backup og meta

စူပါသားသားမီးမီးတို့အတွက် စူပါသံဓာတ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စူပါသားသားမီးမီးတို့အတွက် စူပါသံဓာတ်

    ကလေးလူကြီး အားလုံးရဲ့အချစ်တော် စူပါမန်းကြီးက လူသားတွေနေထိုင်တဲ့ ဒီကမ္ဘာကြီးပေါ်မှာ ဘာကြောင့်များ ခွန်အားကြီးမားနေရတာလဲ၊ ဘာကြောင့်များ သန်စွမ်းနေရတာလဲ၊ ဘာကြောင့်များ ထက်မြက်နေရတာလဲ? ဒီလိုတွေးခဲ့ဖူးကြလား။

    တကယ်တော့ စူပါမန်းက ခရစ်ပတွန်ဆိုတဲ့ ဂြိုဟ်ကြီးပေါ်ကနေလာတဲ့ သူတစ်ယောက်ပါ။ သူ့ရဲ့ မိဘအရင်းတွေက ဒီကမ္ဘာမြေဆီ သူ့ကို ပို့လိုက်ရတဲ့အကြောင်းအရင်းရှိပါတယ်။ ဒါကတော့ အဝါရောင်နေနဲ့ နီးကပ်တဲ့ လူ့အသိုက်အဝန်းဖြစ်နေတာကြောင့်ပါပဲ။

    သူ့အတွက် ကမ္ဘာဂြိုဟ်က ထူးခြားပါတယ်။ ပျိုမြစ်တဲ့အဝါရောင်နေကနေ ရရှိတဲ့ နေရောင်ခြည်ဟာ စူပါမန်းကို အားအင်တွေတိုးစေ၊ ဉာဏ်ရည်ထက်မြက်စေ၊ ကျန်းမာစေပြီး ထိခိုက်မှုတွေ မရှိအောင် ခွန်အားတွေ တိုးပွားစေပါတယ်။

    မိဘတိုင်းဟာ သူတို့ရဲ့ သားသားမီးမီးတွေကို စူပါမန်းကြီးလို ခွန်အားကောင်းကောင်း၊ ဉာဏ်ရည်ထက်ထက်၊ ကျန်းကျန်းမာမာဖြစ်နေစေချင်ကြပါတယ်။ သဘာဝပါပဲ။ ဒါပေမယ့် သားသားမီးမီးတွေကို ခုလို ကျန်းမာသန်စွမ်းပြီး ခွန်အားကောင်းအောင် ပံ့ပိုးပေးလို့ရနိုင်ပါ့မလား။

    အဖြေကတော့ ရနိုင်ပါတယ်တဲ့။ စူပါသားသားမီးမီးတွေဖြစ်စေဖို့အတွက် ဖေဖေ မေမေတွေက အဓိက ပံ့ပိုးပေးရမှာကတော့ Iron လို့ခေါ်တဲ့ သံဓာတ်ပါပဲ။ သံဓာတ်ဟာ သားသားမီးမီးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်ပြီးတော့ စူပါမန်းကြီး နေရောင်ခြည်နုနုကို လိုအပ်သလိုမျိုးပါပဲ။

    ဘာကြောင့် ကလေးတွေအတွက် သံဓာတ်လိုအပ်တာပါလဲ

    များသောအားဖြင့် သံဓာတ်က အမျိုးသမီးတွေအတွက် လိုအပ်လေ့ရှိတယ်လို့ အသိများကြပါတယ်။ ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့ချိုတိုက်ကျွေးနိုင်ဖို့အတွက် အဓိကလိုအပ်ပါတယ်။ ဒါပေမယ့် သံဓာတ်ဟာ အမျိုးသမီးတွေအတွက်တင်မကပါဘူး။ ကလေးတွေအတွက်လည်း လိုအပ်ပါတယ်။ အဓိကကျကျကို လိုအပ်တာပါ။

    သံဓာတ်ဟာ Hemoglobin လို့ခေါ်တဲ့ စွယ်စုံရအာဟာရဓာတ်တစ်မျိုးကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီအာဟာရဓာတ်ဟာ ခန္ဓာကိုယ်တစ်ခုလုံးဆီ အောက်ဆီဂျင်စီးဆင်းစေဖို့အတွက် အရေးအပါဆုံးသော့ချက်ပါ။

    တကယ်လို့များ ခန္ဓာကိုယ်မှာ သံဓာတ်မလုံလောက်ခဲ့ဘူးဆိုရင် သွေးနီဆဲလ်တွေ လုံလုံလောက်လောက် ထုတ်လုပ်နိုင်တော့မှာမဟုတ်တာမို့ တစ်ရှူးတွေနဲ့ ကိုယ်တွင်းအင်္ဂါတွေဆီကို အောက်ဆီဂျင် လုံလုံလောက်လောက် ရောက်ရှိတော့မှာမဟုတ်ပါဘူး။ အောက်ဆီဂျင်မလုံလောက်တဲ့အခါ ခန္ဓာကိုယ်တစ်ခုလုံးဖွံ့ဖြိုး ကျန်းမာရေးကို ထိခိုက်စေတော့မှာပါ။

    ကလေးတစ်ယောက် သံဓာတ်ချို့တဲ့ပြီဆိုရင် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးထိခိုက်မှုတွေအပြင် အမူအကျင့်ပိုင်းမှာပါ တိုးတက်မှုနှေးကွေးလာတာကို သိသာထင်ရှားစွာ တွေ့ရပါလိမ့်မယ်။

    ဒါကြောင့် မိမိတို့ရဲ့ရင်သွေးတွေကို သံဓာတ်လုံလုံလောက်လောက်ဖြည့်တင်းပေးနိုင်ဖို့ အထူးလိုအပ်ပါတယ်။ သံဓာတ်ပြည့်ဝတဲ့ အစားအစာတွေ ကျွေးမွေးဖို့လိုသလို သံဓာတ်ဖြည့်စွက်ထားတဲ့ Formula Milk တွေကလည်း သံဓာတ်ဖြည့်တင်းနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။

    သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စနစ်တကျ ရွေးချယ်ပြီး ကျွေးမွေးသင့်ပါတယ်။ ဒီလိုပြုလုပ်ပေးမှသာ ငယ်ရွယ်စဉ်မှာတင် သွေးအားနည်းတဲ့ ရောဂါတွေ မတွယ်ငြိလာအောင် ကာကွယ်ပေးနိုင်မှာမို့ပါ။

    စူပါသားသားမီးမီးတွေဖြစ်လာဖို့ ဆိုရင်

    မိဘတိုင်းအလိုရှိတဲ့ စူပါသားသားမီးမီးတွေဖြစ်လာဖို့ သံဓာတ်ကအရေးကြီးလှသလို သံဓာတ်ကိုဖြည့်စွက်ပေးနိုင်မယ့် နည်းလမ်းနဲ့ အစားအစာတွေကလည်း အမျိုးမျိုးပါပဲ။

    မိခင်နို့တိုက်ကျွေးတဲ့နည်းလမ်းအပြင် သံဓာတ်အားဖြည့် Formula Milk တိုက်ကျွေးတာ၊ သံဓာတ်ကြွယ်ဝတဲ့ အစိမ်းရင့်ရောင် အရွက်တွေ၊ ပဲတွေ၊ အနီရောင်အသားတွေကို ကျွေးမွေးတာတွေကိုလည်း လုပ်ဆောင်နိုင်ပါတယ်။

    သံဓာတ်ကို လုံလောက်စွာ ဖြည့်စွက်ပေးနိုင်မှသာ မိဘတိုင်းအလိုရှိတဲ့ စူပါ သားသားမီးမီးတွေဖြစ်လာကြမှာဖြစ်ပြီးတော့ ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ထက်မြက်တဲ့ ကလေးတွေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

    ဒါကြောင့်မို့ စူပါသားသားမီးမီးတွေအတွက် စူပါသံဓာတ်ကို ပြည့်ပြည့်ဝဝ ဖြည့်စွက်ပေးနိုင်ဖို့ ဂရုစိုက်ကြပါနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement