လူတစ်ယောက် ကောင်းကောင်းမွန်မွန် ကျန်းမာပျော်ရွှင်စွာ သွားလာလှုပ်ရှားနိုင်ဖို့ဆိုရင် ကိုယ်ခံအား ကောင်းဖို့က မဖြစ်မနေလိုအပ်ပါတယ်။ ကိုယ်ခံအားစနစ်က စွမ်းရည်ပြည့်ဝနေမယ်ဆိုရင် ရောဂါအမျိုးမျိုးကို တွန်းလှန်ပြီး ခန္ဓာကိုယ်က ကျန်းကျန်းမာမာရှိနေမယ်။ ကိုယ်ခံအားစနစ်က မကောင်းဘူးဆိုရင်တော့ ရောဂါပိုးအမျိုးမျိုး ခန္ဓာကိုယ်ထဲ ဝင်ရောက်လာပြီး မကျန်းမမာရှိနေမယ်၊ ခဏခဏဖျားနာ နေမကောင်းဖြစ်လိမ့်မယ်။ အခုလို ရောဂါအမျိုးမျိုး ပေါ်ထွက်နေတဲ့အချိန်မှာဆိုရင် ကိုယ်ခံအားစနစ် စွမ်းအားပြည့်ဝနေဖို့က မဖြစ်မနေကို လိုအပ်တာပေါ့။