Omega 6 fatty acid ကို linolenic acid လို့လည်းခေါ်ကြပြီး အပင်တွေကနေ အဓိက ရပါတယ်။ ပြောင်းဖူး၊ ဆူးပန်းရွက်၊ ညနေခင်းနှင်းဆီ( evening primose)၊ နေကြာဆီ နဲ့ ပဲပိစပ်ဆီတို့က Omega 6 fatty acid ကြွယ်ဝတဲ့ အရာတွေပါ။
ကလေးတွေအတွက် နေ့စဉ်လိုအပ်တဲ့ essential fatty acids ပမာဏက ဘယ်လောက်လဲ။ ။
အသက် ၁နှစ်မှ ၃ နှစ်အရွယ်ကလေးတွေက
Omega 6 fatty acid – ၇ ဂရမ် နဲ့
Omega 3 fatty acid – ဝ.၇ ဂရမ် နေ့စဉ်ရဖို့ လိုအပ်ပါတယ်။
အသက် ၄ နှစ်မှ ၈ နှစ်ကလေးတွေက
Omega 6 fatty acid – ၁၀ ဂရမ် နဲ့
Omega 3 fatty acid – ဝ.၉ ဂရမ် နေ့စဉ်ရဖို့ လိုအပ်ပါတယ်။
ကလေးတွေအနေနဲ့ fatty acid တွေကို သတ်မှတ်ထားတဲ့ပမာဏထက်ပိုမစားသင့်ပါဘူး။ Omega 3 fatty acid ကို လိုတာထက်ပိုစားမိရင် သိပ်ပြဿနာ မရှိပေမယ့် Omega 6 fatty acid ကတော့များများစားမိရင် ကျန်းမာရေးကို ဒုက္ခပေးနိုင်ပါတယ်။ တန်ဆေးလွန်ဘေးဆိုတာလည်း ရှိတယ်မလား။ ။
ဒါတွေကတော့ ကလေးတွေအတွက် fatty acids ကဘယ်လိုအရေးကြီးတယ်၊ တစ်နေ့ဘယ်လောက်လိုအပ်လဲဆိုတာနဲ့ သူတို့ကြွယ်ဝတဲ့ အစားအစာတွေက ဘာတွေလဲဆိုတာတွေကို ပြောပြပေးထားတွေပဲဖြစ်ပါတယ်။ ကလေးတွေရဲ့ ကျန်းမာရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးရေးတို့က မေမေတို့လက်ထဲမှာပဲရှိတဲ့အတွက် ခုဆောင်းပါလေးက မေမေတို့ ဖတ်ထားသင့်တဲ့ဆောင်းပါးတစ်ခုပါ။ ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။