ကလေးဖျားရင် ဗျာများရတာဖေဖေရောမေမေရောပါ။ အလုပ်တွေလည်းပျက်၊စိတ်တွေလည်းပူလို့လေ။ ငါသာဖြစ်လိုက်ချင်တယ်ဆိုတဲ့ စိတ်ကလည်း အကြိမ်ကြိမ်ဖြစ်မိတယ်ဟုတ်။ ဒီပြဿနာကို ရာသီအကူးအပြောင်းတိုင်းကြုံရမယ်ဆိုရင်မလွယ်ကူတာတော့အမှန်ပါ။ ဒီတော့ အခုလိုမျိုး မိုးလေးဖွဲဖွဲစရွာနေချိန်မှာ ကိုယ့်ရဲ့ ကလေးကို တုပ်ကွေးမဖြစ်စေဖို့ ကာကွယ်ချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။