backup og meta

အလုပ်များတဲ့ အိမ်ထောင်သည်အမျိုးသမီးတွေအတွက် လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း

အလုပ်များတဲ့ အိမ်ထောင်သည်အမျိုးသမီးတွေအတွက် လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း

တစ်နေ့တာမှာလုပ်စရာတွေများလွန်းလို့ ကိုယ့်ကိုကိုယ်တောင်ဂရုစိုက်မကြည့်မိဘူး။ မိုးလင်းတာနဲ့ ချက်ရပြုတ်ရ၊ ရှင်းလင်းရနဲ့ အိမ်ထောင်ရှင်မတစ်ယောက်ရဲ့ တာဝန်တွေထမ်းဆောင်ရတယ်။ ပြီးရင် ပြင်ဆင်ပြီး ရုံးသွားလို့ ရုံးဝန်ထမ်းအဖြစ် တစ်နေ့တာကို ကုန်ဆုံးရပြန်တယ်နော်။ ကျရာဇာတ်ရုပ်မှာ ပီပီပြင်ပြင်သရုပ်ဆောင်ရင်းပေါ့။ ဒီနေ့ခေတ်မှာဆိုရင် အမျိုးသမီးတွေက အရင်တုန်းကလို အိမ်မှာနေ၊ကလေးထိန်း အိမ်မှုကိစ္စလုပ်ရုံတင်မဟုတ်တော့ဘဲ အပြင်ထွက်အလုပ်လုပ်ရတဲ့အတွက် အလုပ်ပိုများလာတာတော့အမှန်ပါပဲ။ ဒီလိုအလုပ်များတဲ့လေဒီတွေအနေနဲ့ အဆင်သင့်မဖြစ်ခင်မှာ ကလေးရသွားတဲ့အခါ တစ်ပူပေါ်တစ်ပူဆင့် အလုပ်ပိုများလာမှာဖြစ်တာကြောင့် မအားတဲ့ကြားထဲကနေပဲ သားဆက်ခြားဖို့ကိုလည်း လုပ်ရပြန်ပါသေးတယ်။

သားဆက်ခြားနည်းအမျိုးမျိုးကို သုံးရပြီလေ။

အလုပ်များတဲ့အမျိုးသမီးတွေအတွက် သားဆက်ခြားနည်းတွေကို ထပ်သုံးရတာကလည်း နောက်ထပ်အလုပ်ပိုတစ်ခုပါ။ လေဒီတို့ရွေးချယ်နိုင်တဲ့သားဆက်ခြားနည်းတွေက

အလုပ်များတဲ့သူတွေအတွက် ရွေးချယ်စရာနည်းလမ်းနှစ်ခု။

ဒီနည်းလမ်းတွေက တစ်မျိုးစီမှာအားသာချက်တွေအသီးသီးရှိကြပေမယ့် အချိန်ပေးရတာကတော့အမှန်ပါပဲ။ဆေးသောက်မယ်ဆိုရင်လည်း တစ်ရက်မပျက်သောက်ရမှာဖြစ်သလိုဆေးထိုးမယ်ဆိုရင်လည်း သတ်မှတ်ရက်မှာ ဆရာဝန်ဆီသွားပြီး ရက်အတိအကျနဲ့ဆေးထိုးရမှာပါ။ ကွန်ဒုံးဆိုရင်လည်း ဆက်ဆံမှုပြုတိုင်းမှာ သတိထားပြီး အသုံးပြုရမှာပါပဲ။ ဒီတော့ အလုပ်များတဲ့သူတွေအတွက် ရွေးချယ်စရာက နှစ်ခုကျန်တယ်။

သားအိမ်တွင်းထည့်ပစ္စည်း (IUD) နဲ့ လက်မောင်းတွင်းထည့်ပစ္စည်း (Implant) တို့ကတော့ အခုပြောခဲ့တဲ့ နည်းလမ်းတွေလို အလုပ်မရှုပ်လှပါဘူး။ ဒါပေမယ့် တစ်ခုရှိတာက IUD ကရာသီလာစဉ်မှာ သားအိမ်ကြွက်သားတွေပုံမှန်ထက်နာကျင်တာမျိုးတွေခံစားရနိုင်ရသလို ရာသီမလာခင်ခံစားရနိုင်တဲ့ရောဂါလက္ခဏာတွေကို ပုံမှန်ထက်ပိုမိုခံစားရတာမျိုးတွေရှိနိုင်ပါတယ်။ဟော်မုန်းပါတဲ့ သားအိမ်တွင်းထည့်ပစ္စည်းက ရာသီစက်ဝန်းရပ်တန့်သွားတာမျိုးအထိဖြစ်စေနိုင်ပါတယ်။နောက်တစ်ချက်က IUD ကလိင်ဆက်ဆံတဲ့အခါ ထိခိုက်မိမလား၊ အဆင်မပြေဖြစ်မလားဆိုပြီး စိတ်ပူရတာမျိုးတွေရှိနိုင်ပါတယ်။ ဒီပြဿနာတွေကနေကင်းဝေးပြီး ကိုယ်ဝန်ရရှိနိုင်ခြေကို သိသိသာသာလျှော့ချပေးနိုင်မယ့် နည်းလမ်းကောင်းတစ်ခုကတော့ လက်မောင်းတွင်းထည့်ပစ္စည်းပါ။ ဒါကြောင့်လေဒီတို့အနေနဲ့ နေ့ရက်တိုင်းကို ယုံကြည့်မှုရှိရှိနဲ့ဖြတ်သန်းလိုတယ်ဆိုရင်တော့ လက်မောင်းတွင်းထည့်ပစ္စည်းက အကောင်းဆုံး သားဆက်ခြားနည်းဖြစ်မယ်လို့ပြောပါရစေ။

ဘာကြောင့် လက်မောင်းတွင်းထည့်ပစ္စည်းကိုရွေးချယ်ခိုင်းရတာလဲ။

လက်မောင်းတွင်းထည့်ပစ္စည်းဆိုတာ

မီးခြစ်တံအရွယ်အစား ရှိတဲ့ ပျော့ပျောင်းတဲ့ ပစ္စည်းလေးပါ။ ထုံဆေးပေးပြီး လက်မောင်းရဲ့ အရေပြားအောက်ကို ထည့်သွင်းပေးရပါမယ်။ တတ်ကျွမ်းတဲ့သူလုပ်ပေးမှတော့ရမှာပါ။ လက်မောင်းထဲ ထည့်သွင်းတဲ့ပစ္စည်းဟာ ကိုယ်ဝန်ရရှိမှုကို ၉၉ ရာခိုင်နှုန်းထက်ပိုမို ကာကွယ်ပေးပြီး သုံးနှစ်အထိ အသုံးပြုနိုင်ပါတယ်။progestationalဟော်မုန်းပါဝင်တာကြောင့် သားအိမ်နဲ့ သားအိမ်ခေါင်းနံရံက အချွဲမြှေးတွေကို ထူစေပြီး မျိုးမအောင်အောင်တားဆီးပေးတဲ့ သန္ဓေတားနည်းလမ်းတစ်ခုပေါ့။

လက်မောင်းတွင်းထည့်ပစ္စည်းရဲ့ အားသာချက်တွေ

  • လက်မောင်းတွင်းထည့်ပစ္စည်းက အလုပ်များတဲ့လေဒီတွေအတွက်နှစ်နဲ့ချီပြီး ဂရုစိုက်စရာမလိုတဲ့ သားဆက်ခြားနည်းပါ။ အနည်းဆုံး ၃ နှစ်အထိ ခံပါတယ်။
  • ထည့်ပြီး ၂၄ နာရီအတွင်း စပြီး အာနိသင်ရှိပါတယ်။
  • ၉၉ ရာခိုင်နှုန်းကျော်အထိ စိတ်ချရတဲ့ သားဆက်ခြားနည်းတစ်ခုပါ။
  • ထည့်မယ့်အချိန်မှာပဲဆေးခန်းကို သွားရမှာဖြစ်ပြီး ပုံမှန်စစ်ဆေးနေစရာမလိုပါဘူး။
  • ရာသီလာစဉ်နာကျင်ကိုက်ခဲမှုဝေဒနာကိုလျော့ပါးသက်သာစေနိုင်ပါတယ်။
  • ဖယ်လိုက်တာနဲ့ ကိုယ်ဝန်ပြန်ဆောင်လို့ရနိုင်ပါတယ်။
  • လိင်ဆက်ဆံမှုမလုပ်ခင်မှာ သတိထားပြီး အကာအကွယ်သုံးစရာမလိုပါဘူး။

ဒီလောက်ထိအဆင်ပြေစိတ်ချနေရမှတော့ အလုပ်များတဲ့လေဒီတွေအတွက်ရွေးချယ်သင့်တဲ့ သားဆက်ခြားနည်းတစ်ခုလို့ပြောတာမှားမယ်မထင်ပါဘူး။

ဘယ်သူတွေ လက်မောင်းတွင်းထည့်ပစ္စည်းမသုံးသင့်ဘူးလဲ

တကယ်လို့လေဒီလေးကဒီလိုမျိုးတွေရှိနေရင်တော့ လက်မောင်းတွင်းထည့်ပစ္စည်းအသုံးမပြုသင့်ပါဘူး။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

IMPLANThttps://www.bedsider.org/methods/implant Accessed Date 10 December 2018

What are the benefits of using the birth control implant?https://www.plannedparenthood.org/learn/birth-control/birth-control-implant-implanon/what-are-the-benefits-of-using-the-birth-control-implant Accessed Date 10 December 2018

Contraceptive implanthttps://www.mayoclinic.org/tests-procedures/contraceptive-implant/about/pac-20393619 Accessed Date 10 December 2018

Birth control; which method is right for me?https://www.uptodate.com/contents/birth-control-which-method-is-right-for-me-beyond-the-basics Accessed Date 10 December 2018

ယခုပုံစံ

21/09/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အလုပ်များတဲ့အမျိုးသမီးတွေအတွက် အသင့်တော်ဆုံးသန္ဓေတားနည်းများ

သန္ဓေတားသောက်ဆေးအကြောင်း သိထားသင့်သမျှ



Aye Thi Mon မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement