အမြွှာလေး လိုချင်တယ်ဆိုတဲ့ မေမေတို့အတွက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇန်နဝါရီ 14, 2021 . 2 mins read
Share now

အမြွှာလေး တွေချစ်တယ်။ အမြွှာကိုယ်ဝန်ဆောင်ချင်တယ်။ အမြွှာကိုယ်ဝန်ရအောင်လုပ်လို့ရလား၊ ဘယ်လိုအချက်တွေက အမြွှာကိုယ်ဝန်ဆောင်နိုင်ခြေပေါ်မှာ မူတည်နေတာလဲဆိုတာကို သိချင်တယ်ဆိုရင် ဒီဆောင်းပါးလေး ဖတ်ကြည့်စေချင်ပါတယ်။

အမြွှာလေး တွေကို ကိုယ်ဝန်ဆောင်နိုင်ဖို့ သက်ရောက်နေတဲ့ အချက်တွေက ဘာတွေများလဲ…..

အမြွှာကိုယ်ဝန်ရရှိနိုင်ခြေပေါ်ကို သက်ရောက်နေတဲ့အချက်က တစ်ချက်မကရှိနေနိုင်ပါတယ်။

မျိုးရိုးရှိတာ

မိဘမျိုးရိုးထဲမှာ အမြွှာကိုယ်ဝန်ရရှိဖူးတာမျိုးရှိမယ်ဆိုရင် အခြားသူထက် အမြွှာကိုယ်ဝန်ရရှိနိုင်ခြေက ပိုများပါတယ်။

မိခင်အသက်က ၃၅ နှစ်ကျော်နေတာ

ကိုယ်ဝန်ဆောင်မေမေရဲ့ အသက်က ၂၅ နှစ်အောက်ဆိုရင် အမြွှာကိုယ်ဝန်ဆောင်နိုင်ခြေက ၂ ရာခိုင်နှုန်းလောက်ပဲရှိပြီး ကိုယ်ဝန်ဆောင် မေမေရဲ့အသက်က ၃၅ နှစ် ကနေ ၃၉ နှစ်အတွင်းဆိုရင်တော့ အမြွှာကိုယ်ဝန်ရရှိနိုင်ခြေက ၅ ရာခိုင်နှုန်းအထိရှိပါတယ်။ အသက်၄၀ အထက်ဆိုရင် အမြွှာကိုယ်ဝန်ရရှိနိုင်ခြေက ၇ ရာခိုင်နှုန်းအထိရှိပါတယ်။

မိခင်အရပ်က ၅ပေ ၅ လက်မဝန်းကျင်ရှိနေတာ

တကယ်လို့ သင်က ပုံမှန်ထက် အရပ်ပိုမြင့်တဲ့သူတစ်ယောက်ဖြစ်နေမယ်ဆိုရင်တော့ အမြွှာကိုယ်ဝန်ရရှိနိုင်ခြေကလည်း ပိုများနေနိုင်ပါတယ်။ အရပ် ၅ပေ ၅ လက်မဝန်းကျင်ရှိနေတဲ့လေဒီလေးတွေမှာinsulin-like growth factor (IGF) လို့ခေါ်တဲ့ဟော်မုန်းပမာဏက ပုံမှန်ထက်ပိုများပါတယ်။ ဒီအခြေအနေကပဲ မျိုးအောင်နိုင်စွမ်းကိုမြင့်တက်စေပြီး အမြွှာကိုယ်ဝန်ရရှိနိုင်ခြေများစေတာပါ။

မိခင်ရဲ့ BMI (ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း) က ၃၀ ထက်ပိုနေတာ

တကယ်တော့ BMI ၃၀ အထက်ဆိုတာက ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်ပိုများနေတာပါ။ အံ့သြစရာကောင်းတဲ့အချက်တစ်ခုက အဝလွန်နေတဲ့မေမေတွေက အခြားသူတွေထက် အမြွှာလေး တွေရရှိနိုင်ခြေပိုများနေတယ်ဆိုတာပါပဲ။

ဘေဘီလေးတွေ အများကြီးပိုင်ဆိုင်ထားတာ

ဘေဘီလေးတွေအများကြီးမွေးထားတဲ့မေမေတွေက ပုံမှန်ထက် အမြွှာကိုယ်ဝန်ရရှိနိုင်ခြေပိုများပါတယ်။

အမြွှာလေး လိုချင်တယ်ဆိုတဲ့ မေမေတို့အတွက်

ကိုယ်ဝန်ရှိနေချိန်မှာ ကလေးကိုနို့ချိုတိုက်ကျွေးတာ

အမြွှာကိုယ်ဝန်ရရှိနိုင်ခြေနဲ့ပတ်သက်ပြီးနောက်ထပ် အံ့သြစရာအချက်တစ်ခုက ကိုယ်ဝန်ရှိနေပေမယ့် အစောပိုင်းကမွေးထားတဲ့ ကလေးလေးကို နို့ချိုတိုက်ကျွေးနေတာကြောင့်လည်း အမြွှာကိုယ်ဝန်ရရှိနိုင်တယ်ဆိုတဲ့ အချက်ပါ။ ကိုယ်ဝန်ရှိနေချိန်မှာ ကလေးလေးကို နို့တိုက်နေမှုက အမြွှာကလေးလေးတွေရရှိနိုင်ခြေကို ပိုများစေပါတယ်။ အကြောင်းကတော့ နို့တိုက်မေမေတွေက အခြားသူတွေထက်insulin-like growth factor (IGF) ပိုများနေလို့ပါ။

အမြွှာလေး လိုချင်တယ်ဆိုတဲ့ မေမေတို့အတွက်

ဖောလစ်အက်ဆစ်နဲ့ ဗီတာမင်အားဖြည့်ဆေးတွေကို အလွန်အကျွံသောက်သုံးတာ

သားဆက်မခြားခင်နဲ့ သားဆက်ခြားပြီးနောက်မှာဖောလစ်အက်ဆစ် နဲ့ ဗီတာမင် အားဖြည့်ဆေးတွေကို လိုတာထက်ပိုသောက်မယ်ဆိုရင်လည်း အမြွှာလေး တွေရရှိနိုင်ခြေက ပုံမှန်ထက်ပိုများနေပါတယ်။

နို့ထွက်ပစ္စည်းတွေ စားသုံးတာ

ဒီအချက်က အခုထိတော့ လေ့လာနေဆဲပါ။ ဒါကတော့ နို့ထွက်ပစ္စည်းတွေ စားသုံးမှုက အမြွှာကိုယ်ဝန်ရရှိစေနိုင်တယ်ဆိုတဲ့အချက်ပါ။ ဒါကတော့ နို့ထွက်ပစ္စည်းတွေစားသုံးမှုကinsulin-like growth factor (IGF)ဟော်မုန်းပမာဏကို တိုးစေနိုင်တယ်ဆိုတဲ့ အချက်ကြောင့်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဘေဘီလေးတွေမှာ သံဓာတ်လွန်ကဲနေပြီလား

သံဓာတ်ဆိုတာက ဘေဘီလေးတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ သတ္တုဓာတ် တစ်မျိုးပါ။ ဘေဘီလေးတိုင်းအတွက် လိုအပ်တဲ့ အာဟာရတစ်မျိုးပေါ့။ ဒါပေမယ့် အလွန်အကျွံမဖြစ်ဖို့လိုပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကလေးငယ် ဇန်နဝါရီ 14, 2021 . 2 mins read

မိန်းမကိုယ်မှာပေါက်တဲ့ ဝက်ခြံ သက်သာစေဖို့

မိန်းမကိုယ်မှာ ဝက်ခြံပေါက်တာက လေဒီလေးတွေအတွက် အတော်လေး ခံရခက်တဲ့ ကိစ္စတစ်ခုပါ။ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

နောက်ကျမှ ညစာစားခြင်းဟာ သင့်ကျန်းမာရေးကို ဘယ်လောက်ထိခိုက်စေသလဲ

နောက်ကျမှ ညစာစားခြင်းဟာ သင့်ကျန်းမာရေးကို ဘယ်လောက်ထိခိုက်စေသလဲဆိုတာ သိပြီးရဲ့လား။ မသိသေးဘူးဆိုရင်တော့ ဆောင်းပါးလေးကို အတူတူဖတ်ရအောင်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ဝိတ်တက်ဖို့ ကယ်လိုရီကို ဘယ်လိုတွက်ချက်ပြီး စားသောက်ကြမလဲ။

ဝိတ်တက်ဖို့ဆိုတာ ဇွဲကောင်းကောင်းနဲ့ ကြိုးစားအားထုတ်ရတာပါ။ ရေရှည်တိုက်ပွဲ ဖြစ်တဲ့အတွက် ကြာကြာစားနိုင်တဲ့ planမျိုးကို အာဟာရဆရာဝန်နဲ့ တိုင်ပင်ပြီး ရွေးချယ်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ကိုယ်ဝန်ဆောင်မေမေ ကော်လာဂျင် သောက်လို့ရလား......................

ကိုယ်ဝန်ဆောင်မေမေ ကော်လာဂျင် သောက်လို့ရလား………………….

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 25, 2021 . 2 mins read
ဘေဘီလေးက ချင်း (ဂျင်း) စားလို့ဖြစ်ရဲ့လား

ဘေဘီလေးကို ချင်း (ဂျင်း) ကျွေးလို့ရရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 2 mins read
ဘေဘီလေးက ကြက်သွန်ဖြူစားလို့ရလား..............

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 18, 2021 . 2 mins read
ကိုယ်ဝန်မြန်မြန်ရနိုင် စေဖို့ နည်းလမ်းကောင်းများ

ကိုယ်ဝန်မြန်မြန်ရနိုင် စေဖို့ နည်းလမ်းကောင်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 18, 2021 . 2 mins read