ကလေးက ဗိုက်ထဲမှာရှိနေပေမယ့် အသံတွေကိုကြားနိုင်နေပါပြီ။ ကလေးက ကိုယ်ဝန် ၂၃ ပတ်ရောက်လာတဲ့အခါ အပြင်ကအသံတွေကို စကြားနိုင်နေပါပြီ။ ဒါကြောင့် ကလေးကို စကားပြောပေးတာ၊ သီချင်းဆိုပြတာ၊ စာဖတ်ပြတာမျိုးလုပ်ပြပေးပါ။ ကလေးက ဗိုက်ထဲကနေ လှုပ်တာ၊ ကန်တာမျိုးနဲ့ ပြန်တုံ့ပြန်ပါလိမ့်မယ်။
ဗိုက်ထဲက ကလေးကို အချိန်တစ်ချိန်သတ်မှတ်ပြီး ပုံပြောပြတာမျိုးလုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက ကလေးကို မှတ်ဉာဏ်စွမ်းရည် ကောင်းစေနိုင်သလို ဘာသာစကားစွမ်းရည်လည်း တိုးတက်စေနိုင်ပါတယ်။ ကလေးကို ပုံပြင်ဖတ်ပြတဲ့အခါ အသံနေအသံထားကိုဖြေးဖြေးမှန်မှန်လေးပြောပြပေးပါ။
- အာဟာရမျှတအောင်စားသုံးပေးပါ
ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ ကလေးအတွက်လိုအပ်မယ့်အာဟာရတွေ နဲ့ ကိုယ်တိုင်အတွက်လိုအပ်မယ့် အာဟာရတွေကို သင့်တင့်မျှတစွာစားသုံးပေးရပါမယ်။ ဒါမှ မိခင်ရော ကလေးပါကျန်းမာပြီး ဉာဏ်ရည်ဉာဏ်သွေးထက်မြက်တဲ့ ကလေးငယ်ကိုမွေးဖွားနိုင်မှာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ မာကျူရီပါဝင်မှုများတဲ့ ပင်လယ်ငါးတွေကို မစားဖို့ပြောပါရစေ။
- အဆိပ်အတောက် ဖြစ်စေမယ့်အရာတွေနဲ့ မထိတွေ့ဖို့ သတိပြုပါ
ကိုယ်ဝန်ဆောင်စဉ်မှာ အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေနဲ့ထိတွေ့တာက သန္ဓေသားရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ စိုက်ပျိုးရးသုံး ပိုးသတ်ဆေးတွေ၊ အိမ်သန့်ရှင်းရေးသုံးပစ္စည်းတွေနဲ့ ထိတွေ့တာမျိုးကိုရှောင်ရပါမယ်။
- အယ်လ်ကိုဟော၊ ဆေးဝါးတွေနဲ့ နီကိုတင်းကို ရှောင်ပါ
ဒီအရာတွေက
သန္ဓေသားကိုထိခိုက်စေနိုင်ပါတယ်။နောက်ထပ်ရှောင်သင့်တာတစ်ခုက
ကဖင်းအလွန်အကျွံသာက်တာပါ။ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အကောင်းဆုံးဖြစ်ချင်ရင်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ
တစ်ဆင့်ခံဆေးလိပ်ငွေ့ကိုပါ ရှောင်ရပါမယ်။
ကိုယ်ဝန်ဆောင်မေမေတို့ရေ ဒီအချက်လေးတွေကို ဂရုစိုက်လို့မွေးလာမယ့် ဘေဘီလေးကို ဉာဏ်ကောင်းတဲ့ ဘေဘီလေး ဖြစ်အောင် ပျိုးထောင်လိုက်ပါနော်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။