ကိုယ်ဝန်ဆောင်တွေ ရိုက်နိုင်တဲ့ အာထရဆောင်း အမျိုးအစား ဘယ်နှစ်မျိုးရှိသလဲ ။ ။
Transvaginal ultrasound (မိန်းမကိုယ်တွင်း ထည့်သွင်းရိုက်သော အာထရာဆောင်း)
- ကိုယ်ဝန်သက်တမ်းနုစဉ် ကာလမှာ မိန်းမကိုယ်တွင်းကို ပစ္စည်းတစ်ခုထည့်ပြီး ရိုက်တဲ့ အာထရာဆောင်းဖြစ်ပါတယ်။ ရိုက်လေ့ရိုက်ထမရှိပေမယ့် ကိုယ်ဝန်ရှိမရှိ အဖြေထုတ်ပေးတဲ့နေရာမှာ သူကဆရာကြီးပါ။

3- D အာထရာဆောင်း
- ရိုးရိုး 2 D အာထရာဆောင်းတွေလို မဟုတ်ဘဲ 3-D အာထရာဆောင်းမှာဆိုရင် သန္ဓေသားလေးရဲ့ ကိုယ်လုံးကိုယ်ထည်နဲ့ သင့်ကိုယ်တွင်းက ကလီစာတွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်တဲ့အတွက် ကိုယ်ဝန်မှာ ပြဿနာတစ်စုံတစ်ခုရှိလို့ကတော့ ဒီ 3-D အာထရာဆောင်းက သေချာတဲ့အဖြေကို တိတိကျကျထုတ်ပေးနိုင်မှာပါ။
4- D အာထရာဆောင်း
- dynamic 3-D ultrasound လို့လည်းခေါ်ကြတဲ့ ဒီ 4- Dအာထရာဆောင်း ဟာဆိုရင် သန္ဓေသားလေးရဲ့ ကိုယ်လုံးကိုယ်ထည်သာမက သူ့ရဲ့ လှုပ်ရှားမှုကိုပါ တွေ့မြင်ရစေတဲ့ အဆင့်မြင့် အာထရာဆောင်းတစ်ခုပါ။
Fetal echocardiography
- သန္ဓေသားလေးမှာ မွေးရာပါ နှလုံးရောဂါရှိတယ်လို့ ဆရာဝန်တွေ သံသယရှိတဲ့အခါ သုံးတဲ့ ပုံရိပ်ဖော်တဲ့ နည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ဗိုက်ထဲက ကလေးရဲ့ နှလုံး ဖွဲ့စည်းပုံ၊ နှလုံး အရွယ်အစား၊ နှလုံးမှာ အပေါက်တွေပါမပါနဲ့ နှလုံး ပုံမှန် အလုပ်လုပ်ရဲ့လား ကြိုသိနိုင်တဲ့ ပုံရိပ်ဖော်နည်းပဲ ဖြစ်ပါတယ်။
ဒါတွေကတော့ ကိုယ်ဝန်ဆောင်တွေကို ဆရာဝန်တွေ ဘာကြောင့် အာထရာဆောင်းရိုက်ပေးလဲ အာထရာဆောင်းကနေ ဘယ်လိုအကြောင်းအရာတွေကို သိနိုင်သလဲဆိုတာနဲ့ အာထရာဆောင်း ဘယ်နှစ်မျိုးရှိလဲဆိုတဲ့ အကြောင်းလေးတွေပဲ ဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။