backup og meta

သင်က ခြေချိတ်ထိုင်တတ်သူလား


Aye Thi Mon မှ ရေးသားသည်။ · 28/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင်က ခြေချိတ်ထိုင်တတ်သူလား

    ယနေ့ခေတ်ရဲ့ ဘဝနေထိုင်မှုကိုက ကွန်ပျူတာရှေ့မှာ တစ်နေကုန်အောင်ထိုင်ပြီး အလုပ်လုပ်ရတာပါ။ ဒီလောက်တင်ပဲလားဆိုတော့ မဟုတ်သေးပြန်ပါဘူး။နေ့လယ်စာစားချိန်ရော ညနေစာစားချိန်တွေမှာပါခုံမှာပဲထိုင်နေရပြန်တယ်နော် ဒီလိုထိုင်တဲ့အခါ တစ်ချိန်လုံးထိုင်နေရတဲ့အတွက်ခြေထောက်ကို ချထားဖို့ထက် လုပ်မိနိုင်တာခြေထောက်ကို ချိတ်ထိုင်တာပါ။ ဒီလိုထိုင်တာက ရိုးရိုးခြေထောက်ချထိုင်တာထက် နည်းနည်းတော့ သက်တောင့်သက်သာဖြစ်တယ်နော်။ ဒီလိုထိုင်တာက ခန္ဓါကိုယ်မှာ ဘာတွေပြောင်းလဲသွားနိုင်လဲဆိုတာကို စဉ်းစားမိရဲ့လား။

    ခြေချိတ်ထိုင်ခြင်းနှင့်ကျန်းမာရေး

    ခြေချိတ်ထိုင်တာက သက်တောင့်သက်သာဖြစ်သွားပေမယ့်ရေရှည်မှာ ကျန်းမာရေးပြဿနာရှိနိုင်ပါတယ်။ ခဏတာကတော့ပြဿနာမရှိပါဘူး။ခြေချိတ်ထိုင်တာကို အချိန်ကြာမြင့်စွာထိုင်မယ်ဆိုရင်တော့

    • ခြေချိတ်ထိုင်တာက နှလုံးဆီသွေးပြန်စီးဆင်းမှုများစေပြီးသွေးတိုးတာမျိုးဖြစ်စေနိုင်ပါတယ်။
    • ကိုယ်ဝန်ဆောင်တွေအနေနဲ့လည်းခြေချိတ်ထိုင်မယ်ဆိုရင်မွေးလာမယ့်ကလေးမှာနောက်ဆက်တွဲရောဂါတွေပါလာတာမျိုးဖြစ်စေနိုင်ပါတယ်။
    • ခြေချိတ်ထိုင်တာက ပုံမှန်အတိုင်းမှာတောင် အနည်းငယ်သွေးတိုးစေနိုင်ပါတယ်။ ဒီလိုသွေးတိုးမှုကနေတဆင့် သွေးခဲပိတ်ဆို့တာ၊ လေဖြတ်တာရုတ်တရက်နှလုံးရပ်သွားတာမျိုးတွေအထိခံစားရနိုင်ပါတယ်။
    • ခြေထောက်တွေကို ထုံကျဉ်စေနိုင်တယ်။
    • ခြေထောက်ကြွက်သားတွေကို သွေးစီးဆင်းရောက်ရှိမှုနှေးစေပြီးခြေထောက်တွေကိုတောင့်တင်းစေနိုင်ပါတယ်။
    • နှလုံးသွေးကြောဆိုင်ရာရောဂါတွေဖြစ်စေနိုင်ပါတယ်။
    • ကြွက်သားတွေမှာ တင်းအားတွေများစေပြီး ခါးနာတာမျိုးဖြစ်နိုင်ပါတယ်။
    • ခြေထောက်ညောင်းတာ၊ ကိုက်တာမျိုးဖြစ်စေနိုင်တယ်။
    • ခြေသလုံးကြွက်သားတွေကို ဒဏ်ဖြစ်စေနိုင်တယ်။
    • အာရုံကြောတွေကို ဖိထားသလိုမျိုးဖြစ်စေနိုင်တယ်။
    • တင်ပါးဆုံရိုးတွေကို နာကျင်စေနိုင်တယ်။
    • ဇက်ကြော နဲ့ကျောရိုးကို ဝန်ပိစေနိုင်တယ်။
    • ခြေချိတ်ထိုင်တာကြောင့်အရွတ်တွေမှာ ဒဏ်ဖြစ်စေနိုင်ပါတယ်။
    • အဆိုးဆုံးအနေနဲ့ကတော့သွေးပြန်ကြောတွေထူလာပြီး နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါကို ခံစားရနိုင်တာပါ။

    လေ့လာမှုရလဒ်အချို့

    ခြေချိတ်ထိုင်တာက သက်တောင့်သက်သာဖြစ်စေနိုင်သလိုတော်တော်များများလည်း ထိုင်မိနေမှာပါ။ ဒီလိုထိုင်တာက ခဏတာအတွက်တော့ ဟုတ်ပေမယ့်ရေရှည်မှာ ကျန်းမာရေးပြဿနာတွေရှိနိုင်ပါတယ်။လေ့လာမှုတွေအရတော့ လူတစ်ယောက်ရဲ့ ထိုင်တဲ့ပုံစံကသွေးဖိအားအပေါ်မှာ သက်ရောက်မှုရှိနေနိုင်ပါတယ်။ခြေချိတ်ထိုင်တာက ခဏပဲထိုင်ရင်တောင် အပေါ်သွေးဖိအားကို ၇ ရာခိုင်နှုန်းလောက်အထိတိုးစေနိုင်ပါတယ်။အောက်သွေးဖိအားကို ၂ ရာခိုင်နှုန်းလောက်အထိတိုးစေနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ အခြားလေ့လာမှုတွေအရခြေချိတ်ထိုင်တာကကျောရိုးပေါ်မှာဝန်ပိစေပြီး ဇက်ကြော နဲ့ ခါးနာကျင်မှုတွေကိုဖြစ်စေနိုင်တယ်၊လို့သိရပါတယ်။ခြေချိတ်ထိုင်တာကခြေထောက်တစ်ဖက်ပေါ်တစ်ဖက်က ဖိထားတာကြောင့် တင်ပါးဆုံးရိုးကို ဟန်ချက်မညီဖြစ်စေပြီးကျောရိုးပေါ်မှာ ဖိအားတွေသက်ရောက်တာနဲ့ နာကျင်တာတွေဖြစ်စေနိုင်ပါတယ်။

    ဒါတွေအပြင် ခြေချိတ်ထိုင်တာအချိန်ကြာလာတဲ့အခါ အရိုးပွေစနိုင်သလိုခြေထောက်နဲ့ ခါးအောက်ပိုင်းနားက အရွတ်တွေကို ထိခိုက်ပျက်စီးစေနိုင်ပြီး အာရုံကြောတွေ ကိုပါ ထိခိုက်စေနိုင်ပါတယ်။ခြေသလုံးကိုသွေးစီးဆင်းရောက်ရှိမှုနည်းစေပြီးခြေသလုံးမှာ ပင့်ကူမျှင်သွေးကြောတွေဖြစ်လာစေနိုင်ပါတယ်။ အဆိုးဆုံးအနေနဲ့နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါကိုခံစားရနိုင်တယ်လို့ လေ့လာမှုရလဒ်တွေအရ သိရပါတယ်။

    ဘယ်လိုဖြေရှင်းမလဲ

    အချိန်ကန့်သတ်ပါ -ခြေထောက်ကိုလုံးဝမချိတ်ထိုင်သင့်ဘူး၊လို့ မဆိုလိုပါဘူး။ ထိုင်တဲ့အချိန်ကို ကန့်သတ်ဖို့ပါ။ ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက်အထိထိုင်ပြီးတဲ့အခါခြေထောက်ကို ဆန့်ဆန့်လေးထိုင်တာမျိုးလုပ်ပေးပါ။ ဒါမှမဟုတ် ခဏထရပ်ပြီး လမ်းလျှောက်တာမျိုးဖြစ်ဖြစ်လုပ်ပေးပါ။ခြေထောက်ကိုလှုပ်ပေးလို့လည်းရပါတယ်။

    အနေအထားမှန်မှန်ထိုင်ပါ – ထိုင်ခုံမှာ ခပ်မတ်မတ်လေးထိုင်ပြီး ကိုယ်နေဟန်ထားမှန်မှန်လေးဖြစ်အောင် ဂရုစိုက်ပေးပါ။ ဒါမှနောက်ကျောနဲ့ခြေထောက်ကြွက်သားတွေအပေါ်မှာ ဝန်မပိစေမှာပါ။

    ကဲ သတိလေးထားပြီး ထိုင်တဲ့ပုံစံလေးကို မကြာမကြာပြင်ပေးပါနော် …….

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 28/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement