backup og meta

ကြယ်ပွင့်လေးရဲ့ ထူးချွန်ထက်မြက်မှုကို မေမေတို့ ဘယ်လိုအရောင်တင်ပေးမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကြယ်ပွင့်လေးရဲ့ ထူးချွန်ထက်မြက်မှုကို မေမေတို့ ဘယ်လိုအရောင်တင်ပေးမလဲ

    ကိုယ့်သားသမီးတွေကို ထူးချွန်ထက်မြက်တဲ့ ကြယ်ပွင့်လေးတွေဖြစ်လာစေချင်တာ မိဘတိုင်းရဲ့ဆန္ဒပါ။ ဒါပေမယ့် ဒီလိုဖြစ်လာစေဖို့က သူတို့တွေရဲ့ဝါသနာနဲ့ စိတ်အားထက်သန်ရာ နယ်ပယ်တွေကို မိဘတွေဘက်က ကူညီပျိုးထောင်ပေးဖို့တော့ လိုပါတယ်။ အရင်ဆုံး

    ကလေးက ဘယ်နေရာမှာ ထူးချွန်လဲ အတည်ပြုပါ

    ဆုတံဆိပ်တွေရနေမှ ထူးချွန်မှုမဟုတ်ပါဘူး။ ကလေးရဲ့ အားသန်ရာ၊ စိတ်အားထက်သန်မှုပြင်းပြရာ တစ်ခုခုကို ဆိုလိုပြီး ဒီအလုပ်တစ်ခုခုနဲ့ဆိုရင် ကလေးက ပျော်ရွှင်တက်ကြွနေပြီး ရလဒ်ကောင်းနေတတ်တာမျိုးပါ။ ဥပမာ ပန်းချီဆွဲတာ၊ ဂီတတူရိယာတစ်ခုခုတီးတာ၊ ဘောလုံးကန်တာ သီချင်းဆိုတာ စတဲ့ ဝါသနာလေးတွေထဲက ကလေးရဲ့စိတ်အားထက်သန်မှုအပြင်းပြဆုံးကို သူ့ရဲ့ထူးချွန်မှုအဖြစ် မှတ်ယူပေးပါ။

    ကလေးရဲ့ကြိုးပမ်းအားထုတ်မှုကို အသိအမှတ်ပြု ချီးကျူးပါ

    အစကတော့ အရေးမလုပ်ဘဲ ဆုရမှ၊ ထူးချွန်လွန်းနေမှ ဂုဏ်ယူတာမျိုး မဖြစ်သင့်ပါဘူး။ အောင်မြင်မှု ရှိရှိ၊ မရှိရှိ ကလေးရဲ့ အားထုတ်မှုရလဒ်မှန်သမျှကို အသိအမှတ်ပြုပေးပါ။ အားပေးချီးမြှောက်ပါ။ သူတို့အတွက် အားဆေးတစ်ခွက်ဖြစ်တဲ့ မိဘရဲ့ ချီးကျူးမှုကို သိပ်လိုအပ်ကြသလို ယုံကြည်မှုလည်း တိုးလာစေပါတယ်။

    သူစိတ်ဝင်စားရာ ဝါသနာတွေကို ပံ့ပိုးပျိုးထောင်ပေးပါ

    သူ့ဘာသူ ဘယ်လောက်ပဲ ဝါသနာပြင်းပြပါစေ ဘေးကပံ့ပိုးအားပေးမှုမရှိရင် ဖြစ်သင့်သလောက် ဖြစ်မလာနိုင်ပါဘူး။ သူထူးချွန်မယ့်အရာကို ဖြစ်ထွန်းလာအောင် ကြိုးစားရပါဦးမယ်လေ။ ပါရမီပါလာပြီးသား ကလေးတွေတောင် တကယ့်ထူးချွန်အောင်မြင်မှုကို ရနိုင်ဖို့ လေ့ကျင့်မှု၊ သင်ယူမှုတွေ အဆင့်ဆင့်လုပ်ယူရသေးတာမို့ လိုအပ်မယ့် အရင်းအမြစ်တွေအတွက် မိဘက အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးဖို့လိုပါတယ်။

    မှန်ကန်တဲ့ အာဟာရကို စီစဉ်ပေးပါ

    ကလေးတိုင်းဟာ မေမေတို့စီစဉ်ပေးတဲ့ အစာအာဟာရကိုပဲ ရရှိနိုင်တာဖြစ်ပါတယ်။ ထမင်းချိန်တန် ထမင်း၊ သရေစာဆိုလည်း တစ်မျိုး၊ အာဟာရနို့နဲ့ သောက်စရာဆိုလည်း တစ်ဖုံ အမျိုးမျိုး စီမံကျွေးမွေးကြတဲ့အထဲ ကလေးရဲ့ဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်စေမယ့် အာဟာရဓာတ်တွေ ပြည့်ဝစေဖို့ အရေးကြီးပါတယ်။ ဦးနှောက်နဲ့ အမြင်အာရုံဖွံ့ဖြိုးမှုကို အားပေးတဲ့ အကျိုးပြုအဆီဓာတ် DHA အစာခြေစနစ်အတွက် အကျိုးပြုဘက်တီးရီးယားအာဟာရ LcFOS နဲ့ အရိုးနဲ့ကြွက်သားဖွံ့ဖြိုးမှုအတွက် ကယ်လ်စီယမ် အပြင် အသားဓာတ်၊ အမျှင်ဓာတ် ဗီတာမင်ဓာတ်တွေ လည်း တစ်နေ့တစ်မျိုး မျှတအောင် ပါဝင်ရပါမယ်။ ပြုပြင်စီမံထားတာတွေ၊ အချိုကဲတဲ့အစားအသောက်တွေ၊ တာရှည်ခံပစ္စည်းပါတာတွေ၊ ဆိုးဆေးဓာတုပါတာတွေလိုမျိုး အန္တရာယ်ရှိတဲ့ အစားအသောက်တွေကို ရှောင်ပါ။

    ထူးချွန်မှုစွမ်းရည်ကို ပြသနိုင်မယ့် အခွင့်အလမ်းတွေ ဖန်တီးပေးပါ

    သမီး၊ သားကြိုးစားနော် ဆိုပြီး ဒီအတိုင်းထိုင်ကြည့်နေလို့တော့ မဖြစ်ပါဘူး။ သူတို့လေးတွေရဲ့ စွမ်းရည်ကို မြှင့်တင်ပေးနိုင်ဖို့၊ ထုတ်ဖော်ပြသခွင့်ရစေဖို့ အခွင့်အလမ်းတွေကို ကူရှာပေးရအောင်ပါ။ အခုဆိုရင် ထူးချွန်ထက်မြက်တဲ့ကလေးတို့အတွက် လေ့ကျင့်ရေးသင်တန်းတွေ၊ အရည်အချင်းထုတ်ဖော်ပြသနိုင်မယ့် ပြိုင်ပွဲတွေ၊ လှုပ်ရှားမှုတွေ၊ ကစားနည်းအစီအစဉ်တွေ အမျိုးမျိုး ကျင်းပပေးနေကြတာမို့ အခွင့်အရေးပိုများပါတယ်။ ဥပမာ ကလေးက ဘက်စကတ်ဘောကစားရတာ ခုံမင်တယ်ဆိုရင် ကျောင်းပြင်ပလှုပ်ရှားမှုအဖြစ်နဲ့ လူငယ်အားကစားအသင်းတစ်ခုမှာ စာရင်းသွင်း လေ့ကျင့်စေတာ၊ နီးစပ်ရာပြိုင်ပွဲတွေမှာ အခါအားလျော်စွာ ပါဝင်စေတာမျိုး ရှိသင့်ပါတယ်။

    ကလေးကို လွတ်လွတ်လပ်လပ် ထားပေးပါ

    အောင်မြင်စေချင်တဲ့ဇောနဲ့ မိဘတွေရဲ့ ဖိအားပေးမှုဟာ ကလေးအတွက် အစွမ်းရှိသလောက် ထုတ်ပြနိုင်ဖို့ အဟန့်အတားဖြစ်နေတတ်ပါတယ်။ မှန်ကန်တဲ့ပံ့ပိုးမှုနဲ့ အားပေးတာ၊ လွတ်လွတ်လပ်လပ် ကိုယ်တိုင်ကြိုးစားခွင့်ပေးတာက စူးစမ်းမှုနဲ့ ဆန်းသစ်တီထွင်မှုကိုပါ ရရှိနိုင်လို့ ကလေးရဲ့ထူးချွန်မှုကို ပိုမိုတောက်ပစေပါတယ်။

    ကဲ ဖေဖေမေမေတို့ ဒီလိုမျိုးအရောင်တင်ပေးလိုက်တဲ့အခါ တလက်လက်နဲ့ လင်းလက်တောက်ပလာမယ့် ရင်သွေးရတနာ ကြယ်ပွင့်လေးတွေကို ကြိုတွေးကြည့်ရအောင်။ ဘယ်လောက် ဝမ်းသာဂုဏ်ယူစရာကောင်းလိုက်မလဲ

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement