home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

မေမေဗိုက်တို့ ချောင်းဆိုးလာတဲ့အခါ

မေမေဗိုက်တို့ ချောင်းဆိုးလာတဲ့အခါ

ကိုယ်ဝန်စရှိလာတည်းကမေမေတို့ရဲ့ကိုယ်ခံအားစနစ်ကပြောင်းလဲလာလေ့ရှိပါတယ်။ ဒီလိုပြောင်းလဲလာတာကြောင့်ပဲမေမေဗိုက်တို့မှာ အအေးမိ၊ချောင်းဆိုးဝေဒနာတွေ ကြုံတွေ့ရတတ်ပါတယ်။ ဒါပေမယ့် ဒီဝေဒနာတွေက အကြာကြီးတော့မဟုတ်ပါဘူး။နောက်ထပ်သတင်းကောင်းတစ်ခုကမေမေတို့နေမကောင်းဖြစ်လို့ ပင်ပန်းနွမ်းလျနေရင်တောင် အအေးမိ၊ချောင်းဆိုး လက္ခဏာတွေက ဗိုက်ထဲကဘေဘီအတွက် အန္တရာယ်မရှိနိုင်ပါဘူးတဲ့။ ဆရာဝန်ပြပြီး ထိုက်သင့်တဲ့ကုသစောင့်ရှောက်မှုကိုခံယူဖို့တော့ လိုတာပေါ့လေ။

ကိုယ်ဝန်ဆောင်ကာလမှာ အအေးမိ၊ ချောင်းဆိုးမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ

ကိုယ်ဝန်ဆောင်ကာလမှာ အအေးမိတာ ဖျားနာ၊ချောင်းဆိုးတာတွေ ဖြစ်လာရင် သူများတွေလို ဆေးအလွယ်သောက်လို့ မရတာ မမေ့ပါနဲ့နော်။ နောက်ပြန်သက်သာတယ်ပဲထား နေမကောင်းလိုက်တာနဲ့ လူကအားနည်းသွားပြီဆိုတော့ ကလေးအတွက် အာဟာရတွေ အလုံအလောက် ဘယ်ပေးနိုင်တော့မလဲ။ ကိုယ့်ဘေဘီလေးအတွက် စဉ်းစားပြီးတော့ ကိုယ့်ကိုယ်ကို ပိုဂရုစိုက်ပေးပါ။

ဒါတွေကြိုတင်ကာကွယ်ဖို့ အကောင်းဆုံးနည်းက ကျန်းမာတဲ့နေထိုင်မှုပုံစံကိုထိန်းသိမ်းဖို့ပါ။ကိုယ်ကြိုက်တာမကြိုက်တာထက် အာဟာရပြည့်ဖို့၊ အဓိကထားပြီးစားပါ။ အိပ်ရေးဝအောင်အိပ်ပါ။ ကိုယ်ခံအားပြည့်ဖို့ ဂရုစိုက်ပါ။ ပုံမှန်လှုပ်ရှားမှုလေးလုပ်ပါ ၊ ဥပမာလမ်းလျှောက်တာမျိုး။ ဆရာဝန်နဲ့တိုင်ပင်ပြီး ကိုယ်ဝန်ဆောင်အားဆေးတစ်ခုခုသောက်ရင် ပိုကောင်းပါတယ်။

လက်ဆေးတဲ့အကျင့်လုပ်ပါ။သူများဆီကရောဂါပိုးမွှားတွေ မကူးစက်အောင်လို့ လက်ဆေးတတ်တဲ့အကျင့်ကိုမွေးထားပါ။ တစ်ကိုယ်ရေသန့်ရှင်းမှုကိုဂရုစိုက်ပါ။နေမကောင်းတဲ့သူတွေအနားကို နီးနီးနေတာ၊ ထိတွေ့တာရှောင်ပါ။ ကိုယ့်အနားကလူတစ်ယောက်ယောက် အအေးမိ၊ချောင်းဆိုးဖြစ်ရင် ပိုသတိထားပါ။

မေမေဗိုက်တို့ ချောင်းဆိုးရင် ဘယ်လိုသက်သာအောင်လုပ်ရမလဲ

  • အနားယူပါ။အိပ်နေရုံနဲ့ဝေဒနာတွေအကုန်သက်သာသွားမယ်လို့မဆိုလိုပေမယ့်နေမကောင်းချိန်မှာ ခန္ဓာကိုယ်ကို အနားပေးဖို့လိုပါတယ်။ ကိုယ်ခံအားက ရောဂါကိုတိုက်ထုတ်နိုင်ဖို့ အားမွေးလိုက်ပါ။
  • သင့်တင့်တဲ့ကိုယ်လက်လှုပ်ရှားမှုကို လုပ်ပါ။အနားယူသင့်တယ်ဆိုတာ တချိန်လုံးအိပ်ရာထဲခွေနေဖို့မဟုတ်ပါဘူးနော်။ အဖျားတက်နေတာ၊ အရမ်းချောင်းဆိုးနေတာ မဟုတ်ဘူးဆိုရင် ကိုယ်ဝန်နဲ့သင့်လျော်တဲ့ ကိုယ်လက်လှုပ်ရှားမှုတစ်ခုခု လုပ်တာ၊ လမ်းလျှောက်တာလောက်ကနေလို့ထိုင်လို့ပိုကောင်းစေနိုင်ပါတယ်။
  • အစားမပျက်ပါနဲ့။နေမကောင်းတော့ စားချင်စိတ်သိပ်မရှိတတ်တာမှန်ပါတယ်။ ဒါပေမယ့် ကိုယ့်ကျန်းမာရေး၊ဘေဘီလေးရဲ့ကျန်းမာရေးအတွက် စဉ်းစားပြီး ဝင်အောင်စားပါ။ အားဖြစ်မယ့်အစားအစာတွေ ကြိုးစားပြီးစားပါ။ ကြက်စွပ်ပြုတ်လို အာဟာရဖြစ်မယ့်အစားအစာတွေက ကိုယ်ခံအားကိုပိုကောင်းစေပြီး အအေးမိဝေဒနာတွေကိုသက်သာစေနိုင်ပါတယ်။
  • ဗီတာမင်စီ အစားအစာတွေကို ဦးစားပေးပါ။ဗီတာမင်စီက ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးနိုင်ပါတယ်။ လိမ္မော်သီး၊ ဂရိတ်ဖရု၊ စတော်ဘယ်ရီ၊ ကီဝီ စတဲ့အချဉ်သီးတွေစားပေးပါ။
  • ရေများများသောက်ပါ။အအေးမိဝေဒနာနဲ့ချောင်းဆိုးချွဲကျပ်ကမေမေနဲ့ဘေဘီလေးအတွက် ခန္ဓာကိုယ်မှာလိုအပ်တဲ့အရည်ဓာတ်တွေကို ဆုံးရှုံးရစေပါတယ်။ အရည်ပူပူနွေးနွေးတွေက သက်သာစေနိုင်လို့ရေနွေးကြမ်းသောက်ပါ၊ စွပ်ပြုတ်ပူပူသောက်ပါ။ရေဓါတ်ပြည့်ဝအောင်နေပါ။
  • ခေါင်းအုံးမြှင့် အိပ်ပါ။အိပ်တဲ့အခါ အသက်ရှူရပိုလွယ်စေဖို့ခေါင်းအုံးမြှင့်အိပ်တာကောင်းပါတယ်။ ခေါင်းအုံးဆင့်လို့ အဆင်မပြေရင် စောင်ဖြစ်ဖြစ် ခုပြီးအိပ်ပါ။
  • ဆားရည်ငုံပါ။လည်ချောင်းယားတာ၊လည်ချောင်းနာတာသက်သာစေဖို့ ဆားရည်နွေးနွေးလေးငုံပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Yun Sandi Nan Mon မှ ရေးသားသည်။ 11/07/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။