝအဖုံးဟာ သင့်လျှာရဲ့ အရင်းမှာ ရှိပြီး အရိုးနုလေးတွေနဲ့ အဓိက ပြုလုပ်ဖွဲ့စည်းထားပါတယ်။ သင်အစာစား၊ရေသောက်တဲ့အခါ လေပြွန်ထဲကို အစာတွေ၊ရေတွေ မဝင်ရအောင် ဒီလေပြွန်အဖုံးက ကာကွယ်ပေးပါတယ်။ လေပြွန်ဖုံးမှာ ပါဝင်ဖွဲ့စည်းထားတဲ့ တစ်ရှူးတွေဟာ ကူးစက်ပိုးဝင်ပြီဆိုရင် ရောင်ရမ်းလာပြီး လေဝင်ရာလမ်းကြောင်းကို ပိတ်ဆို့လိုက်ပါတော့တယ်။ တကယ်လို့ သင် ကိုယ်တိုင် ဒါမှမဟုတ် သင်မိသားစု၊မိတ်ဆွေတယောက်ယောက်မှာ လေပြွန်အဖုံး ရောင်ရမ်းတဲ့ ဝေဒနာခံစားနေရပြီလို့ ယူဆရင် အရေးပေါ်ဆေးဝါးကုသမှုကို အမြန်ခံယူရပါမယ်။ Epiglottitis (လေပြွန်အဖုံးရောင်ရမ်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ လေပြွန်ဖုံးရောင်ရမ်းခြင်းဟာ ရှေးယခင်ကဆိုရင်တော့ ကလေးတွေမှာသာ အဖြစ်များတဲ့ ရောဂါတမျိုးဖြစ်ပေမယ့် အခုနောက်ပိုင်းမှာတော့ အရွယ်ရောက်ပြီးသား လူကြီးတွေမှာပါ ပိုပိုပြီး တွေ့လာရပါပြီ။ ဘယ်အသက်အရွယ်မှာပဲဖြစ်ဖြစ် ရောဂါကို […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း