3rd Trimester လို့ခေါ်တဲ့ တတိယ ကိုယ်ဝန် ၃လနဲ့ Due Date အကြောင်း ။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 2, 2020 . 2 mins read
Share now

ရှေ့ကဆောင်းပါးတွေမှာ 1st Trimester နဲ့ 2nd trimester အကြောင်းရေးပြီးပြီဆိုတော့ ခုတစ်ခေါက် နောက်ဆုံး အလှည့်ကျလာသူတွေကတော့ 3rd Trimester ( တတိယ ကိုယ်ဝန် ၃လ) နဲ့ မီးဖွားမယ့်ရက် Due Date တို့ အကြောင်းပဲ ဖြစ်ပါတယ်။

3rd Trimester ဟာ ၂၈ ပတ်နောက်ပိုင်းကနေပြီး ကလေး မွေးဖွားတဲ့ အချိန်အထိကို ဆိုလိုတဲ့ ကာလတစ်ခုပါ။ ဒီကာလ အတွင်းမှာလည် းပြောင်းလဲမှုတွေ အများကြီးနေပါတယ်။ မီးဖွားဖို့အတွက် မေမေတို့ ကိုယ်ခန္ဓါက ပြင်ဆင်နေသလို လူ့လောကထဲကို ထွက်လာဖို့အတွက် ကလေးဘက်ကလည်း အများကြီးပြင်ဆင်နေတဲ့အချိန်ပါ။

ကိုယ်ဝန်ဆောင်မိခင်တွင် ပြောင်းလဲမှု ။ ။

  • ကိုယ်ဝန်လည်း လရင့်လာပြီ မီးဖွားခါနီးပြီလည်းဆိုတော့ ဗိုက်လေးက မနည်းကို ရုပ်လုံးပေါ်နေပါပြီ။
  • တစ်ချက်တစ်ချက် ကလေးကန်တာကို ခံစားရတတ်သလို
  • မိန်းမကိုယ်ကနေ အဖြူဆင်းတာတွေလည်းများနေတတ်ပြီး
  • ခါးတွေ ဆီးစပ်တွေ လည်း တစ်ချက်ချက် ကိုက်ခဲနေတတ်ပါတယ်။
  • ဆီးလည်း ခဏခဏ သွားချင်နေမှာဖြစ်ပြီး ခြေလက်တွေ ဖောရောင်နေတတ်ပါတယ်။

ကလေးတွင် ပြောင်းလဲမှု ။ ။

  • တတိယ ၃ လထဲကို ဝင်လာပြီဆိုတာနဲ့ ကလေးက တော်တော်လေးကို ကြီးလာပြီး သူနေရတဲ့ နေရာလေးဟာ ကျဉ်းလာပါတယ်။
  • ကိုယ်ဝန် ၇လ ၈ လ လောက်ဆို ကလေးမှာရှိတဲ့ အရိုးနုကနေ အရိုးအဖြစ် ပြောင်းလဲဖွဲ့စည်းပြီး ဦးနှောက်ကလည်း လျှင်မြန်တဲ့နှုန်းနဲ့ ကြီးထွားလာပါတယ်။
  • ၂၉ ပတ်ကနေ အပတ် ၃၀ လောက်မှာတော့ ကလေးရဲ့ အာရုံခံဧရိယာတွေ အပြည့်အစုံ ဖွံဖြိုးမှာဖြစ်ပြီး
  • ကိုယ်ဝန်ပတ် ၃၂ ပတ်လောက်မှာတော့ ဆံပင်တွေ လက်သည်းတွေ စတင်ဖွံ့ဖြိုးလာမှာပါ။
  • မွေးခါနီး ကလေးရဲ့ ပထမဆုံး ဝမ်းဖြစ်လာမယ့် meconium ဟာ ကလေးအူထဲမှာ စတင်စုလာပါတယ်။

ဒီ တတိယ ကိုယ်ဝန် ၃လကို ရောက်ပြီဆိုတာနဲ့ သားဖွားမီးယပ်ဆရာဝန်ဆီ စိပ်စိပ်သွားပြဖို့ လိုနေပါပြီ။ ဘာ့ကြောင့်လဲဆိုတော့ ကိုယ်ဝန် တတိ.ယ ၃လမှာ သင့် ဆီးတွင်းမှာပါတဲ့ ပရိုတင်းပမာဏ၊ သွေးပေါင်ချိန်၊ ကလေးနှလုံးခုန်နှုန်းနဲ့၊ သားအိမ်အကျယ်နဲ့ ခြေတွေ လက်တွေ မှာ ဖောင်ရောင်တဲ့ အဆင့်ဘယ်လောက်ရှိလဲဆိုတာကို တိုင်းတာမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဗိုက်ထဲက ကလေး ခေါင်းနဲ့ဖွားမှား ဆုံပိုင်းနဲ့ ဖွားမှာလား ခြေထောက်နဲ့လား လက်နဲ့လား အပြင် သားအိမ်ခေါင်း အခြေအနေဘယ်လိုရှိလဲဆိုတာကိုလည်း ဆရာဝန်က စမ်းသပ်ပေးဦးမှာပါ။ ကိုယ်ဝန်ပတ် ၃၅ပတ်ကနေ ၃၇ ပတ်လောက်ဆိုရင် မိန်းမကိုယ်ကနေအကျိအချွဲလေးတွေကို ယူပြီး မွေးလာမယ့် ကလေးကို ဒုက္ခပေးနိုင်မယ့် Group B streptococcus ဘက်တီးရီးယားပိုးဝင်နေလားဆိုတာကို စစ်ဆေးရဦးမှာပါ။ တကယ်လို့ပိုးဝင်နေခဲ့ရင် မီးမဖွားခင် ကြိုပြီး ဆေးကုသမှုခံယူထားမှ ကလေးဆီမှာ ဖြစ်နိုင်တဲ့ ပြဿာနာတွေ နည်းသွားမှာပါ။

ကိုယ်ဝန် တတိယ ၃ လကိုရောက်လာပြီဆိုရင်တော့ ခရီးဝေးမသွားဖို့ အ ကြံပေးချင်ပါတယ်။ မီးဖွားခါနီးကျ အဆင့်သင့်ဖြစ်နေအောင် ကြိုပြင်ထားသင့်ပါတယ်။ ဒါအပြင် ကိုယ်ဝန်ကလည်းရင့်လာပြီဖြစ်တာကြောင့် ရိုးရိုးမွေးမလား ခွဲမွေးမလားဆိုတာကို ဆုံးဖြတ်ရမယ့် အချိန်လည်းဖြစ်ပါတယ်။ ကြိုပြီး စဉ်းစားထားမှသာ မွေးမယ့်ရက်ကပ်လာမှ အကုန်လုံး ပြင်ဆင်ပြီးသားဖြစ်မှာပါ။

မီးဖွားမယ့်ရက် ( Due Date )

ဆရာဝန်ဆီ ကိုယ်ဝန်သွားအပ်တဲ့အခါကျ ( Due Date က ဘယ်ရက်လဲဆိုတာကို အမြဲ တွက်ပေးလေ့ရှိပါတယ်။ ပုံမှန် ကိုယ်ဝန် တစ်ခုဟာ ၃၇ ပတ်ကနေ ၄၂ ပတ်လောက်အထိကြာတယ်ဆိုတော့ ရာသီလာတဲ့ ပထမရက်ကနေ ရေရင် နောက် ၃၇ ပတ် ( ဒါမှမဟုတ်) ၄၂ ပတ်မြောက်နေ့ကို ကိုယ်ဝန်နေ့စေ့လစေ့ဖြစ်တယ်လို့ သတ်မှတ်ပြီး အဲဒီနေ့က မီးဖွားမယ့်ရက်ပါ။ လူတစ်ယောက်နဲ့ တစ်ယောက်ရဲ့ ရာသီ စက်ဝန်းက မတူညီတဲ့အတွက်ကြောင့် ခုလို ၃၇ ပတ်ကနေ ၄၂ပတ်ထိ ကြားချထားတာဖြစ်ပါတယ်။

မီးဖွားမယ့်ရက်ကို အတိကျဆုံး ပြောနိုင်တာက ပထမ ကိုယ်ဝန် ၃လမှာရိုက်တဲ့ အာထရာဆောင်း အဖြေကထုတ်ပေးတဲ့ Due Date ပဲ ဖြစ်ပါတယ်။

ကဲ ဒါ ကိုယ်ဝန် ဆောင်ကာလ အပိုင်းအခြားနဲ့ ပက်သက်တဲ့ နောက်ဆုံး အပိုင်းပါ။ အချုပ်ပြန်ပြောရမယ်ဆိုရင် ကိုယ်ဝန်တစ်ခုကို ပထမကိုယ်ဝန် ၃ လ ၊ ဒုတိယ ကိုယ်ဝန် ၃လနဲ့ တတိယ ကိုယ်ဝန် ၃လဆိုပြီး အပိုင်း ၃ ပိုင်းခွဲခြားထားပြီး သူ့အပိုင်းတစ်ခုဆီ မတူညီတဲ့ပြောင်းလဲမှုတွေ၊ မတူညီတဲ့ ဖြစ်စဉ်တွေရှိပြီး ကိုယ်ဝန်ဆောင်တွေ ဘက်က ဘယ်လိုဂရုစိုက် ပြုမူနေထိုင်ရမယ့်ဆိုတာနဲ့ ဆရာဝန်တွေဘက်က ဘာတွေ လုပ်ပေးလဲဆိုတဲ့အကြောင်းကို ဆောင်းပါး ၃ ပုဒ်ခွဲပြီး ပြောပြပေးသွားတာပဲ ဖြစ်ပါတယ်။ စာဖတ်သူတိုင်းအတွက် အထောက်အကူပြုမယ်လို့ မျှော်လင့်လျက် ။ ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

Tampon ဘာလဲ။ ဘယ်လဲ

အမျိုးသမီးတွေ ဓမ္မတာ လစဉ်သုံး ဂွမ်းထုပ် Tampon လက်ဆေးပါ မိန်းမကိုယ် သွေးဆင်းတာ ရာသီလာတာ အရေပြား ဘက်တီးရီးယားတွေ လဲလှယ် ယားယံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

တားဆေးရပ်လိုက်ရင် ဒီ ၇ ချက်ကြုံရနိုင်တယ်နော်

တားဆေး ခန္ဓာကိုယ် ဟော်မုန်း နေ့စဉ်သောက်တားဆေး ကိုယ်ဝန် ရာသီစက်ဝန်း လိင်စိတ် ကိုယ်အလေးချိန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

အဖြူဆင်း တာ ကျန်းမာရေးပြဿနာလား

အဖြူဆင်း မိန်းမကိုယ် အမျိုးသမီးကျန်းမာရေး သန့်ရှင်းမှု မှိုပိုးဝင်ခြင်း တကိုယ်ရေသန့်ရှင်းမှု နောက်ဆက်တွဲပြဿနာ အကြောင်းရင်း ကြိုတင်ကာကွယ်မှု လက္ခဏာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

လူပြောများနေတဲ့ Menstrual Cup… တကယ်ရော ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လား

လစဉ်သုံးဂွမ်းထုပ် Menstrual Cup မိန်းမကိုယ် IUD အမျိုးသမီး လစဉ်သုံး ရာသီလာနေတယ် ရာသီသွေးတွေ မိန်းမကိုယ် ခြောက်သွေ့တာ အိမ်သာသုံးစက္ကူ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

သင့်အတွက် ရွေးချယ်ထားသည်

ယုန်သား စားလို့ရလား။ ယုန်သားက ကျန်းမာရေးကို အထောက်အကူပြုနိုင်သလား။

ယုန်သား စားလို့ရလား။ ယုန်သားက ကျန်းမာရေးကို အထောက်အကူပြုနိုင်သလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 6, 2020 . 2 mins read
မြေပဲထောပတ် စားပေးပါ

မြေပဲထောပတ် စားပေးပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 6, 2020 . 2 mins read

ပိုးသတ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဘယ်လိုဖြေရှင်းမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 31, 2020 . 2 mins read
ပထမဆုံးအကြိမ် Brazilian Wax လုပ်တော့မယ်ဆိုရင်

ပထမဆုံးအကြိမ် Brazilian Wax လုပ်တော့မယ်ဆိုရင်

ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 27, 2020 . 2 mins read