ထက်ထက်မြက်မြက် မျိုးဆက်သစ်များ ဖြစ်လာစေဖို့အတွက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇန်နဝါရီ 5, 2021 . 2 mins read
Share now

မေမေတွေ ဖေဖေတွေဆိုတာ တင်စားကြည့်မယ်ဆိုရင် ထူးချွန်ထက်မြက်ပြီး အရာရာပြည့်စုံတဲ့ ကလေးတွေနေထိုင်ရာကျွန်းတစ်ခုပေါ် မိမိသားသမီး ရောက်ရှိသွားဖို့၊ ဘေးမချော်ဘဲ တည့်တည့်မတ်မတ်ကျရောက်ဖို့ ထိန်းကျောင်းပေးနေရတဲ့ လေထီးတစ်ခုလိုပါပဲ။

ဒီလို တည့်တည့်မတ်မတ် ဘဝပန်းတိုင်ကို ရောက်ရှိဖို့ ဘယ်လိုနည်းလမ်းတွေနဲ့ ပြုစုပျိုးထောင်ပေးရမယ်ဆိုတာ မေမေတို့ ဖေဖေတို့ကို အကြံပြုပါရစေနော်။

နံပါတ်တစ်က အာဟာရ

ရှင်သန်မှုအတွက် အာဟာရက မရှိမဖြစ်လိုအပ်ပါတယ်။ ကျန်းမာထက်မြက်မှုအတွက်ဆိုရင် အာဟာရ ပြည့်ဝလုံလောက်မှုက အဓိကပါ။ ဒီတော့ ဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ သားသားမီးမီးတို့ကို လုံလောက်တဲ့ အာဟာရ ပြည့်ဝစေဖို့ဆိုရင် သူတို့လေးတွေရဲ့ နေ့စဉ် စားသုံးမှုမှာ ပရိုတင်း၊ ဗီတာမင်၊ သတ္တုဓာတ်၊ အကျိုးပြုဘက်တီးရီးယား၊ အကျိုးပြု ဘက်တီးရီးယားအာဟာရ၊ အမျှင်ဓာတ်၊ DHA၊ ရေဓာတ် စတာတွေ ပြည့်ဝအောင် ပြင်ဆင်ပေးမိဖို့ လိုပါမယ်။

ဒီ အာဟာရတွေပြည့်ဝစေဖို့ဆိုရင် ကလေးကို အဆီ နဲ့ အရေခွံမပါတဲ့ အသား၊ ဆယ်လ်မွန်ငါး၊ ရေချိုငါး၊ ပဲအမျိုးမျိုး၊ ဥအမျိုးမျိုး၊ ပန်းဂေါ်ဖီစိမ်း၊ အာလူး၊ မုန်လာဥနီ၊ နို့နဲ့နို့ထွက်ပစ္စည်း စတာတွေ ပြင်ပေးဖို့ လိုပါမယ်။ တစ်နေ့တာကို ဒီလောာက် အများကြီးစားမှ ကလေးက လိုအပ်တာတွေ ပြည့်မယ်။ ကလေးဆိုတာက အစားကို နည်းနည်းနဲ့ စားတာမျိုးမို့ လိုအပ်တဲ့ အာဟာရတွေ မပြည့်ဝမှာ စိုးတယ်ဆိုရင်တော့ အာဟာရလိုအပ်ချက်ပြည့်မီပြီး နည်းနည်းနဲ့ ထိရောက်မယ့် အာဟာရဖြည့်နို့လေးတွေ တိုက်ပေးလို့ ရပါတယ်။ ရေဓာတ်ပါ ဖြည့်ပြီးသားနော်။

နံပါတ်နှစ်က နေထိုင်မှုပုံစံ

အာဟာရ ပြည့်အောင်ဖြည့်တဲ့ အဆင့်တစ် ပြီးရင် ကလေးတစ်ယောက် ထက်ထက်မြက်မြက် ကြီးပြင်းလာဖို့ ထပ်ဖြည့်ရမှာက ကျန်းမာတဲ့ နေထိုင်မှုပုံစံပါ။ ဒါက မေမေကိုယ်တိုင်ပါ အတူ ပါဝင်ရမှာပါ။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားတတ်တဲ့ အလေ့အထ ( ပြုပြင်ထားတဲ့အစားအစာတွေ၊ အသင့်စားတွေ၊ အပြင်စာတွေ) ကို ကိုယ်တိုင်က ရှောင်ပါ။

နောက်တစ်ချက်က တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်တတ်အောင် သင်ကြားပေးပါ။ မနက်ခင်းဆို မျက်နှာသစ်၊ သွားတိုက်မယ်။ အစားမစားခင်၊ ညစ်ပေတာတွေ ကိုယ်တွယ်ပြီးရင် လက်ဆေးမယ်။ ရေချိုးရမယ်။ ခြေသည်းလက်သည်းညှပ်ရမယ်။ ခေါင်းလျှော်ရမယ်။ အိပ်ရာမဝင်ခင် သွားတိုက်ရမယ်။ ဒါတွေကို ငယ်ကတည်းက အလေ့အကျင့်ဖြစ်အောင် လုပ်ပေးရမယ်။

နောက်ဆုံးတစ်ခုက လေ့ကျင့်ခန်း လုပ်ဖို့ပါ။ ကလေးကို သီချင်းလေးတွေ ဖွင့်ပြီး အတူတူကတာ၊ လမ်းလျှောက်ထွက်တာ၊ ပန်းပင်လေးတွေ ရေလောင်းတာလိုမျိုး လှုပ်ရှားမှု ရှိစေမယ့် လှုပ်ရှားမှုလေးတွေ လုပ်စေပါ။  ကိုယ်လက်လှုပ်ရှားမှု လုပ်တာက ကလေးကို ကျန်းမာသန်စွမ်းစေသလို ဉာဏ်ရည်ထက်မြက်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

နံပါတ်သုံးက ပျိုးထောင်မှု

ကလေးတစ်ယောက် ထက်မြက်မှုအပေါ်မှာ သက်ရောက်မှုကြီးတဲ့ အချက်တစ်ခုက မိဘတွေရဲ့ ကလေးကို ပျိုးထောင်မှုပါ။ ကလေးဟာ ငယ်စဉ်ကတည်းက အချစ်ခံရမယ်။ နားလည်ပေးတတ်၊ နားထောင်ပေးတတ်တဲ့ မိဘအသိုင်းအဝိုင်းမှာ ​ကြီးပြင်းရမယ်ဆိုရင် ထက်မြက်ပြီး ရဲရင့်လို့ ယုံကြည်မှုပြည့်ဝစွာနဲ့ ကြီးပြင်းလာတတ်ပါတယ်။

ဒါကြောင့် ကလေးကို အချိန်ပေးပါ။ သူ့ခံစားချက်လေးတွေကို နားထောင်ပေးပါ။ အမှားတစ်ခုခု လုပ်မိတဲ့အခါ မဆူပါနဲ့။ နားလည်အောင် ပြောပါ။ နားမလည်တာတွေ လာမေးတဲ့အခါ ကလေးကို သေချာ ရှင်းပြပါ။

ကလေးကို ထွေးပွေ့တာ၊ ချစ်တယ်နော် လို့ ပြောပေးတာတွေကို ပုံမှန်လုပ်ပေးရင်း ချစ်ကြောင်းပြသပြီး ပျိုးထောင်ပေးပါ။ ဒါဆို ကလေးက မေမေတို့ ဆန္ဒရှိနေတဲ့အတိုင်း ကျန်းကျန်းမာမာ ထက်ထက်မြက်မြက်ကြီးပြင်းလာမှာပါ။

ကဲ အဆင့်လေး ၃ ဆင့်ကို အကောင်းဆုံး ကျော်ဖြတ်ပြီး ကလေးတွေကို ပဲ့ကိုင်မောင်းနှင်လို့ သူတို့ရဲ့ ဘဝမြေပြင်ပေါ် နေရာတကျ ဘေးကင်းစွာ ဆင်းသက်စေရအောင်နော်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သားသားမီးမီးတွေ ဉာဏ်ရည်ပိုထက်မြက်လာစေမယ့် အစားအစာနှင့် လေ့ကျင့်ခန်းများ

ကလေးတွေရဲ့ ဦးနှောက်ကောင်းမွန်စွာ ဖွံ့ဖြိုးစေဖို့ဆိုရင် မှန်ကန်တဲ့အစားအသောက်တွေကို မှီဝဲစေဖို့ က ပထမလိုအပ်ချက်ပါ။ နောက်တစ်ခုကတော့..............

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင်ဟာ ဉာဏ်ကြီးရှင် (Genius) တစ်ယောက်ဖြစ်တယ်ဆိုတာကို ပြောပြနေတဲ့ အချက်တွေ

ဉာဏ်ကြီးရှင်တွေဟာ ထက်မြက်တဲ့ ဉာဏ်ရည်မှာ ကြိုးစားလိုစိတ်နဲ့ စူးစမ်းလေ့လာလိုစိတ်ကို ပေါင်းစပ်အသုံးချပြီး ဉာဏ်ကြီးရှင်ဘဝကို ပိုင်ဆိုင်လာတာပါ။

ရေးသားသူ Ye Zon Aung

ပျော်ရွှင်တဲ့ သားသားမီးမီးဖြစ်အောင် ပျိုးထောင်နိုင်မယ့် နည်းလမ်း (၅) သွယ်

မေမေတွေရဲ့နေ့စဉ် ဆုတောင်းမှုတွေထဲက တစ်ခုက သားသားမီးမီးတို့ ကျန်းမာပျော်ရွှင်စွာနဲ့ ကြီးပြင်းလာဖို့ဟုတ်။ဒီဆန္ဒကို ကိုယ်တိုင်အကောင်အထည်ဖော်လိုက်စို့လား မေမေ..

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သားသားမီးမီးတို့အတွက် သံဓာတ်ပြည့်ဝစေမယ့် အလွယ်ကူဆုံး အစားအစာလေးများ

ကလေးက သွက်လက် တက်​ကြွနေမှ သင်ယူမှုကောင်းသလို မှတ်သားနိုင်စွမ်းလည်း ကောင်းမှာပါ။ ပျော်ရွှင်ပြီး ဉာဏ်ရည်ထက်မြက်တဲ့ သားသားမီးမီးတို့ ဖြစ်စေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ကလေးရဲ့အနာဂတ် လှပစေဖို့အတွက် အာဟာရဇယားကို ဖတ်ပါ.....

ကလေးရဲ့အနာဂတ် လှပစေဖို့အတွက် အာဟာရဇယားကို ဖတ်ပါ…..

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 22, 2021 . 2 mins read
ဘေဘီလေးက ချင်း (ဂျင်း) စားလို့ဖြစ်ရဲ့လား

ဘေဘီလေးကို ချင်း (ဂျင်း) ကျွေးလို့ရရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 2 mins read
ဘေဘီလေးက ကြက်သွန်ဖြူစားလို့ရလား..............

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 18, 2021 . 2 mins read
ကိုယ်ခံအားစနစ်ကို အားဖြည့်မယ့် ဇာတ်လိုက် (သို့မဟုတ်) ဖြည့်စွက်အာဟာရ

ကိုယ်ခံအားစနစ်ကို အားဖြည့်မယ့် ဇာတ်လိုက် (သို့မဟုတ်) ဖြည့်စွက်အာဟာရ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 16, 2021 . 3 mins read