ကိုယ်ဝန်ဆောင်ချိန် သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါအကြောင်း သိကောင်းစရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇွန် 4, 2020 . 2 mins read
Share now

သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါမှာ ခန္ဓာကိုယ်ရဲ့ တစ်ရှူးတွေဆီ အောက်စီဂျင်ပို့ပေးတဲ့ ကောင်းမွန်တဲ့သွေးနီဥတွေ နည်းသွားပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါ ရနိုင်ချေပိုများပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါ ဘာလို့ရတာလဲ

အောက်စီဂျင်ကိုသယ်ဆောင်ဖို့ သွေးနီဥတွေမှာ ဟေမိုဂလိုဘင် လို့ခေါ်တဲ့ ပရိုတင်းတစ်မျိုးလိုအပ်ပြီး ထိုပရိုတင်းထုတ်လုပ်ဖို့ သံဓာတ်လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သင့်ကလေးအတွက်ပါ သွေးထုတ်လုပ်ပေးရန်လိုအပ်တဲ့အတွက် မူလလိုအပ်သော သံဓာတ်ထက်နှစ်ဆပိုလိုအပ်တယ်။ ထိုသံဓာတ်အလုံအလောက်မရှိပါက သင့်မှာသံဓာတ်ချို့တဲ့သွေးအားနည်းရောဂါ ဖြစ်နိုင်ပါတယ်။

ကလေးကိုထိခိုက်နိုင်လား

ပြင်းထန်တဲ့သွေးအားနည်းရောဂါဟာ နေ့မစေ့လမစေ့မီးဖွားခြင်း၊ ပေါင်မပြည့်ခြင်းနဲ့ မီးဖွားပြီးစိတ်ကျဝေဒနာခံစားရခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ တချို့သောလေ့လာမှုတွေက သန္ဓေသားသေဆုံးနိုင်ချေနဲ့ပါ ဆက်စပ်နေတတ်တယ်လို့ ဖော်ပြကြတယ်(မမွေးခင် သို့မဟုတ် မွေးပြီးပြီးချင်း သေဆုံးခြင်း)။

ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါ ရနိုင်ချေ ရှိမရှိဘယ်လိုသိမလဲ

တကယ်လို့

  • ကိုယ်ဝန်ဆောင်ခြင်း တစ်ကြိမ်နှင့်တစ်ကြိမ် အချိန်နီးကပ်နေခြင်း
  • ကိုယ်ဝန်ဆောင်မှု များခြင်း
  • ပြင်းထန်သောပျို့အန်မှုရှိခြင်း
  • ကိုယ်ဝန်မဆောင်ခင်က ဓမ္မတာသွေးဆင်းများတတ်ခြင်း
  • သွေးအားနည်းရောဂါရှိဖူးခြင်း

စသည်တို့ရှိပါက ကိုယ်ဝန်ဆောင်စဉ်မှာသံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါဖြစ်နိုင်ချေများပါတယ်။

ရောဂါရှိမရှိဘယ်လိုသိနိုင်မလဲ

တွေ့ရများသော လက္ခဏာတွေကတော့ :

  • မောပန်းနွမ်းနယ်ခြင်း၊ အားနည်းခြင်း
  • အသားအရေဖြူဖျော့ခြင်း
  • နှလုံးခုန်နှုန်းပြောင်းလဲခြင်း
  • အသက်ရှူကြပ်ခြင်း
  • မူးခြင်း
  • ရင်ဘတ်အောင့်တတ်ခြင်း
  • ခြေဖျားလက်ဖျားအေးစက်ခြင်း
  • ခေါင်းကိုက်ခြင်းတို့ဖြစ်ပါတယ်။

ထိုလက္ခဏာတွေဟာ ကိုယ်ဝန်ရှိခြင်းလက္ခဏာတွေနဲ့ ဆင်တူတာကြောင့် သွေးအားနည်းခြင်းဟုတ်မဟုတ် သင့်ဖာသာဆုံးဖြတ်နိုင်ဖို့ခက်ခဲပါလိမ့်မယ်။

ဒါပေမယ့် ကိုယ်ဝန်စောင့်ရှောက်သည့်စစ်ဆေးမှုတွေမှာ သွေးအားနည်းရောဂါအပြင် တခြားအခြေအနေတွေသိဖို့ သွေးစစ်ဆေးတာတွေရှိမှာ ဖြစ်တဲ့အတွက် မသိမှာ စိုးရိမ်စရာတော့မရှိပါဘူး။

ရောဂါရှိရင်ဘာဆက်လုပ်ရမလဲ

လိုအပ်တဲ့ ကိုယ်ဝန်ဆောင်ဗီတာမင်များ၊ အားဆေးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း သောက်သုံးပေးခြင်းဖြင့် သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါဖြစ်နိုင်ချေကို လျှော့ချနိုင်ပါလိမ့်မယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ဟာ တစ်ရက်ကို ၂၇မီလီဂရမ်မျှသော သံဓာတ်လိုအပ်တာကြောင့် ဆရာဝန်ကသံဓာတ်အားဆေးသီးသန့်ညွှန်းပါလိမ့်မယ်။

ညီညွှတ်မျှတတဲ့ စားသောက်မှုပုံစံကလည်း အကျိုးရှိစေပါလိမ့်မယ်။ အနီရောင်အသား၊ ငါး၊ ဥ၊ အိမ်ကြက်၊ ပဲအမျိုးမျိုး တွေဟာ သံဓာတ်ကြွယ်ဝတဲ့ အစားအစားတွေပါ။ သင့်ခန္ဓာကိုယ်က သံဓာတ်စုပ်ယူမှုအားကောင်းရန်အတွက် ဗီတာမင်စီကြွယ်ဝတဲ့ လိမ္မော်သီး ၊သံပရာသီး၊ ရှောက်သီး စတော်ဘယ်ရီ စသည့်ဖျော်ရည်တွေကို သောက်သုံးပေးပါ။ ဗီတာမင်စီ မှီဝဲရသော်လည်း သံဓာတ်နဲ့ ကယ်လ်စီယမ်ဓာတ်ကိုတော့ အတူတကွမသုံးစွဲမိစေရန် သတိမူသင့်ပါတယ်။ ကယ်လ်စီယမ်မှာ အကျိုးများစွာရှိတာမှန်သော်လည်း သံဓာတ်စုပ်ယူမှုကိုတော့ အားလျော့စေပါတယ်။

သင့်သွေးအားနည်းခြင်းဟာ တခြားရောဂါတစ်ခုခုကြောင့် ဖြစ်တာဆိုရင်တော့ သင့်ဆရာဝန်က သင့်တော်တဲ့သွေးရောဂါကျွမ်းကျင်ဆရာဝန်ထံ ညွှန်းပါလိမ့်မယ်။ ပါးစပ်မှသောက်သုံးသော သံဓာတ်ကိုမစုပ်ယူနိုင်သော အခြေအနေဖြစ်နေပါက သွေးကြောကနေတဆင့်ထောက်ပံ့ဖို့လိုအပ်ပါလိမ့်မယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဖောလိတ် ချို့တဲ့ခြင်းအကြောင်း

ဖောလိတ် ဖောလစ်အက်ဆစ် အရက်သောက်ခြင်း သွေးအားနည်းခြင်း ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ အစားအသောက် ဘယ်လိုကာကွယ်မလဲ ဆေးဝါးများ မျိုးရိုးဗီဇ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

သွေးလှူခြင်း ရဲ့ ကောင်းကျိုးများ။

သွေးလှူခြင်း သွေးလှူဘဏ် sickle cell disease thalassemia သွေးအားနည်းရောဂါ ကင်ဆာကုထုံး အသည်းရောင်အသားဝါ B ပိုး ကာလသားရောဂါပိုး သံဓါတ် ကယ်လိုရီ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

သွေးမလှူခင် ဘာတွေစားသင့်လဲ။

သွေးလှူ သွေးအားနည်း ရေဓါတ်ပြည့်ဝ သွေးပေါင်ကျ သံဓါတ် သွေးနီဥ ဗီတာမင်စီ အရက် aspirin အနီရောင်ရှိတဲ့အသား ကော်ဖီ လက်ဖက်ရည် သွေးတိတ်လွယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

ပဲပင်ပေါက် ကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ပဲပင်ပေါက် လို့ပြောလိုက်ရင်ထွေထွေထူးထူးပြောစရာမလိုပဲတောင် လူတိုင်းလိုလို သိထားပြီးဖြစ်မှာပါ။ ပဲပင်ပေါက် ကိုကြော်စားလို့ရသလို အသုပ်တွေထဲမှာထည့်စားကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဆေးပေါင်းခတဲ့ မယ်ဇလီအကြောင်း သိပ္ပံနည်းကျ သိကောင်းစရာ

ဆေးပေါင်းခတဲ့ မယ်ဇလီအကြောင်း သိပ္ပံနည်းကျ သိကောင်းစရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 1 min read
သွေးနီဥအရွယ်အစား သေးငယ်ပြီး သွေးအားနည်းခြင်း (Microcytic Anaemia)

သွေးနီဥအရွယ်အစား သေးငယ်ပြီး သွေးအားနည်းခြင်း (Microcytic Anaemia)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 12, 2020 . 2 mins read
ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်းအကြောင်း လေ့လာကြည့်ရအောင်။

ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်းအကြောင်း လေ့လာကြည့်ရအောင်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 2 mins read
သန်ကောင် တွေရဲ့ အန္တရာယ်ကနေ ကင်းဝေးအောင် နေကြမယ်။

သန်ကောင် တွေရဲ့ အန္တရာယ်ကနေ ကင်းဝေးအောင် နေကြမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် မေ 25, 2020 . 2 mins read