ဟော်မုန်းဆိုတာ သင့်ကိုယ်ခန္ဓာထဲက ဂလင်းမျိုးစုံကနေ ထုတ်လုပ်ပေးနေတဲ့ ဓါတုပစ္စည်းများဖြစ်ပါတယ်။ အဆိုပါ ဟော်မုန်းများ ဟာ သွေးထဲမှာလှည့်ပတ်ပြီး ကိုယ်ခန္ဓါရဲ့လုပ်ငန်းတာဝန် အသီးသီးကို ထမ်းဆောင်ပါတယ်။ ဒီဟော်မုန်းတွေထမ်းဆောင်တဲ့ တာဝန်များထဲက အရေးပါတဲ့ တာဝန်တစ်ခုကတော့ သင့်ရဲ့စိတ်ကို သာယာပျော်ရွှင်စေခြင်း၊ ကျေနပ်နှစ်သိမ့်စေခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အဆိုပါဟော်မုန်းများကို ပျော်ရွှင်ခြင်းဟော်မုန်းများလို့ အမည်တပ်နိုင်ပါတယ်။