ကိုယ့်အိမ်မှာ လှေကားရှိတယ်ဆိုရင် စိုးရိမ်လို့ဆိုပြီး ၂ နှစ်အရွယ်ကလေးကို ချီပြီး မတက်ပါနဲ့တော့။ အဲဒီအစား ကလေးလှေကားတက်တတ်အောင် ဘေးကနေ သင်ပေးပါ။ အားပေးပါ။ ကလေးအတွက် သင့်တော်တဲ့ စာအုပ်တွေဝယ်ပေးပြီး ပုံပြင်တွေပြောပြပါ။ သားသားနာမည် ဘယ်လိုခေါ်လဲလို့သူများတွေမေးရင် ပြန်ဖြေတတ်အောင် အိမ်မှာ ကလေးကို နာမည်လေးတွေ ခေါ်ခေါ်ပေးပါ။
အသက် ၃ နှစ် | - လှေကားကို ခြေထောက် တစ်ဘက်ချင်းစီနဲ့ တစ်လှမ်းချင်းတက်တတ်နေပြီ။
- အထိန်းပါတဲ့ စက်ဘီးစီးတတ်နေပြီ။
- ဝလုံးဆွဲတတ်နေပြီ။
- ကိုယ့်နာမည်၊ အသက်နဲ့ သားသားလား မီးမီးလားဆိုတာ သူများတွေမေးရင် ပြောပြတတ်နေပြီ။
- သေးပေါက်ချတာတွေလည်း နည်းသွားလို့သေးခံတွေလည်း ခဏ ခဏ လဲစရာ မလိုတော့ဘူး။ ။
|
အသက် ၃ နှစ်ဆိုတာ မူကြိုကျောင်းတက်လို့ ရနေတဲ့ အရွယ်ပါ။ မူကြိုကျောင်းထားပြီး ဝလုံးရေးတတ်အောင်၊ စာရေးတတ်အောင် သင်ပေးလို့ရနေပါပြီ။ အထိန်းပါတဲ့ စက်ဘီးလေးဝယ်ပေးပြီး ကလေးစက်ဘီးစီးတတ်အောင် ဘေးကနေ လိုက်ထိန်းပြီး သင်ပေးလို့ရနေပါပြီ။
ကိုယ့်ကလေးက သူများကလေးတွေထက် မသာနေရင်တောင် အရာရာမှာနောက်ကျ ကျန်မနေခဲ့စေချင်ကြတာ မိဘတိုင်းရဲ့ စေတနာပါ။ သားသားမီးမီးလေးတွေ ဗိုက်ထဲမှာရှိနေတည်းက သူတို့လေးတွေ အပြင်ရောက်လာရင် ဘယ်လိုသင်ပေးမယ်၊ ဘယ်လိုပြုစုပေးမယ်၊ ဘယ်လိုထိန်းကျောင်းမယ်ဆိုတဲ့ စိတ်ကူးတွေ မိဘတိုင်းမှာရှိကြပါတယ်။ ဒီလို စိတ်ကူးရှိကြတဲ့ မိဘတိုင်း အတွက် ခုဆောင်းပါးလေးက အထောက်အကူဖြစ်စေမယ်လို့ ရည်ရွယ်ပါတယ်။ ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။