နောက်တစ်ချက်က အကျိုးပြုဘက်တီးရီးယား (probiotics) ကြွယ်ဝစွာ စားသုံးတဲ့ ကလေးငယ်တွေဟာ အအေးမိ၊ဖျားနာနိုင်ခြေ နည်းသလို နားပိုးဝင်ကူးစက်တာနဲ့ လည်ချောင်းနာ၊ လေနာ ပြဿနာတွေ ကင်းပြီး အစားကိုလည်း ကောင်းကောင်း စားကြပါတယ်။
သစ်ကြားသီး – omega-3 fatty acids ကြွယ်ဝတဲ့ သစ်ကြားသီးက ဘေဘီလေးတို့ရဲ့ ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်တဲ့ အစားအစာတွေထဲကတစ်ခုပါ။ omega-3 fatty acids ကဖျားနာမှု ကင်းစေပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မှုတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ သစ်ကြားသီးကို ကြိတ်ခြေပြီး cereal ထဲထည့်ကျွေးလို့ ရပါတယ်။
သစ်သီးတွေ – သစ်သီးတွေကလည်း ကလေးရဲ့ ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်ပါတယ်။ ဗီတာမင် C ကြွယ်ဝတဲ့ စတော်ဘယ်ရီ၊ လိမ္မော်သီး၊ ဂရိတ်ဖရုတို့က ကလေးရဲ့ ကိုယ်ခံအားကောင်းစေဖို့ အကောင်းဆုံး အထောက်အကူပေးနိုင်မှာပါ။
ဟင်းသီးဟင်းရွက်တွေ – ဟင်းသီးဟင်းရွက်တွေက အမျှင်ဓာတ်ပါတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေနိုင်သလို ဗီတာမင် ကြွယ်ဝမှုက ကိုယ်ခံအားကိုလည်း ကောင်းစေနိုင်ပါတယ်။ ပန်းဂေါ်ဖီစိမ်း၊ ကန်စွန်းဥ၊ မုန်လာဥနီတွေက ကလေးကိုယ်ခံအား ကောင်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးမှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။