ဒုတိယ သုံးလပတ်

ကိုယ်ဝန်ဆောင်ကာလ ဒုတိယ သုံးလပတ် သည် သန္ဓေသားအတွက် အင်မတန်အရေးကြီးတဲ့ ကာလဖြစ်တာကြောင့် ကိုယ်ဝန်ဆောင် မေမေတို့ သိသင့်သိထိုက်သည်များကို လေ့လာနိုင်ပါသည်။

ကျန်းမာရေးဗဟုသုတ

ဒုတိယ သုံးလပတ်

ဗိုက်ထဲက ရင်သွေးလေး လှုပ်နေပြီလား မေမေတို့ ။ ။

ကိုယ်ဝန်ဆောင်နေတဲ့ မေမေတိုင်း ဗိုက်ထဲက ကလေးလေးလှုပ်ပြီဆိုတာနဲ့ စိတ်လှုပ်ရှား ဝမ်းသာကြတဲ့ သူချည်းပါ။ ဗိုက်ထဲက ကလေးလေးက အရမ်းကန်တယ်ဟ ယောက်ျားလေးများလား၊ ကြီးလာရင် ဘောလုံးသမားများဖြစ်မလားဟ ဆိုပြီး တွေးတွေးပြီး ပျော်တတ်ကြတာ မိဘတိုင်းပါ။ ဗိုက်ထဲက ကလေးလေးက မလှုပ်သေးလို့၊ ဘယ်တော့လှုပ်မှာလဲ၊ အရင်ကလှုပ်နေကျ ခု မလှုပ်တော့လို့ဆိုပြီး စိုးရိမ်ကြီးခဲ့ရတဲ့ အခိုက်အတန့်တွေလည်း မိဘတိုင်းမှာ ရှိခဲ့ပါတယ်။ ဒီတော့ ဗိုက်ထဲက ရင်သွေးလေး လှုပ်နေပြီလား ။ လှုပ်နေပြီဆိုရင် ဗိုက်ထဲက ရင်သွေးလေး လှုပ်ခြင်း ( fetal quickening) အကြောင်း ကြည့်လိုက်ရအောင် ။ ။ ဗိုက်ထဲက ရင်သွေးလေး လှုပ်နေပြီလား မေမေတို့ ။ ။ ကလေးစလှုပ်တာကို ကိုယ်ဝန်သက် ၁၆ပတ်ကနေ ၂၅ ပတ်အတွင်းမှာ မေမေတို့ ခံစားရမှာပါ။ […]

ဒုတိယ သုံးလပတ် ကို ရှာဖွေမည်။

ဒုတိယ သုံးလပတ်

26 ပတ်

26 ပတ် မြောက်မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့် 26 ပတ် အရွယ်ကလေးလေးက ကိုက်လန်ရွက်အရွယ် ၃၅.၅၆ စင်တီမီတာ ၇၇၀ ဂရမ် လောက်ရှိပါပြီ။ ကလေးလေးရဲ့ မျက်စိက အခုချိန်ထိပိတ်နေပေမယ့် မကြာခင်မှာ ပွင့်လာပြီး မျက်စိအဖွင့်အပိတ်လုပ်လို့ ရတော့မှာပါ။ လူမျိုးပေါ်လိုက်ပြီး ကလေးလေး မျက်ဆံတွေက ညိုတာ၊ မည်းတာဆိုပြီး ကွဲပြားနိုင်ပါတယ်။ မျက်လုံးအရောင်က မွေးပြီး ပထမတစ်နှစ်အတွင်း အရောင်ပြောင်းပါတယ်။ တချို့လည်းမွေးကတည်းက ညိုတာ၊ နက်တာ ပါလာပြီးသားပါ။ မျက်တောင်နဲ့ ဆံပင်တွေလည်း ရှည်လာမှာပါ။ ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့် မမွေးခင်အထိ မေမေ့သားအိမ်က သားသားမီးမီးတွေအတွက် အလုံခြုံဆုံးနေရာပါ။ ဒါပေမယ့် မွေးလာရင်တော့ ကလေးက နေရာပြောင်းရတော့မှာပါ။ ဒီတော့ ကိုယ့်အိမ်ကို ကလေးအတွက် လုံခြုံတဲ့နေရာဖြစ်အောင် စပြီးပြင်ဆင်သင့်ပါပြီ။ ကလေးလေး လုံခြုံဖို့အတွက် နည်းလမ်းလေးတွေရှိပါတယ်။ ပလက်ပေါက်တွေကို ဖုံးထားပါ။ […]


ဒုတိယ သုံးလပတ်

16 ပတ်

16 ပတ် မြောက်မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့် 16 ပတ် မြောက်မှာ ထောပတ်သီးအရွယ် ၁၀၀ ဂရမ် ၁၁.၄၃ စင်တီမီတာ လောက်ရှိလာပါမယ်။ ကျောရိုးနဲ့အနောက်က ကြွက်သားသေးသေးလေးတွေက ပိုသန်မာလာပြီး ခေါင်းကိုမတ်နေအောင် ထိန်းပေးထားမှာပါ။ မျက်နှာက ကြွက်သားတွေလည်း အားတွေရှိလာပြီး မျက်လုံးလှုပ်ရှားဖို့၊ မျက်မှောင်ကျုံ့ဖို့၊ ပြုံးဖို့အတွက် လုပ်ပေးမှာပါ။ ကလေးလေးက ခေါင်းလေးမတ်ပြီး စိုက်ကြည့်တာ၊ မျက်မှောင်ကျုံ့တာတွေနဲ့ စိတ်ခံစားကိုဖော်ပြလို့ရပါပြီ။ ဒါတွေက မေမေ့ဗိုက်ထဲမှာ ဖြစ်နေတာပါ၊၊ သားအိမ်ကို ဖောက်ပြီးမြင်နိုင်ရင် ကလေးလေးရဲ့ အသားရေကြည်လင်နေတာတွေရမှာပါ။ အရေပြားပါးပါးလေးအောက်က သွေးကြောလေးတွေပါ မြင်ရမှာပါ။ ကလေးလေးက အရေးကြီးတဲ့အင်္ဂါအစိတ်အပိုင်းတွေကို ဖွံ့ဖြိုးဖို့လုပ်နေရလို့ အဆီတွေ မဖြစ်နိုင်သေးပါဘူး။ ကလေးလေးရဲ့နားက အပြီးအစီးဖွံ့ဖြိုးပြီးသွားတဲ့အတွက် ဝမ်းသာနေလောက်ရောပေါ့ မေမေတို့ရေ။ ဒီတော့ မေမေတို့အပြင်က စကားပြောတဲ့အခါ ကလေးလေးက ကြားနေမှာပါ။ ဒါက ကလေးနဲ့ဆက်သွယ်ဖို့ အခွင့်ကောင်းပါ။ […]


ဒုတိယ သုံးလပတ်

17 ပတ်

17 ပတ် မြောက်မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့် 17 ပတ် ကလေးလေးက ကြီးထွားနှုန်းမြန်လာတာနဲ့အမျှ အခုဆို သလဲသီးအရွယ်  ၁၂ စင်တီမီတာကျော်ကျော်လောက် ရှိနေပါပြီ။ ကလေးလေးက အခုဆို အဆီလေးတွေလည်း စပေါ်လာပါပြီ။ သူလေးရဲ့အဆီတွေက ဆက်တိုက်ပိုတိုးလာမှာဖြစ်သလို မွေးတဲ့အခါကျ တစ်ကိုယ်လုံး အလေးချိန်ရဲ့ ၃ ပုံ ၂ ပုံ လောက်ရှိလာမှာပါ။ ကလေးကို နွေးနွေးထွေးထွေးရှိစေဖို့ အဆီတွေက အရေးကြီးပါတယ်။ နှလုံးလေးက ခုန်တာပိုမြန်လာပြီးတော့ တစ်မိနစ်ကို ၁၄၀-၁၅၀ ကြိမ်လောက်ရှိနေပါပြီ။ မေမေတွေရဲ့ ၂ဆလောက် ရှိတယ်နော်။ ဒါက ကလေးလေးကြီးထွားတာ အားကောင်းလာပြီး အာဟာရတွေ အောက်ဆီဂျင်တွေ ပိုလိုလာတယ်လို့ ဆိုလိုတာပါ။ ဒီတော့ အချင်းက ကလေးလေးကို လိုအပ်တာတွေ ထောက်ပံ့ပေးဖို့ မြန်မြန်လေးဖွံ့ဖြိုးလာပါတယ်။ ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့် မေမေတို့ရဲ့ ရင်သားက […]


ဒုတိယ သုံးလပတ်

18 ပတ်

18 ပတ် မြောက်မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့် 18 ပတ် ဆို ကလေးက ငရုပ်ပွအရွယ် ၂၀၀ ဂရမ်၊ ၁၄ စင်တီမီတာလောက်ရှိပါပြီ။ ကလေးလေးက နည်းနည်းစလှုပ်လာပါပြီ။ ကလေးလေးလှိမ့်တာ၊ လည်နေတာ၊ ကန်တာကို မေမေတို့ သိလာပြီနော်။ ကလေးသမ်းတာကအစ ကြို့ထိုးတာအထိကို မေမေတို့ သိနေပါပြီ။ သားသားမီးမီးကတော့ မြန်မြန်ဆန်ဆန်ကြီးထွားနေတဲ့ အကြောင်းကို မေမေတို့ကို သတင်းပေးနေပြီနော်။ နားရွက်လေးကလည်း ဖွံ့ဖြိုးပြီးသားဆိုတော့ မေမေတို့ အသံကို ကောင်းကောင်းကြားနိုင်ပါတယ်နော်။ ကလေးကို စကားစပြောဖို့ အချိန်ကောင်းပါပဲ။ ကလေးလေးက မေမေတို့အသံ၊ နှလုံးခုန်သံ၊ အချင်းကိုဖြတ်ပြီး သွေးစီးသံကိုကြားရတဲ့အခါ စိတ်သက်သာရာရမှာပါ၊၊ ကလေးလေးရဲ့မျက်လုံးလေးတွေက အရင်ကလို ဘေးကို စွေမနေတော့ဘဲ အရှေ့တည့်တည့်ကို ကြည့်နိုင်တဲ့အထိကို ကောင်းကောင်းဖွံ့ဖြိုးလာပါပြီ။ ဒီအချိန်မှာ ဗိုက်အရှေ့ကနေပြီး ဓာတ်မီးနဲ့ထိုးရင် ကလေးလေးက သိနိုင်ပါတယ်။ ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့် ကျောနာတာ […]


ဒုတိယ သုံးလပတ်

19 ပတ်

19 ပတ် မြောက်မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့် 19 ပတ် အရွယ် ကလေးလေးက ခရမ်းချဉ်သီးအပျော့အရွယ် ၂၄၀ ဂရမ်၊ ၁၅ စင်တီမီတာလောက်ရှိပါပြီ။ အခုဆို ကလေးလေးကို အဖြူရောင် ဖယောင်းလွှာအပျော့လို အရေပြားတစ်လွှာနဲ့ အကာအကွယ်ပေးထာပါတယ်။ ဒီဖယောင်းလွှာက ကိုယ်ဝန်ကာလကုန်ဆုံးမှ ပျောက်မှာပါ။ မွေးစကလေးတွေမှာ ဖယောင်းလွှာ ပါလာတတ်ပါတယ်။ ဒီအပတ်မှာ အညိုရောင်အဆီလွှာက ကလေးကိုယ်မှာပေါ်လာပြီး မွေးပြီးတဲ့အချိန်ကျရင် ကလေးလေးကို နွေးထွေးစေပါလိမ့်မယ်။ နောက်ဆုံး ၃ လပတ်ဆို အဆီတွေက ကလေးလေးကို အကာအကွယ်ပေးဖို့ ပိုပြီးဖွံ့ဖြိုးလာမှာပါ။ ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့် ကလေးလေး လှုပ်ရှားတာကို ဒီအချိန်လောက်ဆို စသိပါပြီ။ ပထမဆုံးလှုပ်ရင် ခဏလေးနဲ့ ဖြည်းဖြည်းလေးဆိုတော့ လေပွတာနဲ့ မှားနိုင်ပါတယ်။ နောက်ပိုင်း ကန်တာ၊ လက်သီးနဲ့ထိုးမိတာ၊ ကြို့ထိုးတာတွေကို ထပ်သိလာမှာပါ။ ကလေးတစ်ယောက်နဲ့ တစ်ယောက် လှုပ်ရှားပုံမတူပါဘူး။ […]


ဒုတိယ သုံးလပတ်

20 ပတ်

20 ပတ် မြောက်မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့် 20 ပတ် မှာတော့ ငှက်ပျောသီးအရွယ် ၁၆ စင်တီမီတာ၊ ၃၁၅ ဂရမ်လောက်ရှိပါပြီ။ ကလေးလေးက သားအိမ်ထဲမှာ နေရာပိုယူလာတော့ မေမေတွေရဲ့အဆုတ် အစာအိမ်၊ ဆီးအိမ်နဲ့ ကျောက်ကပ်တွေကို ပိုပြီးတော့ သွားဖိသလိုဖြစ်ပါတယ်။ အကာအကွယ်ပေးထားတဲ့ ဖယောင်းလွှာအောက်မှာ ကလေးလေးက အရေပြားစပေါ်လာပြီး ထူလာပါတယ်။ ဆံပင်၊ လက်သည်းတွေလည်း ဆက်ဖွံ့ဖြိုးနေတုန်းပါပဲ။ ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့် မေမေတွေက ဒီအပတ်ကစပြီး အပတ်တိုင်းကို ပေါင်ချိန်နည်းနည်း ထပ်တက်ဦးမှာပါ။ တကယ်လို့ ကိုယ်ဝန်ဆောင်အလေးချိန် မပြည့်ရင် ထပ်တက်အောင် လုပ်ရမှာဖြစ်ပြီး များနေရင် သိပ်မတက်အောင်လုပ်ရမှာပါ။ သွေးနီဥတွေဖြစ်ဖို့၊ အောက်ဆီဂျင်သယ်ဖို့ လုပ်ပေးတဲ့ ဟေမိုဂလိုဘင်တွေ ဖြစ်အောင် သံဓာတ်၊ သတ္တုဓာတ်တွေ အလုံအလောက်ရအောင်တော့ စားပေးရမှာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပမာဏများလာဖို့အတွက်ရော ကလေးလေးနဲ့ အချင်းဖွံ့ဖြိုးမှုအတွက်ပါ သံဓာတ်တွေပိုလိုပါတယ်။ 20 […]


ဒုတိယ သုံးလပတ်

13 ပတ်

13 ပတ် မြောက်မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့် အခုဆိုရင်တော့ 13 ပတ် တောင် ရှိနေပြီနော်။ သန္ဓေသားလေးကဆိုရင်လည်း ခေါင်းအစ ခြေအဆုံး ၇ စင်တီမီတာလောက် ရှိနေပါပြီ။ ဒီအပတ်မှာ သန္ဓေသားလေးက အပြောင်းအလဲတွေ များလာပါပြီ။ ချက်ကြိုးက ကလေးရဲ့ အစာအိမ်ဆီ ရွေ့လာပါတယ်။ ဒီချက်ကြိုးကပဲ အချင်းကို သွားတွယ်ပြီး ကလေးအတွက် လိုအပ်သမျှကို အထောက်အပံ့ပေးပါတယ်။ အချင်းက အခုချိန်မှာ ၃၀ ဂရမ်လောက်ရှိပေမယ့် ၉၀၀ ဂရမ်လောက်ဖြစ်တဲ့အထိ ဆက်ကြီးလာမှာပါနော်။ အသံအိတ်လေးလည်း စပေါ်လာပြီ။ အခုချိန်မှာ ဘာသံမှမကြားနိုင်သေးပေမယ့် မွေးလာတာနဲ့ အသံလေးကြားရတော့မှာပါနော်။ ပါးစပ်ထဲကို လက်ထည့်လို့လည်း ရနေပြီနော်။ ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့် ကိုယ်ဝန်ရှိကြောင်းပြတဲ့ လက္ခဏာတွေက အခုဆိုရင် တဖြည်းဖြည်းပျောက်လာပါပြီ။ အားတွေ တဖြည်းဖြည်းပြန်ပြည့်လာပြီး အရင်တုန်းကလို ပုံမှန်ပြန်ဖြစ်လာမှာပါ။ မူးပြီး […]


ဒုတိယ သုံးလပတ်

14 ပတ်

14 ပတ် မြောက်မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့် 14 ပတ် ရှိပြီဆိုတော့ ဒုတိယသုံးလမှ ကြိုဆိုလိုက်ပါတယ်။ ဒီအချိန်ကတော့ ကလေးလေးဖွံ့ဖြိုးမှုမှာ အရေးကြီးတဲ့ မိုင်တိုင်တစ်ခုပါ။ သံပယိုသီး အလုံးလောက် ရှိလာပြီးတော့ ၄၅ ဂရမ် ၈.၆ စင်တီမီတာနီးနီး ရှိလာပါပြီ။ ဒီအပတ်မှာ ဆံပင်လေးတွေပေါက်လာပါပြီ။ ခေါင်းမှာတင်မဟုတ်ဘဲ မျက်ခုံးကအစ တစ်ကိုယ်လုံးမှာပေါက်လာမှာပါ။ ကလေးရဲ့ကိုယ်ကိုလွှမ်းခြုံထားတဲ့ အမွေးအမျှင်နုနုလေးတွေက ကလေးလေးကို နွေးနွေးထွေးထွေးရှိစေပါတယ်။ ကလေးကိုယ်မှာ အဆီတွေစပေါ်လာရင် အမွေးတွေပျောက်ပြီး အမွေးတွေအစား အဆီတွေက နွေးထွေးအောင်လုပ်ပေးမှာပါ။ အဲဒါအပြင် အသည်းသေးသေးလေးကနေ သည်းခြေရည်စထုတ်နေပါပြီ၊၊ ကလေးလေးရဲ့ ခြေလက်တွေကလည်း စပြီးလှုပ်ရှားနိုင်နေပါပြီ၊၊ ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့် စိတ်ခံစားချက်တွေ အပြောင်းအလဲ ဖြစ်လာတာကို သတိထားမိကြလား။ ပျို့တာ၊ မောတာတွေ မရှိတော့တာကိုပြောတာပါ။ ဒီသုံးလပတ်မှာ အားပိုရှိသလို ပိုပြီးစိတ်ချမ်းသာစေပါတယ်။ လက္ခဏာအဟောင်းတွေပျောက်သွားတယ်ဆိုပေမယ့် အသစ်တွေရောက်လာပါတော့မယ်။ အဲဒါကတော့ […]


ဒုတိယ သုံးလပတ်

15 ပတ်

15 ပတ် မြောက်မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့် အခု 15 ပတ် မြောက်ကို ရောက်လာတဲ့အခါမှာ ကလေးလေးက ပန်းသီးအရွယ် ၇၅ ဂရမ်၊ ၁၀ စင်တီမီတာလောက် ရှိလာပါပြီ။ ကလေးလေးက ဆက်ပြီးဖွံ့ဖြိုးလာတာကြောင့် ခြေလက်လေးတွေ စလှုပ်လို့တောင် ရနေပါပြီ။ မကြာခင်မှာ ဗိုက်ထဲက လှုပ်ရှားမှုတွေကို ခံစားမိလာမှာပါ။ကလေးလေးက အသက်ရှူဖို့၊ မျိုချဖို့၊ စုပ်ယူဖို့ကို သင်ယူနေပါပြီ။ မွေးလာတဲ့အခါ အသက်ရှင်နေနိုင်ဖို့ ဒါတွေကို သူလေး နေ့တိုင်းလေ့ကျင့်နေလေရဲ့။ ဒီအပတ်မှာ အာထရာဆောင်းရိုက်ကြည့်ရင် ကျားမခွဲလို့ ရချင်ရနေလောက်ပြီနော်။ ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့် သွားဖုံးက ပိုပြီးထိလွယ်ရှလွယ် ဖြစ်လာတာကို သတိထားမိကြရဲ့လား။ သွားဖုံးက သွားတိုက်တံ၊ သွားပွတ်ကြိုးတွေနဲ့ တိုက်တိုင်း နီပြီးရောင်လာတာ၊ သွေးထွက်လွယ်တာမျိုး ဖြစ်လာနိုင်ပါ တယ်။ ကိုယ်ဝန်ဆောင်ကာလ သွားဖုံးရောင်ခြင်းလို့ သွားဆရာဝန်တွေ ခေါ်ပါတယ်။ အဖြစ်များပြီး […]


ဒုတိယ သုံးလပတ်

ကလေးလေးတွေ မိခင်ဗိုက်ထဲမှာဘယ်လိုအသက်ရှူလဲ

ကလေးလေးတွေ မိခင်ဗိုက်ထဲမှာဘယ်လိုအသက်ရှူလဲ ။ ကိုယ်တွေလိုပဲ အဆုတ်တွေနဲ့ အသက်ရှူသလား။ ဘယ်လို အသက်ရှူကြတာလဲဆိုတာကို လေ့လာလိုက်ရအောင်နော်။ ကလေးလေးတွေ မိခင်ဗိုက်ထဲမှာဘယ်လိုအသက်ရှူလဲ ဘေဘီလေးတွေက မေမေ့ဗိုက်ထဲမှာရှိစဉ်မှာ ပါးစပ်ကရော နှာခေါင်းကနေပါ အသက်မရှူကြပါဘူး။ ပထမဆုံးအကြိမ် အသက်ရှူခြင်းကို မွေးဖွားပြီးမှသာ ပြုလုပ်ကြပါတယ်။ ဗိုက်ထဲမှာ ရှိစဉ်က ကလေးဟာ ရေမြွှာရည် ပတ်လည်ဝိုင်းပြီး ကြီးပြင်းလာခဲ့တာပါ။ ကျွန်ုပ်တို့ အသက်ရှူနေချိန် ကားလိုက်၊ ပြန်ကျုံ့လိုက် ဖြစ်နေတတ်တဲ့ ကျွန်ုပ်တို့ရဲ့ အဆုတ်လို မဟုတ်ဘဲ ဗိုက်ထဲက သန္ဓေသားလေးရဲ့ အဆုတ်ဟာ ကောင်းစွာ မဖွံ့ဖြိုးသေးဘဲ ရေမြွှာရည်တွေနဲ့ ပြည့်နေပြီး၊ ပြန့်ကားနိုင်ခြင်းလည်း မရှိသေးပါဘူး။ ထိုသန္ဓေသားလေးတွေက အောက်စီဂျင် ရယူခြင်း အပါအဝင် အသက်ရှူခြင်းရဲ့ကောင်းကျိုးတွေကို မိခင် အကူအညီနဲ့ရရှိကြပါတယ်။ ပုံမှန်အသက်ရှူခြင်းအကြောင်း သွေးစီးကြောင်းက ဆက်သွယ်ပေးထားတဲ့ သင့်အဆုတ်နဲ့ သွေးလှည့်အဖွဲ့အစည်းက ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အောက်စီဂျင်နဲ့ အာဟာရတွေကို သယ်ပေးပြီး မလိုအပ်တဲ့ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း