မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon
မကြာခင်မှာ အသစ်စက်စက်မေမေဖြစ်တော့မယ့် Hello ဆရာဝန်ပရိသတ်ကြီးတွေများရှိနေလား။ ကိုယ်တိုင်အတွက်ပဲဖြစ်ဖြစ် ကိုယ့်ရဲ့ အစ်မ ဒါမှမဟုတ် သူငယ်ချင်းတွေအတွက်ပဲဖြစ်ဖြစ် ဒီဆောင်းပါးလေးက ဖတ်ထားသင့်ပါတယ်နော်။ ဘာလို့ ဒီဆောင်းပါးကို ဖတ်သင့်တယ်၊လို့ပြောရလဲဆိုတာ အကြောင်းအရင်းရှိပါတယ်။ဘေဘီလေးတစ်ယောက် ကိုယ့်ဘဝထဲရောက်လာပြီဆိုရင် သူတို့အဆင်ပြေပါ့မလားဆိုက တစ်နေ့တာရဲ့ ၂၄ နာရီမှာ ၁၆ နာရီမကကို တွေးမိနေမှာပါ။ သိချင်မိတဲ့မေးခွန်းပေါင်းကလည်းသောင်းခြောက်ထောင်ပေါ့။ ဒီလိုသိချင်လောက်မယ့်မေးခွန်းတွေကို ဒီဆောင်းပါးလေးထဲမှာပြောပြပေးမှာဖြစ်လို့ပါနော်။ ကဲ …. သားဦးမေမေတို့သိချင်နေမယ့် အရာများ ရဲ့ အဖြေကို ကြည့်လိုက်ရအောင်လား ……..
အသစ်စက်စက်မေမေတို့ သိချင်လောက်မယ့် မေးခွန်းလေးတွေရဲ့ အဖြေက
ကလေးလေး တော်တော်များများက မွေးလာလာချင်းမှာ ဗိုက်ဆာနေတတ်ကြပြီး ကလေးကမိခင်နို့ကို သောက်ဖို့အဆင်သင့် ဖြစ်နေတတ်ကြပါတယ်။ မိခင်နို့နဲ့ သူတို့ပါးစပ်လေးကို ထိတွေ့ပေးလိုက်တာနဲ့ သဘာဝပေးထားတဲ့ အသိအရ နို့စစို့တော့တာပါပဲ။ နို့ကို ဘေဘီလေးက ချက်ချင်းမစို့ဖြစ်ရင်တောင်မှ မွေးပြီးချိန်ကနေ နာရီဝက်အတွင်းမှာ နို့စစို့ပါလိမ့်မယ်။ နို့ မစို့တတ်မှာ မပူပါနဲ့နော်။
ကလေးက နို့ဝပါ့မလား၊လို့ စိတ်ပူနေမိလား။ စိတ်မပူပါနဲ့နော်။မွေးကင်းစကလေးရဲ့ အစာအိမ်က တော်တော်လေး သေးပါတယ်။ ဒါကြောင့် ကလေးကနို့အများကြီး မစို့နိုင်သေးပါဘူး။ နည်းနည်းချင်းနဲ့ အကြိမ်ရေများများတော့ စို့နိုင်ပါတယ်။
မေမေတွေ နောက်ထပ်စိတ်ပူမိနိုင်တာ တစ်ခုက ကလေးကို ဘယ်လောက်တစ်ကြိမ် နို့တိုက်ရပါ့မလဲ။ ကလေးက ဆာနေတာကို မသိလိုက်ဘဲ နို့မတိုက်မိမှာကို စိတ်ပူမိနိုင်ပါသေးတယ်နော်။
ကလေးလေးတွေ နို့ဆာတဲ့အခါ သူတို့လက်ကို သူတို့စုပ်တာ၊ နှုတ်ခမ်းလေးကို ကျွတ်ကျွတ်မြည်အောင် စုတ်တာ၊ ပါးစပ်ကလေးဖွင့်ပြီး မိခင်နို့ကို ရှာတာမျိုး လုပ်နိုင်ပါတယ်။ ကလေးက အိပ်မနေဘူးဆိုရင် ကလေးကို ညင်ညင်သာသာလေး ထွေးပွေ့လို့ နို့နားမှာ ပါးစပ်လေး တေ့ပေးကြည့်လိုက်ရင်လည်း နို့ဆာနေလားဆိုတာကို သေသေချာချာကို သိရမှာပါ။
ဒါကတော့ ဘေဘီလေးတစ်ယောက်နဲ့တစ်ယောက်မှာ မတူနိုင်ပါဘူး။ ကလေးလေးတွေက ငိုလေလေ ဆာတတ်လေလေပါနော်။ သူတို့လေးတွေရဲ့ ကိုယ်တွင်းက ဟော်မုန်းလေးတွေ ပြောင်းလဲတာကြောင့် ဆာလောင်မှုက ပိုဖြစ်လာရတာပါ။ ကလေးက အငိုသန်ရင်တော့ ခဏခဏကို နို့တိုက်ဖို့လိုမှာပါ။နောက်တစ်ချက်က ကလေးတွေရဲ့ အစာအိမ်က အရမ်းသေးငယ်နေသေးတာကြောင့် တစ်ခါတိုက်ရင် နည်းနည်းချင်းနဲ့ အကြိမ်ရေများများ တိုက်ပေးရမှာပါ။
ကလေးကို နို့တိုက်တဲ့အခါ ဘယ်လောက်ကြာကြာ တိုက်ရမယ်လို့ မရှိပါဘူး။ ကလေးက နို့ဝတဲ့အခါ နို့ကို ဆက်မသောက်တော့တာမျိုး၊ နို့ကိုပါးစပ်ကနေဖြုတ်တာမျိုး လုပ်ပါလိမ့်မယ်။ ဒါက သူနို့ဝသွားပြီဆိုတဲ့ သဘောပါ။ ဒါကြောင့် ဘယ်လောက်ကြာကြာ နို့တိုက်ရမယ်လို့ အချိန်အတိအကျ သတ်မှတ်ချက် မရှိပါဘူးနော်။ ဘေဘီက အစားပုတ်လေးဆိုရင်တော့ နို့စို့ချိန်က ပိုကြာနိုင်ပြီး ခဏခဏလည်း ဆာနိုင်ပါတယ်နော်။
ကလေးတွေက နို့ဝပြီဆိုတာကို နို့ဆက်မစို့တော့ဘဲ အချက်ပြပါလိမ့်မယ်။ အရမ်းကြီး စိုးရိမ်နေဖို့ မလိုပါဘူးနော်။ နို့ဝတဲ့အခါ နို့သီးခေါင်းကို ပါးစပ်ကနေ ဖြုတ်လို့အိပ်သွားတာမျိုး ရှိနိုင်သလို နို့ဆက်စို့ဖို့ ငြင်းဆန်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါဆိုရင်တော့ ကလေးက နို့ဝနေပြီဆိုတဲ့ အဓိပ္ပါယ်ပါနော်။ ကလေးကိုမွေးစမှာ တစ်နေ့ကို နို့ ၈ ကြိမ်ကနေ ၁၂ ကြိမ်အထိ တိုက်ပေးသင့်ပါတယ်နော်။
ကဲ အသစ်စက်စက် မေမေတို့ရေ သဘာဝတရားကြီးက ဘေဘီလေးကို လိုအပ်တဲ့ အသိဉာဏ်တွေ ထည့်ပေးလိုက်မှာဆိုတော့ အရမ်းကြီး စိတ်ပူမနေဖို့ ပြောပါရစေ။ အခုချိန်မှာ ဘာမှမလုပ်တတ်သေးပေမယ့် မိခင်မေတ္တာကြောင့် ကလေးကို အကောင်းဆုံးပျိုးထောင်ပေးနိုင်မှာပါနော်။ အရာရာကို တအားကြီး စိတ်မပူပါနဲ့……..
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Aye Thi Mon
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။