အအေးမိနေတဲ့ ကလေးကို သက်သာအောင် ဘယ်လိုဂရုစိုက်ပေးရမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

နေမကောင်းဖြစ်တတ်တာကတော့ ဘယ်သူမဆိုဖြစ်တတ်ပါတယ်။ ဒါပေမယ့် သက်ကြီးပိုင်းတွေနဲ့ ကလေးတွေဆိုရင် ရာသီအကူးအပြောင်းကြောင့်ဖြစ်တဲ့ အအေးမိ၊ချောင်းဆိုး အပျော့စားဝေဒနာတွေဖြစ်ရင်တောင် အထူးဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ ဆရာဝန်ပြထားတယ်ဆိုဦးတော့ သူတို့ကို သက်တောင့်သက်သာဖြစ်အောင်လုပ်ပေးဖို့ကလည်း အရေးကြီးပါတယ်။ ဒါမှ ကုသမှုကို အထောက်အကူဖြစ်စေပြီးမြန်မြန်သက်သာစေမှာပါ။

အအေးမိဝေဒနာတွေလို အသက်ရှူလမ်းကြောင်းရောဂါပိုးဝင်ခြင်းကိုဖြစ်စေတဲ့ ရာနဲ့ချီတဲ့ဗိုင်းရပ်စ်ပိုးတွေကို ခုခံနိုင်လောက်အောင် ခန္ဓါကိုယ်ရဲ့ကိုယ်ခံအားစနစ်အပြည့်အဝမဖွံ့ဖြိုးသေးတဲ့ ကလေးတွေအတွက်က အအေးမိဖျားနာခြင်း ပိုဖြစ်လွယ်ပါတယ်။ ကလေးမှာ ခံစားနေရတဲ့ဝေဒနာတွေကို ခံစားရသက်သာစေဖို့ ဘာတွေလုပ်ပေးဖို့လိုမလဲဆိုတာ မိဘတွေ သိထားသင့်ပါတယ်။

အအေးမိဝေဒနာခံစားနေရတဲ့ ကလေးတွေအတွက် ဘယ်လိုဂရုစိုက်ပေးမလဲ

လုံလုံလောက်လောက် အနားယူခိုင်းပါ

အိပ်စက်ခြင်းကရောဂါသက်သာဖို့အတွက် မရှိမဖြစ်အရေးပါပါတယ်။ ကလေးရဲ့အိပ်ရာကို ပိတ်လှောင်မနေစေဖို့၊ သန့်ရှင်းနေဖို့၊ သက်တောင့်သက်သာရှိစေဖို့ပြင်ဆင်ပေးထားပါ။နေမကောင်းလို့နားနေချိန်မှာ တီဗီဖွင့်ပေးထားတာ၊ ဂိမ်းကစားခိုင်းတာ၊ စာဖတ်ခိုင်းတာတွေ မလုပ်စေပါနဲ့။

အရည်များများတိုက်ပါ

နေမကောင်းတဲ့ကလေးကိုရေဓါတ်ပြည့်ဝအောင် တိုက်ကျွေးမှရောဂါလက္ခဏာတွေသက်သာစေမှာဖြစ်ပါတယ်။ အဖျားရှိနေရင်ပဲရေဓါတ်ဆုံးရှုံးရတာကြောင့်ရေ သို့မဟုတ် ဓါတ်ဆားရည် သို့မဟုတ် ကြက်စွပ်ပြုတ်ရည် တိုက်ကျွေးပေးပါ။ ကလေးကနေကောင်းတုန်းကလောက်ရေဆာမှာမဟုတ်ဘဲရေသောက်တဲ့အခါနေရခက်နိုင်တာကြောင့် အရည်များများဝင်အောင်ချော့ပြီးသောက်ခိုင်းရပါမယ်။

ရေဝတ်ဖတ်တင်ပေးပါ/ ရေချိုးပေးပါ

အဖျားတက်နေတာကို သက်သာလျော့ပါးစေဖို့ နဖူးမှာ ရေဝတ်ဖတ်တင်ပေးဖို့ ဒါမှမဟုတ် ရေချိုးပေးဖို့လည်း လိုအပ်ပါတယ်။ ကိုယ်ပူနေလို့ဆိုပြီးရေအေးတွေနဲ့မချိုးပေးပါနဲ့။ရေနွေးနဲ့ချိုးတာရော၊ရေအေးနဲ့ချိုးတာရော မကောင်းပါဘူး။ ကြက်သီးနွေးရေလေးနဲ့ပဲ ချိုးပေးပါ။ရေဝတ်ဖတ်လေး လဲပြီး တင် တင်ပေးတာလည်း ကိုယ်ပူသက်သာစေပါတယ်။

နှာစေးနှာပိတ်ကို ဂရုစိုက်ပေးပါ

အအေးမိခြင်းရဲ့စစချင်းလက္ခဏာက နှာရည်ယိုတာပါပဲ။ နှာတရွှတ်ရွှတ်ဖြစ်နေတဲ့ကလေးတွေကို ဒီအတိုင်းမထားပါနဲ့။ အမြဲမပြတ်သန့်ရှင်းပေးပါ။ နှာခေါင်းကနေ ဖျန်းပေးရတဲ့ nasal sprayတွေနဲ့လည်း သက်သာစေနိုင်ပါတယ်။nasal spray တွေက ရောဂါပိုးကိုသေစေပြီး အအေးမိဝေဒနာကိုမြန်မြန်သက်သာစေနိုင်ပါတယ်။

စွပ်ပြုတ်တိုက်ပါ

ကြက်စွပ်ပြုတ်ရည်ဟာ အအေးမိလက္ခဏာနဲ့ချောင်းဆိုးခြင်းအတွက် သက်သာစေတဲ့ဆေးတစ်ခွက်ဖြစ်ပါတယ်။ ကြက်စွပ်ပြုတ်မှာရောင်ရမ်းမှုကိုလျော့ကျစေပြီး အအေးမိလက္ခဏာတွေကိုသက်သာစေနိုင်တဲ့အစွမ်းသတ္တိတွေပါရှိတယ်လို့ သုတေသနတွေကဖော်ပြဖူးပါတယ်။ ဒါ့အပြင် ချွဲသလိပ်ကိုကြေစေတယ်၊ ခွန်အားတိုးစေတယ်၊ ရင်ချောင်စေတယ်၊ချောင်းဆိုးသက်သာစေတယ်လို့လည်း ဆိုကြပါတယ်။ အမှန်တကယ်လည်း ကြက်ပြုတ်ရည်နွေးနွေးလေးက လည်ချောင်းရှင်းစေပြီး အာဟာရဖြစ်လို့ နာလန်ထအစားအစာအဖြစ်လည်း အားထားကြပါတယ်။

လည်ချောင်းနာသက်သာအောင်ပြုစုပါ

ကလေးက အရမ်းငယ်တဲ့အရွယ်မဟုတ်ရင် မျိုမချဖို့ ပြောပြပြီး ဆားရည်ငုံ၊ပလုပ်ကျင်းခိုင်းလို့ရပါပြီ။ရေနွေးနွေးလေးမှာဖျော်ထားတဲ့ဆားရည်ကို ပလုပ်ကျင်းပြီးပြန်ထွေးခိုင်းပါ။ လည်ချောင်းယားတာ၊ လည်ချောင်းနာနဲ့ချောင်းဆိုးခြင်းကိုပါ သက်သာစေနိုင်ပါတယ်။ လည်ချောင်းနာသက်သာစေဖို့ ကလေးတွေအတွက်သီးသန့်ထုတ်တဲ့ ခံတွင်းသန့်ပိုးသတ်ဆေး(mouthwash)တွေသုံးနိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်ပြသင့်လဲ

ကလေးက သာမန်အအေးမိတာထက် ပိုနေပြီလို့ သံသယရှိလာတဲ့အခါ ၊ ဆေးခန်းပြထားပေမယ့် မသက်သာဘဲ လက္ခဏာပိုဆိုးလာတဲ့အခါ ၊ ဒါမှမဟုတ် အောက်ပါလက္ခဏာတွေဖြစ်လာရင် ဆရာဝန်အမြန်ပြပါ။

  • အရင်ကထက် သလိပ်တွေ အများကြီးထွက်တာ
  • အသက်ရှူခက်နေတာ
  • အရမ်းနုံးနေတာ
  • အစာ သို့မဟုတ် အရည် မဝင်တာ
  • ခေါင်းပိုကိုက်လာတာ၊ အစာမျိုမရအောင် လည်ချောင်းအရမ်းနာလာတာ
  • အဖျား ၁၀၃°F နဲ့အထက် ဆက်တိုက်အဖျားတက်နေတာ
  • ရင်ဘတ်အောင့်လာတာ
  • လည်ပင်းက ဂလင်းတွေရောင်ရမ်းလာတာ
  • နားကိုက်လာတာ

ကလေးကရောဂါသက်သာသွားပြီဆိုရင်တော့ ကြိုတင်ကာကွယ်ရေးဘက်ကို ဂရုစိုက်ရမယ့်အချိန်ပါ။ သူတို့နေမကောင်းစဉ်က အသုံးပြုခဲ့သမျှပစ္စည်းတွေကို ရှင်းလင်းသန့်ရှင်းပစ်ပါ။ရောဂါပိုးတွေကင်းစေဖို့ တစ်ကိုယ်ရေသန့်ရှင်းရေးကို တစ်မိသားစုလုံးဂရုစိုက်ပေးသင့်ပါတယ်။ကျောင်းမှာနေမကောင်းတဲ့သူငယ်ချင်းတွေရှိရင် အရမ်းနီးကပ်ထိတွေ့မနေဖို့၊ လက်သေချာဆေးဖို့၊ သူတို့နဲ့အစားအသောက်၊ဇွန်းခွက်အတူမစားဖို့ ကလေးကို အသိပညာပေးထားပါ။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

ဒါတွေလည်းဆက်ဖတ်ပါ:

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    အသက်ကြီးပေမယ့်လည်း ကိုယ်ခံအား ကောင်းစေဖို့

    အသက်ကြီးပေမယ့်လည်း ကိုယ်ခံအား ကောင်းစေဖို့ ဘယ်လိုနေထိုင် စားသောက်ရမလဲ။ ဘာတွေကို ဂရုစိုက်ရမလဲ သိပြီးပြီလား။ မသိသေးဘူးဆိုရင်တော့.....

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon

    ကလေးကျန်းမာရေး အကြောင်း

    ကလေးကျန်းမာရေး ဆိုတာက ကလေးတစ်ယောက် သန္ဓေတည်တဲ့ အချိန်ကနေစပြီး ဆယ်ကျော်သက်အရွယ်ရောက်လာသည်အထိ မိဘတွေဘက်က ဂရုစိုက် စောင့်ကြည့်ပေးရမယ့် အရာပါ။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ကလေးကျန်းမာရေး ဖေ‌ဖော်ဝါရီ 3, 2021 . 3 mins read

    ကလေးရဲ့အနာဂတ် လှပစေဖို့အတွက် အာဟာရဇယားကို ဖတ်ပါ…..

    အာဟာရဇယားကို ဖတ်တာက သားသားမီးမီးတို့ အနာဂတ် လှပအောင် ပုံဖော်ဖို့ မေမေတို့ မပျက်မကွက် လုပ်ဆောင်ရမယ့် အချက်လေး တစ်ခုပါ။ မေမေရော..........

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon

    ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား

    ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား ဆိုတာ သိချင်နေပြီလား မေမေ... သေချာအဖြေထွက်သွားအောင် ဆောင်းပါးလေးထဲမှာ တူတူဖတ်ရအောင်နော်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ကလေးငယ် ဇန်နဝါရီ 18, 2021 . 2 mins read

    သင့်အတွက် ရွေးချယ်ထားသည်

    အော်ရင်း ဟစ်ရင်း လည်ချောင်းနာ နေပြီလား

    အော်ရင်း ဟစ်ရင်း လည်ချောင်းနာ နေပြီလား

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Htet Htet Zaw Win
    ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 3 mins read
    အော်ရလွန်းလို့ လည်ချောင်းကွဲ ပြီး သွေးထွက်လာရင်

    အော်ရလွန်းလို့ လည်ချောင်းကွဲ ပြီး သွေးထွက်လာရင်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Htet Htet Zaw Win
    ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 10, 2021 . 2 mins read
    shouting out loud

    အော်ရင်းဟစ်ရင်း အသံဝင် သွားခဲ့သည်ရှိသော်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Zon Aung
    ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read
    အသက်ကြီးလာတာနဲ့အမျှ ကိုယ်ခံအားက ကျဆင်းလာသလား

    အသက်ကြီးလာတာနဲ့အမျှ ကိုယ်ခံအားက ကျဆင်းလာသလား

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 3, 2021 . 2 mins read