ကြက်ဥ – ပရိုတင်းကြွယ်ဝသလို ဗီတာမင် D လည်းပြည့်ဝစွာပါဝင်နေပါတယ်။ ကယ်လ်ဆီယမ် စုပ်ယူမှုကောင်းစေဖို့ အကောင်းဆုံးထောက်ပံ့ပေးပါတယ်။ အာဟာရပြည့်ဝစေသလို ကလေးတော်တော်များများအကြိုက်တွေ့မယ့် အစားအစာတစ်မျိုးပေါ့။
နို့နဲ့နို့ထွက်ပစ္စည်း – ကယ်လ်ဆီယမ်နဲ့ပရိုတင်းတို့ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒါကြောင့် နေ့စဉ်စားသုံးပေးရုံနဲ့ ကလေးကို အကောင်းဆုံးကြီးထွားသန်မာစေနိုင်မှာပါ။ အရိုးနဲ့သွားတွေကို ကြံ့ခိုင်စေပြီး ကြွက်သားဖွံ့ဖြိုးစေနိုင်ပါတယ်။
အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ – အမြင်အာရုံကောင်းစေမယ့် ဗီတာမင် A၊ ကိုယ်ခံအားကောင်းစေနိုင်တဲ့ ဗီတာမင် C၊ ဖောလိတ်၊ ဇင့်၊ အကျိုးပြုဘက်တီးရီးယားအာဟာရ (Prebiotics) တွေပါဝင်နေပါတယ်။ အမျှင်ဓာတ်လည်းကြွယ်ဝတာကြောင့် အစာခြေစနစ်ကျန်းမာပြီး အာဟာရပြည့်ဝစေမှာပါ။
သစ်သီးတွေ – ဒါတွေကလည်း ငယ်ငယ်ကတည်းက ကျွေးထားသင့်ပါတယ်။ အကြောင်းကတော့ ကလေးက ဗီတာမင် C လိုမျိုးကိုယ်ခံအားကောင်းစေတဲ့ အာဟာရဓာတ်တွေကို သစ်သီးတွေကနေရရှိနိုင်တာကြောင့်ပါ။ ဒါကြောင့် ကလေးကို သစ်သီးလေးတွေ ပြင်ဆင်ကျွေးမွေးဖို့လည်း မမေ့ပါနဲ့။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။