backup og meta

သားသားမီးမီးတို့အတွက် သံဓာတ်ပြည့်ဝစေမယ့် အလွယ်ကူဆုံး အစားအစာလေးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သားသားမီးမီးတို့အတွက် သံဓာတ်ပြည့်ဝစေမယ့် အလွယ်ကူဆုံး အစားအစာလေးများ

    သားသားမီးမီးတွေကို တက်တက်ကြွကြွ လန်းလန်းဆန်းဆန်းနဲ့ နေရောင်ဆမ်းတဲ့ ပန်းလေးတွေလို လန်းဆန်းစေချင်တယ် မဟုတ်လား မေမေဖေဖေတို့ရေ…… သားသားမီးမီးတို့ လန်းဆန်းတက်ကြွမှုက ကလေးကို ဉာဏ်ရည်ထက်မြက်စေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။

    ကလေးက သွက်လက် တက်​ကြွနေမှ သင်ယူမှုကောင်းသလို မှတ်သားနိုင်စွမ်းလည်း ကောင်းမှာပါ။ ပျော်ရွှင်ပြီး ဉာဏ်ရည်ထက်မြက်တဲ့ သားသားမီးမီးတို့ကို ပိုင်ဆိုင်ခွင့်ရတာက မေမေဖေဖေတို့အတွက် အဖိုးမဖြတ်နိုင်တဲ့ ပျော်ရွှင်မှုပါ။

    ဒီလို တက်ကြွပြီး ဉာဏ်ရည်ထက်မြက်တဲ့ သားသားမီးမီးတို့ဖြစ်စေဖို့ဆိုရင် ဖေဖေမေမေတို့အနေနဲ့ ပြည့်ဝအောင် ဖြည့်ဆည်းပေးရမယ့်အာဟာရဓာတ်လေး တစ်ခုရှိပါတယ်။ ဒါကတော့ သံဓာတ်ပါ။

    သားသားမီးမီး နဲ့ သံဓာတ်

    သားသားမီးမီးတွေက အရွယ်ရောက်လာလေ အစားအသောက် ကျွေးရခက်လာလေလေပါ။ အသက် ၂ နှစ်ကျော်လာပြီဆိုရင် အစားအသောက်တွေကို ကိုယ်တိုင် ရွေးချယ်လာကြပြီလေ။ ဒီလိုအချိန်မှာ အာဟာရပြည့်ဝဖို့ကလည်း အရေးကြီး၊ သူတို့ကလည်း ဟိုဟာဆို မစားချင် ဒီဟာဆို စားချင်ဘူးဆိုတော့ မေမေတို့ အခက်တွေ့ပြီပေါ့။

    ဒီကာလမှာ ကလေးအများစုက အစားရွေးရင်း သံဓာတ် အားနည်းတာကို ကြုံတွေ့ပါတယ်။ ၂နှစ်အထက် ကလေးတွေရဲ့ ၈ ရာခိုင်နှုန်းလောက်က သံဓာတ် ချို့တဲ့ကြပါတယ်။

    သံဓာတ်မပြည့်ဝမှုက ကလေးကို သွေးအားနည်းစေပြီး အာရုံစိုက်ဖို့ ခက်ခဲတာ၊ ပင်ပန်းလွယ်တာ၊ သင်ယူနိုင်စွမ်း အားနည်းတာတွေ ဖြစ်စေပါတယ်။ ဒါကြောင့် ကလေးကို ကျန်းမာရွှင်လန်းစွာနဲ့ သံဓာတ်ပြည့်ဝစေဖို့ဆိုရင် တစ်နေ့တာမှာ ၇ မီလီဂရမ် ကနေ ၁၀ မီလီဂရမ်အထိ ပြည့်ဝအောင် ဖြည့်ပေးဖို့ လိုမှာပါ။

    သားသားမီးမီးတို့ သံဓာတ်ပြည့်ဝစေဖို့ ဘာတွေ ကျွေးပေးရမှာလဲ

    သားသားမီးမီးတို့ကို သံဓာတ်ပြည့်ဝစေဖို့ဆိုရင် သူတို့ နေ့စဉ် စားသုံးမယ့် အစားအစာလေးတွေထဲမှာ

    ကြက်ဥ

    အကာကျက် ကြက်ဥက သားသားမီးမီး အများစု နှစ်သက်တဲ့ အစားအစာလေးပါ။ ကြက်ဥပြုတ်မှာ သံဓာတ်က ၁ မီလီဂရမ် ပါဝင်နေပါတယ်။ ဒါကြောင့် သံဓာတ် ပြည့်ဝစေဖို့ဆိုရင် ကြက်ဥကို ပြုတ်ပေးတာ၊ ကြော်ပေးတာ၊ ပေါင်မုန့်နဲ့ ရောကြော်ပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။

    အာဟာရဖြည့်နို့

    အာဟာရဖြည့်နို့ကတော့ ကလေးတိုင်း မငြင်းမယ့် သောက်စရာ တစ်မျိုးပါ။ အာဟာရဖြည့်နို့မှာ သံဓာတ်အပြင် DHA၊ အကျိုးပြုဘက်တီးရီးယားအာဟာရနဲ့ ဗီတာမင်၊ သတ္တုဓာတ်လိုမျိုး သားသားမီးမီးတို့ကို ပျော်ရွှင်ပြီး ဉာဏ်ရည်ထက်မြက်စေမယ့် အာဟာရတွေ ပါဝင်နေပါတယ်။

    တစ်နေ့ကို တစ်ခွက်လောက် သောက်ပေးရုံနဲ့ သံဓာတ်လိုအပ်ချက်ကိုရော အာဟာရ လိုအပ်ချက်ကိုပါ အကောင်းဆုံး ဖြည့်ပေးနိုင်မှာပါ။

    ငါး

    ငါးက သားသားမီးမီးတို့ရဲ့ နေ့စဉ် စားသုံးမှုမှာ မဖြစ်မနေ ပါဝင်သင့်တဲ့ စားစရာတစ်ခုပါ။ ငါးက ပရိုတင်း ကြွယ်ဝသလို omega-3 fatty acidsလည်း ကြွယ်ဝပါတယ်။ သံဓာတ်လည်း ကြွယ်ဝတဲ့ အစားအစာ တစ်မျိုးပါ။

    ငါးကို ကြော်ပေးတာ၊ အသားနွှင်ပြီး ပေါင်မုန့်နဲ့ ဆန်းဒဝှစ် လုပ်ပေးတာမျိုး ပြင်ဆင်ပေးလို့ ရပါတယ်။

    အသီးအရွက်တွေ

    ကလေးကို သံဓာတ်ပြည့်ဝတဲ့ အသီးအရွက်တွေဖြစ်တဲ့ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်း၊ ပဲစိမ်းသီး စတာတွေကို ထမင်းနဲ့ ရောကြော်ပေးတာမျိုး လုပ်ပေးလို့ရပါတယ်။

    သစ်သီးတွေ

    ကလေးတွေအကြိုက်တွေ့မယ်

    • သခွားမွှေး
    • ဘလူးဘယ်ရီသီး
    • ရက်စ်ဘယ်ရီသီး
    • ဖရဲသီး
    • တရုတ်ဇီးသီးတွေမှာလည်း သံဓာတ် ကြွယ်ဝစွာ ပါဝင်နေပါတယ်။

    အဆီမပါတဲ့ အနီရောင်အသား

    အနီရောင်အသားတွေက သံဓာတ်ကို အကောင်းဆုံးအားဖြည့်ပေးမယ့် အစားအစာတွေထဲက တစ်ခုပါ။ ကလေးကို တစ်ပတ်ကို ၃ ကြိမ်လော်က အဆီမပါတဲ့ အနီရောင်အသားကျွေးပေးတာကလည်း ထိရောက်တဲ့ သံဓာတ် အားဖြည့်နည်း တစ်ရပ်ပါ။

    ကဲ…ဒါလေးတွေကို ပြင်ဆင်ပေးရင်း ချစ်ရတဲ့ သားသားမီးမီးတို့ကို သံဓာတ်ပြည့်ဝစေဖို့ ပြင်ဆင်ပေးလိုက်နော် မေမေတို့ရေ……………..

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement