ပန်းနာရင်ကျပ် ကူးစက်တတ်လား!
ပန်းနာရင်ကျပ်ရှိနေတယ်ဆိုရင် အနားကပ်ကပ်နေတာမျိုး မလုပ်နဲ့ ကူးမှာစိုးလို့၊ ချောင်းဆိုးတာကို ကြည့်ရင်း လည်ချောင်းတွေ ယားပြီး ချောင်းပါဆိုးချင်လာပြီဆိုတဲ့ သူလေးတွေသိချင်နေလောက်မယ့် ပန်းနာရင်ကျပ် ကူးစက်တတ်လား ဆိုတာလေးကို ပြောပြပေးချင်ပါတယ်။ ပန်းနာရင်ကျပ် ကူးစက်တတ်လား ပန်းနာရင်ကျပ် ကူးစက်တတ်လား ဆိုတော့ ပန်းနာရင်ကျပ်က မကူးစက်တတ်ပါဘူး။ တီဘီလိုမျိုး ကူးစက်တဲ့ ကျန်းမာရေး ပြဿနာတော့ မဟုတ်ပါဘူး။ ပန်းနာရင်ကျပ် ဆိုတာက အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာ တစ်ခုပါ။ လေပြွန်တွေကျဉ်းလာတာ၊ ရောင်လာတာ၊ ချွဲတွေ အထွက်များတာတွေကို ဖြစ်စေနိုင်တဲ့ ကျန်းမာရေး ပြဿနာ တစ်ခုပါ။ ဒီအခြေအနေတွေက အသက်ရှူရ ခက်စေနိုင်သလို ချောင်းဆိုးတာ၊ အသက်ရှူရင် တရွှီရွှီ မြည်တာ၊ အသက်ရှူတာ ပြတ်တောင်းတောင်း ဖြစ်တာတွေကို ခံစားရစေနိုင်ပါတယ်။ ပန်းနာရင်ကျပ်က အချို့သူတွေမှာ တော်တော်လေး ပြင်းထန်နိုင်ပေမယ့် အချို့သူတွေမှာတော့ သိပ်ပြီး ပြင်းပြင်းထန်ထန် မခံစားရပါဘူး။ တချို့တွေမှာ […]