ကလေးမွေးမယ် ဆိုတာ မိခင်တိုင်းရဲ့ အသက် တစ်ဝက်လောက်ကို ပေးထားပြီး စွန့်စားရတဲ့ ကိစ္စကြီးတစ်ခုပါ။ ခေတ်အရ ခွဲမွေးတဲ့ ကိစ္စဟာ ခေတ်စားလာပေမယ့် သဘာဝဖြစ်တဲ့ ရိုးရိုးမွေးခြင်းကို ခုထိ ပြိုင်နိုင်တဲ့အရာ မပေါ်သေးပါဘူး။
နောက်ဆုံးရာသီလာတဲ့ ရက်
ထွက်မှာ သေချာပြီလား။
ကလေးမွေးမယ် ဆိုတာ မိခင်တိုင်းရဲ့ အသက် တစ်ဝက်လောက်ကို ပေးထားပြီး စွန့်စားရတဲ့ ကိစ္စကြီးတစ်ခုပါ။ ခေတ်အရ ခွဲမွေးတဲ့ ကိစ္စဟာ ခေတ်စားလာပေမယ့် သဘာဝဖြစ်တဲ့ ရိုးရိုးမွေးခြင်းကို ခုထိ ပြိုင်နိုင်တဲ့အရာ မပေါ်သေးပါဘူး။
ဗိုက်နာတတ်တဲ့ ကိစ္စတစ်ခုပဲ ပြောစရာရှိပြီး ကလေးထွက်သွားရင် ၃ ရက်လောက်နဲ့ သာမာန်လူလို ပြန်ဖြစ်သွားတဲ့အတွက် ရိုးရိုးမွေးတာကို ကြိုက်တဲ့သူတွေလည်း တစ်ပုံကြီးပါ။ ဒီတော့ ကိုယ်ကလည်း ရိုးရိုးမွေးမယ်လို့ ဆုံးဖြတ်ထားရင် ဒီ ၁၀ ချက်ကို သိထားဖို့တော့ လိုပါတယ်။
မီးမဖွားခင် အကြိုသင်တန်းတွေ တက်ထားတဲ့အခါကျတော့ တကယ်လည်း ခွဲခန်းထဲလည်းရောက်ရော ကလေးကို ဘယ်လိုညှစ်ရတယ် ဘယ်လိုပုံစံမျိုးနဲ့နေရင် ကလေးထွက်ဖို့ ပိုမြန်တယ်ဆိုတာတွေကို သိပြီးသားဖြစ်နေမှာပါ။
တချို့ရှိပါတယ်။ ဗိုက်နာတယ်၊ မီးဖွားချင်သလိုလိုဖြစ်နေတယ်ဆိုပြီး ဆေးရုံသွား ဟိုရောက်တော့မှ မီးဖွားချင်တာမဟုတ်မှန်း သိရတဲ့ အခိုက်အတန့်တွေပါ။ ရောက်လက်စနဲ့ ဆက်ပြီးနေသွားမယ်ဆိုပြီး ဆရာဝန်လည်း မညွှန်ကြားဘဲ ဆေးရုံမှာ မနေပါနဲ့ ။ ဆေးရုံဆိုတာ ရောဂါပိုးပေါင်းစုံရှိတဲ့နေရာတစ်ခုပါ။
ရိုးရိုးမွေးတယ်ဆိုမှတော့ ဗိုက်နာတာကို ခံနိုင်ရဲတဲ့ သတ္တိရှိဖို့လိုပါတယ်။ တော်ကြာ ရိုးရိုးမွေးမယ်လုပ်ပြီး ဗိုက်နာတာကို မခံနိုင်တော့လို့ ခွဲမွေးမယ်ဆိုတာမျိုး မဖြစ်တာအကောင်းဆုံးပါ။ မဟုတ်ရင် နှစ်ခါခံရတယ်လေနော်။ ကလေးမွေးချင်လို့ နာတာကတစ်ခါ၊ ဗိုက်ခွဲပြီး နာကျန်ခဲ့တာက တစ်ခါ။
ကိုယ်က တကယ် ရိုရိုးမွေးချင်တယ်ဆိုရင် ကျန်းမာရေးအခြေအနေအရ ရိုးရိုးမွေးလို့ ရမရ ဆရာဝန်နဲ့ တိုင်ပင်ပါ။ တချို့အခြေအနေတွေမှာ ကိုယ်က ရိုးရိုးမွေးချင်ပေမယ့် အခြေအနေမပေးတာမျိုးတွေ ရှိနိုင်ပါတယ်။ ဥပမာ ကလေးကန့်လန့်ဖြစ်နေတာ၊ အချင်းရှေ့မှာ ပိတ်နေတာ။
ကျန်းမာရေးအတွက်ကောင်းတဲ့ စားသောက်မှုပုံစံဟာ သင့်ကိုယ်ခန္ဓာအတွက်သာမက ဗိုက်ထဲက ရင်သွေးလေးကိုပါ အကျိုးရှိစေမှာ အသေအချာပါ။ ပြည့်ဝတဲ့ အာဟာရတွေရှိနေမှလည်း ကလေးကို ညှစ်ထုတ်ဖို့ အားရှိမှာ ဖြစ်ပါတယ်။ နောက်ပြီး ဝမ်းမချုပ်အောင် အမျှင်ဓာတ်ကြွယ်ဝတာတွေ စားပေးပါ။ မီးဖွားပြီးနောက်ပိုင်း သွေးအားနည်းတာမျိုး မဖြစ်အောင်လို့ သံဓာတ်နဲ့ Folic acid ကြွယ်ဝတဲ့ အစားအသောက်တွေကို ဦးစားပေးစားပါ။
ကိုယ်လက်လှုပ်ရှားမှု ရှိတဲ့အခါ သက်လုံကောင်းစေပြီး ကလေးမွေးမယ် ဆို ကောင်းကောင်းညှစ်နိုင်မယ့်အပြင် ဗိုက်နာတဲ့ ဒဏ်ကိုလည်း ခံနိုင်ရည်ရှိကာ မီးဖွားရတာလည်း လွယ်ကူစေမှာပါ။
ခုနောက်ပိုင်း ခွဲမွေးတဲ့ ကိစ္စမှာ နောက်ထပ်နာမည်ကြီးတာတစ်ခုကတော့ ကလေးကို မိဘတွေ လိုချင်တဲ့ရက်အတိုင်းရအောင် မွေးတာပဲ ဖြစ်ပါတယ်။ ရိုးရိုးမွေးရင်တော့ ဒီလိုရက်ရွေးလို့ ရမှာမဟုတ်ပါဘူး။
ကလေးမွေးမယ် ဆို ရိုးရိုးကလေးမွေးတာ ဘယ်လောက်တောင် ဆိုးသလဲဆိုတဲ့ negative ပုံပြင်တွေကို နားမယောင်မိပါစေနဲ့။ သွားနားထောင်မိလေလေ ရိုးရိုးမွေးရမှာကို ကြောက်လာလေလေဖြစ်တတ်ပါတယ်။
အိပ်ရေးဝဝ အိပ်ခြင်းဟာ ဗိုက်ထဲက ကလေးကြီးထွားဖွံ့ဖြိုးဖို့နဲ့ သင့်စိတ်ကို တည်ငြိမ်အောင်လုပ်နိုင်တဲ့အကောင်းဆုံး အရာတစ်ခုပါ။
အချုပ်ပြောရမယ်ဆိုရင် ကလေးမွေးမယ် ဆို ရိုးရိုးပဲမွေးမွေး၊ ခွဲပဲ မွေးမွေး အတတ်နိုင်ဆုံး စိတ်ဖိစီးမှု မရှိအောင် နေပြီး ကိုယ့်ကိုကိုယ်လည်း သေချာဂရုစိုက်ကာ အရာရာကို အကောင်းဘက်ကပဲ တွေးထားသင့်ပါတယ်နော်။ ။
ဒီတွက်ချက်တဲ့ ကိရိယာကို အသုံးပြုပြီး ကလေးမွေးဖွားမယ့်ရက်ကို တွက်ချက်နိုင်ပါတယ်။ အတိအကျဖြစ်မယ်လို့တော့ အာမမခံနိုင်ပါဘူး။ အနီးစပ်ဆုံး ခန့်မှန်းတွက်ချက်ပေးမှာ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်အနေနဲ့ ခန့်မှန်းရရှိလာတဲ့ ရက်ရဲ့ မတိုင်ခင် သီတင်းတစ်ပတ်အတွင်း သို့မဟုတ် သီတင်းတစ်ပတ်အကျော်မှာ မွေးဖွားနိုင်ပါတယ်။
ရာသီစက်ဝန်း ကြာချိန်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Accessed Date 30.4.2019
https://www.momjunction.com/articles/tips-for-having-a-normal-delivery_00384250/#gref
Accessed Date 30.4.2019
https://parenting.firstcry.com/articles/12-tips-for-easy-labor-and-delivery/
Accessed Date 30.4.2019