မွေးဖွားပြီးချိန် ဗိုက်အောင့်ရတဲ့ အကြောင်းအရင်းတွေက ဘာတွေဖြစ်မလဲ
ဗိုက်အောင့် ဗိုက်နာတယ်ဆိုတာက မီးမဖွားခင် ကာလမှာပဲ ဖြစ်တတ်တာ မဟုတ်ပါဘူး။ မီးဖွားပြီးချိန်မှာလည်း ဖြစ်နိုင်ပါတယ်။ မွေးဖွားပြီးချိန် ကစလို့ ရက်သတ္တပတ် ၆ ပတ်တာကာလမှာ ခန္ဓာကိုယ်က ပုံမှန် အနေအထားရောက်အောင် ပြန်လည် လုပ်ဆောင်နေချိန်ပါ။ ဒီကာလမှ ဗိုက်အောင့်တာ အပါအဝင် အမျိုးမျိုးသော ကျန်းမာရေး အခြေအနေတွေကို ခံစား ကျော်လွှားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ မွေးဖွားပြီးချိန် ဗိုက်အောင့်ရတဲ့ အကြောင်းအရင်းတွေက ဘာတွေဖြစ်မလဲ ....... ဒီအခြေအနေတွေကို ဘယ်လို သက်သာအောင် လုပ်ရမလဲ ...... ဆိုတာနဲ့ ဘယ်အခြေအနေတွေဆိုရင် ကုသမှု ခံယူဖို့ လိုမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ မွေးဖွားပြီးချိန် ဗိုက်အောင့်တာ စိုးရိမ် ရလား ....... မွေးဖွားပြီးချိန် ဗိုက်အောက်ပိုင်းနား ဆီးစပ်တစ်ဝိုက်မှာ အောင့်တာကို ခံစားရတာမျိုးက အဖြစ်များပါတယ်။ အများစုကတော့ အန္တရာယ် မရှိပါဘူး။ ဘာကြောင့် […]