မီးဖွားမည့်ရက်တွက်ချက်ခြင်း ကိရိယာ (Due Date Calculator)

သင့်ရင်သွေးလေး လူ့လောကထဲရောက်ရှိလာမယ့် အချိန်ကို သိရှိနိုင်ဖို့ ဒီစာမျက်နှာပေါ်မှာရှိတဲ့ တွက်ချက်ခြင်းကိရိယာလေးက ကူညီပေးမှာပါ။
Find Out

တွက်ချက်မည့် နည်းလမ်း ရွေးချယ်ပါ

ကိုယ်ဝန်ဆောင်ကာလအများစုက အပတ် ၄၀ ဝန်းကျင် (သို့မဟုတ် သန္ဓေတည်ပြီး ၃၈ ပတ်) ကြာမြင့်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့မီးဖွားမယ့်ရက်ကို ခန့်မှန်းဖို့ အကောင်းဆုံးနည်းက သင့်ရဲ့ နောက်ဆုံးရာသီလာခဲ့တဲ့အကြိမ် (LMP) ပထမဆုံးရက်ကနေ အပတ် ၄၀ သို့မဟုတ် ရက် ၂၈၀ ရေတွက်တာပဲ ဖြစ်ပါတယ်။ နောက်ထပ် တွက်ချက်နည်းတစ်ခုကတော့ သင့်ရဲ့နောက်ဆုံးရာသီလာခဲ့တဲ့အကြိမ် ပထမဆုံးရက်ကနေ သုံးလပြန်နုတ်ပြီး ခုနစ်ရက်ပေါင်းတာပါ။ ဒါ့ကြောင့် တကယ်လို့ သင့်ရဲ့နောက်ဆုံးရာသီလာခဲ့တဲ့အကြိမ်က ဧပြီ ၁၁ ရက်မှာ စတင်ခဲ့တာဆိုရင် ဇန်နဝါရီ ၁၁ ရက်ထိ နောက်ပြန်ဆုတ်တွက်ပြီး ခုနစ်ရက်ပေါင်းလိုက်ရမှာပါ။ ဒါဆို သင့်ရဲ့ မီးဖွားမယ့်ရက်ဟာ ဇန်နဝါရီ ၁၈ ရက် လို့ ဆိုလိုပါတယ်။ ဒါဟာ သင့်ရဲ့မီးဖွားမယ့်ရက်ကို ဆရာဝန်က ခန့်မှန်းတွက်ချက်ပေးမယ့်နည်းပါ — အတော်လည်း ခိုင်မာတဲ့လျာထားချက်ဖြစ်ပါတယ်။ ဒါပေမယ့် ဒီရက် ထက် တစ်ပတ် သို့မဟုတ် နှစ်ပတ် စောတာ၊ သို့မဟုတ် နောက်ကျတာမျိုးက ပုံမှန်ဖြစ်လေ့ရှိတဲ့ကိစ္စ ဆိုတာ သိထားစေလိုပါတယ်။

နောက်ဆုံးရာသီလာသည့်အကြိမ်

တကယ်လို့ သင်ဟာ ဖန်ပြွန်သန္ဓေသားနည်းလမ်းနဲ့ ကိုယ်ဝန်ဆောင် (IVF)ထားတဲ့ မိခင်တစ်ယောက်ဆိုရင် သင့်ရဲ့မီးဖွားမယ့်ရက်ကို IVF သားအိမ်တွင်း ဖန်ပြွန်သန္ဓေ ထည့်သွင်းသည့် ရက်စွဲ ကို အသုံးပြုပြီး ပိုတိကျစွာ တွက်ချက်နိုင်ပါတယ်။

မီးဖွားမယ့်ရက်ကို စီစဉ်လို့ရနိုင်မလား

သင်ဟာ နွေရာသီအလယ်ပိုင်းမှာ ကိုယ်ဝန်အရင့်အမာ မဖြစ်အောင် ရှောင်ချင်တာပဲ ဖြစ်ဖြစ် သို့မဟုတ် ကလေးနဲ့ အတူရှိချိန်ပိုများချင်တဲ့ ဆရာမ တစ်ယောက်ဖြစ်နေတာပဲ ဖြစ်ဖြစ် သင့်ရဲ့မီးဖွားမယ့်ရက်ကို "စီစဉ်"နိုင်ဖို့ ကလေးစယူမယ့်အချိန်ကို တွက်ချက်စီမံနိုင်ပါတယ်။ ဒါပေမယ့် သင်က ကိုယ်ကြိုက်တဲ့အချိန် ကလေးယူလို့ရတဲ့ ကံကောင်းတဲ့သူတစ်ယောက်ဖြစ်နေတယ်ဆိုရင်တောင်မှ ကလေးတကယ်မွေးဖွားမယ့် ရက် ( သီတင်းပတ် သို့မဟုတ် လ )ကို အတိအကျ တွက်ချက်လို့ မရနိုင်ဘူးဆိုတာ သိထားစေချင်ပါတယ်။