အသီးအနှံကြိုက်တဲ့ လေဒီဗိုက်တို့ သိထားသင့်တဲ့အချက်အချို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 3 ဖတ်ရန် ကြာချိန်
Share now

အသီးတွေစားရတာကို အရင်ကတည်းက ကြိုက်တာ ဒါပေမယ့် ကိုယ်ဝန်ဆောင်နေရတဲ့အချိန်မှာ ကိုယ်စားလိုက်တဲ့အစားတစ်လုတ်ကြောင့် ဗိုက်ထဲက လူမမယ်ဘေဘီလေးထိခိုက်သွားမလားဆိုပြီး စိုးရိမ်နေတဲ့မေမေဗိုက်တွေရှိလား။ ဒါဆိုရင် ဒီဆောင်းပါးလေးက စဉ်းစားနေရသမျှကို အဖြေပေးနိုင်မှာပါ။

ကိုယ်ဝန်ဆောင်နေချိန်မှာ ဘယ်အသီးတွေစားလို့ ဘယ်အသီးတွေရှောင်ရမလဲ…….

ကိုယ်ဝန်ဆောင်နေချိန်မှာ ဘာစားစားခံတွင်းမတွေ့ဘူး သစ်သီးတွေပဲ စားချင်နေတယ်၊ စားလို့ဖြစ်ပါ့မလားဆိုပြီး စိတ်ပူနေလား။ ဒါဆိုရင်တော့ တူတူဆက်ကြည့်ရအောင်နော်။

ဒီအသီးတွေရှောင်ပါ

ကိုယ်ဝန်ဆောင်နေချိန်မှာ ဗိုက်ထဲကဘေဘီလေးကျန်းမာစေဖို့ဆိုရင်မေမေတို့အနေနဲ့ ဒါတွေမစားသင့်ပါဘူး။

(၁) နာနတ်သီး

ကိုယ်ဝန်ဆောင်မေမေတွေ မဖြစ်မနေရှောင်သင့်တဲ့ အသီးတစ်မျိုးပါ။ သားအိမ်ကြွက်သားကျုံ့ဆန့်မှုကိုဖြစ်စေနိုင်တာကြောင့် ကိုယ်ဝန်ပျက်ကျတဲ့အထိဖြစ်စေနိုင်တဲ့အတွက် ကိုယ်ဝန်ဆောင်မေမေတွေမစားသင့်ပါဘူး။နောက်တစ်ချက်က နာနတ်သီးမှာbromelain လို့ခေါ်တဲ့ အင်ဇိုင်းတစ်မျိုးပါဝင်နေတာကြောင့် သားအိမ်ကျုံ့ဆန့်မှုကိုဖြစ်စေနိုင်တာကြောင့် ကိုယ်ဝန်ဆောင်မေမေတွေလုံးဝမစားသင့်ပါဘူး။

(၂) သင်္ဘောသီး

ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓါတ်တွေပါတယ်ဆိုပေမယ့် ကိုယ်ဝန်ဆောင်မေမေတို့အတွက်တော့ မသင့်တော်ပါဘူး။ ခန္ဓါကိုယ်အပူချိန်ကို တိုးစေနိုင်တာကြောင့် ကိုယ်ဝန်ဆောင်မေမေတွေစားသုံးဖို့ မသင့်တော်ပါဘူး။ သင်္ဘောသီးမှာပါတဲ့ အစေးက သားအိမ်ကြွက်သားတွေကို ကျုံ့ဆန့်စေနိုင်ပြီး ကိုယ်ဝန်ပျက်ကျစေနိုင်သလို သန္ဓေသားကြီးထွားဖွံ့ဖြိုးမှုကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ သင်္ဘောသီးစိမ်းရော၊ အမှည့်ကိုပါ မစားသင့်ပါဘူး။

(၃) စပျစ်သီး

ကိုယ်ဝန်ဆောင်ချိန်မှာ အစိမ်းရောင်စပျစ်သီးကိုရော ခရမ်းရောင် စပျစ်သီးကိုပါ မစားသင့်ပါဘူး။ ဒါ့အပြင် စပျစ်ဝိုင်ကိုလည်း မသောက်သင့်ပါဘူး။ စပျစ်သီးမှာပါတဲ့ဒြပ်ပေါင်းတစ်မျိုးဖြစ်တဲ့resveratrolဒြပ်ပေါင်းက ကိုယ်ဝန်ဆောင်မိခင်တွေအတွက်တော့ အဆိပ်အတောက်ပါ။ စပျစ်သီးရဲ့ အသားက အစာကြေဖို့ခက်သလို အက်ဆစ်ပါဝင်မှုလည်းများတာကြောင့် ကိုယ်ဝန်ဆောင်မေမေတွေကို ကိုယ်ဝန်ဆောင်ကာလပျို့အန်ခြင်းနဲ့ ဝမ်းပျက်ဝမ်းလျှောဖြစ်တာတွေကိုဖြစ်စေနိုင်ပါတယ်။

(၄) မန်ကျည်းသီး

မန်ကျည်းသီးက ဗီတာမင် C ကြွယ်ဝတဲ့အသီးတစ်မျိုးပါ။ ဒါပေမယ့် ကိုယ်ဝန်ဆောင်မေမေတွေကတော့ မစားသင့်ပါဘူး။ ဗီတာမင် C ကြွယ်ဝမှုက သာမန်ချိန်မှာကောင်းပေမယ့် ကိုယ်ဝန်ဆောင်မေမေတွေမှာတော့ ဗီတာမင် C လိုတာထက်များနေတာ ကိုယ်တွင်းမှာprogesteroneဟော်မုန်းထုတ်လအတ်မှုကိုကျဆင်းစေပြီး ကိုယ်ဝန်ပျက်ကျတာ၊ လမစေ့ဘဲကလေးမွေးတာ၊ သန္ဓေသားဆဲလ်တွေကို ထိခိုက်ပျက်စီးတာမျိုးတွေဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ မန်ကျည်းသီးစိမ်းရော အမှည့်ကိုပါမစားရင်အကောင်းဆုံးပါ။

(၅) ဖရဲသီး

ဖရသီးက ပုံမှန်အားဖြင့်ကတော့ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ခန္ဓါကိုယ်ကိုရေဓါတ်ဖြည့်ပေးတာပါ။ ဒါပေမယ့် ကိုယ်ဝန်ဆောင်မေမေတို့ အနေနဲ့ ဖရဲသီးစားမယ်ဆိုရင်ဘေဘီလေးကို အဆိပ်အတောက်တွေနဲ့ ထိတွေ့မိနိုင်ခြေပိုများသွားစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ထားရချိန်မှာ ဖရဲသီးမစားပါနဲ့။

ဒီအသီးတွေစားပေးပါ

ကိုယ်ဝန်ဆောင်မေမေတွေ စိတ်ကြိုက်စားလို့ရတဲ့ အသီးတွေက

(၁) လိမ္မော်သီး

ရေဓါတ်ပြည့်ဝနေစေမှာပါ။ဖောလိတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် သန္ဓေသားရဲ့ ဦးနှောက်နဲ့ အာရုံကြောစနစ်ကို အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ဗီတာမင် C ပါဝင်နေတာကြောင့် ဆဲလ်တွေထိခိုက်ပျက်စီးမှုမရှိအောင်ကာကွယ်ပေးပါတယ်။ သံဓါတ်စုပ်ယူမှုလည်းကောင်းစေနိုင်ပါတယ်။

(၂) ပန်းသီး

ရင်သွေးလေးရဲ့ ကိုယ်ခံအားကိုတိုးစေနိုင်ပြီးဘေဘီလေးသန်မာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ပန်းသီးမှာ ဗီတာမင် A၊ ဗီတာမင် E၊ ဗီတာမင် D နဲ့ ဇင့်တို့ပါဝင်နေတာကြောင့်မေမေရော ကလေးကိုပါကျန်းမာစေနိုင်မှာပါ။

(၃) ပန်းသစ်တော်သီး

ဖောလစ်အက်ဆစ်နဲ့ဗီတာမင် C ကြွယ်ဝတာကြောင့်မေမေရောဘေဘီလေးကိုပါကျန်းမာစေနိုင်ပါတယ်။

(၄) သြဇာသီး

သြဇာသီးမှာဘေဘီလေးရဲ့ မျက်လုံး၊ ဆံပင်။ အရေပြားနဲ့ ခန္ဓါကိုယ်တစ်ရှုးတွေကို ကြီးထွားစေနိုင်ဖို့လိုအပ်တဲ့ ဗီတာမင် A နဲ့ ဗီတာမင် C တို့ကြွယ်ဝစွာပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်မေမေတို့ စားပေးသင့်တဲ့ အသီးတစ်မျိုးပါ။

(၅) သလဲသီး

ကယ်လ်ဆီယမ်၊ဖောလိတ်၊ သံဓါတ်၊ ပရိုတင်း၊ ဗီတာမင် C တို့ကြွယ်ဝစွာပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်မေမေတွေ စားပေးသင့်တဲ့ အသီးတစ်မျိုးပေါ့။

(၆)ထောပတ်သီး

အခြားသစ်သီးတွေထက်ဖောလိတ်ပိုမိုကြွယ်ဝတဲ့ အသီးတစ်မျိုးပေါ့။ထောပတ်သီးမှာ ဗီတာမင် C၊ ဗီတာမင် B၊ ဗီတာမင် K၊ အမျှင်ဓါတ်၊ ကိုလင်း၊ မဂ္ဂနီဆီယမ် နဲ့ ပိုတက်ဆီယမ်တို့ကြွယ်ဝစွာပါဝင်နေသလို သံဓါတ်လည်းကြွယ်ဝစွာပါဝင်နေတာကြောင့်ဘေဘီလေးရဲ့ ဦးနှောက်နဲ့အာရုံကြောကို ဖွံ့ဖြိုးစေနိုင်ပါတယ်။ဘေဘီလေးကို မှတ်ဉာဏ်ကောင်းစေမှာ အသေအချာပါ။

(၇) သရက်သီး

သရက်သီးမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်တာကြောင့် အစာကြေစေနိုင်ပြီး ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်တာကိုကာကွယ်ပေးပါတယ်။ရောဂါပိုးတွေ ကူးစက်ခံရမှုကနေလည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။

(၈) စတော်ဘယ်ရီ

ဗီတာမင်၊အမျှင်ဓါတ်နဲ့ဖောလိတ်တို့ကြွယ်ဝစွာပါဝင်နေသလို မဂ္ဂနိနဲ့ ပိုတက်ဆီယမ်တို့ကြွယ်ဝတာကြောင့်ဘေဘီလေးကို အရိုးတွေကြံ့ခိုင်ဖွ့ဖြိုးစေနိုင်မှာပါ။

အသီးကြိုက်တဲ့လေဒီဗိုက်တို့အနေနဲ့ ကိုယ်ဝန်ဆောင်ထားရချိန်မှာ အခုပြောပြခဲ့တာလေးတွေကို သတိထားကြဖို့တိုက်တွန်းပါရစေ……

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

လေ့ကျင့်ခန်းလုပ်ရင် ပိုလှလာမှာလား။

လေ့ကျင့်ခန်း Gym ခန္ဓာကိုယ် အသားအရေ အလှအပတရား သွေးလည်ပတ်မှု အရေပြားဆဲလ် ဝက်ခြံကင်း အောက်ဆီဂျင် အစက်အပြောက် ဟော်မုန်းပမာဏ အဆိပ်အတောက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင်္ဘောသီးစားခြင်း၏ အကျိုးကျေးဇူးများ

သင်္ဘောသီး အာဟာရဓာတ် ဓာတ်တိုးဆန့်ကျင်အာနိသင် ဗီတာမင် A ကိုယ်ခန္ဓာ အရေပြား နှလုံးကျန်းမာရေး အမျှင်ဓာတ် ဝမ်းချုပ်ခြင်း သစ်သီး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

ထောပတ်သီးစားခြင်းဟာ ကျန်းမာရေးနဲ့ညီညွတ်ရဲ့လား

ထောပတ်သီး အဆီဓာတ် ကယ်လ်ဆီယမ် ပိုတက်ဆီယမ် အမျှင်ဓာတ် ဘေးထွက်ဆိုးကျိုး အဆီဓာတ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

ကရိုတီးနွိုက် (Carotenoids) အကြောင်း သိသင့်သမျှ

ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဗီတာမင် A carotenoid ကိုက်လန် သရက်သီး ခရမ်းချဉ်သီး လိမ္မော်သီး ကျန်းမာရေး အကျိုးကျေးဇူးများ နှလုံးကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

သင့်အတွက် ရွေးချယ်ထားသည်

ကြောင်လျှာသီးက ဆေးဖက်ဝင်သလား။

ကြောင်လျှာသီးက ဆေးဖက်ဝင်သလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 2, 2020 . 2 ဖတ်ရန် ကြာချိန်
ကလေးကို ခေါင်းရိတ်ပေးရင် ဆံပင် သန်သတဲ့လား။

ကလေးကို ခေါင်းရိတ်ပေးရင် ဆံပင် သန်သတဲ့လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 1, 2020 . 1 ဖတ်ရန် ကြာချိန်
မာလကာသီးနဲ့ မာလကာရွက်တို့မှာ ဘာအာနိသင်တွေ ရှိသလဲ

မာလကာသီးနဲ့ မာလကာရွက်တို့မှာ ဘာအာနိသင်တွေ ရှိသလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 30, 2020 . 2 ဖတ်ရန် ကြာချိန်

သဘာဝအတိုင်း အသားအရေ လှပကျန်းမာဖို့ ဘာတွေက ကူညီပေးမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 30, 2020 . 2 ဖတ်ရန် ကြာချိန်