ကလေးများအတွက် နွားနို့ထက် ဖော်စပ်ထားသော နို့မှုန့်များက ဘာကြောင့် ပိုသင့်တော်ပါသလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 7, 2020 . 2 mins read
Share now

မိခင်များသည် ကလေးများအတွက် ဖော်စပ်ထားသော နို့မှုန့်များထက် နွားနို့ကို ပိုပြီးအသုံးပြုကြပါသည်။ အဘယ်ကြောင့်ဆိုသော် နွားနို့သည် ပိုပြီး သဘာဝအရင်းအမြစ်ဖြစ်ခြင်းနှင့် အာဟာရဓာတ်များ ပိုပြည့်စုံမည်ဟုထင်ခြင်းတို့ကြောင့်ဖြစ်ပါသည်။ မည်သို့ပင်ဆိုစေကာမူ နွားနို့သည် သင့်ကလေး အသက် အနည်းဆုံး ၁၂ လပြည့်မှ စတိုက်သင့်သော အရာဖြစ်ပါသည်။ အသက် ၆ လအထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးသင့်သည်ဟု ကျန်းမာရေးအဖွဲ့အစည်းတွေက အကြံပြုထားတာဖြစ်ပါသည်။

အဘယ်ကြောင့် နွားနို့ကို ကလေးအသက် အနည်းဆုံး ၁၂ လပြည့်မှ စတိုက်သင့်သလဲ။

အမေရိကန်နိုင်ငံမှ ကလေးဆရာဝန်များ၏ အဆိုအရ ကလေးကို အသက် ၁ နှစ် မပြည့်မချင်းနွားနို့ကို လုံးဝမတိုက်သင့်ကြောင်း ပြောထားပါသည်။ နွားနို့တွင် ကလေး၏ အစာခြေစနစ်နှင့် ကျောက်ကပ်စနစ်တို့မှ ခြေဖျက်ရန်၊ စွန့်ထုတ်ရန် ခက်ခဲသော ပရိုတင်းဓာတ်များ များစွာပါဝင်နေခြင်းကြောင့် မိခင်နို့ ၊ နို့မှုန့်များထက်စာလျှင် နုနယ်သော ကလေးအစာအိမ်ကို ထိခိုက်စေပါသည်။ ထို့ပြင် သံဓာတ်၊ ဗီတာမင် စီနှင့် ကလေးများကြီးထွားရန် ကျန်းမာရန်လိုအပ်သော အခြားသော အာဟာရများလုံလောက်စွာမပါဝင်သောကြောင့် နွားနို့သည် ၁ နှစ်အောက်ကလေးများအတွက် မသင့်တော်ပါ။

ထို့ပြင် သံဓာတ်ချို့တဲ့ခြင်းကြောင့် သွေးအားနည်းရောဂါဖြစ်နေသော ကလေးများတွင် နွားနို့သောက်ခြင်းသည် အကျိုးမထူးဘဲ အာဟာရဓာတ်များကို ပိုနည်းစေပါသည်။ နွားနို့တွင် သင့်ကလေးကို ကြီးထွားမှုများဖြစ်စေရန် ကောင်းကျိုးပြုသည့် အဆီများလည်း မပါဝင်ပါ။ သို့သော် အသက် ၁နှစ်ကျော်ပြီး သင့်ကလေးသည် အခြားသော အစာမာများ၊ အသီးများ၊ အရွက်များ၊ အသားငါး၊ ကောက်ပဲသီးနှံများစားချိန်တွင်မူ နွားနို့ကို ဖြည့်စွက် အာဟာရ အနေနှင့် တိုက်သင့်ပါသည်။

ဘာကြောင့် ကလေးသည် နွားနို့ကို စသောက်သင့်ပြီလဲ။

နို့တွင် ကယ်လ်ဆီယမ်ဓာတ်များစွာပါဝင်သောကြောင့် အရိုးများနှင့် သွားများကို သန်မာစေပါသည်။ ထို့ပြင် သွေးခဲခြင်းကို မျှတအောင်ပြုလုပ်ပေးခြင်း၊ ကြွက်သားများနှင့် အရိုးမျာကို ကြီးထွားစေခြင်းတို့ဖြစ်စေပါသည်။ နို့တွင် ဗီတာမင် ဒီ ပါဝင်သောကြောင့် ကိုယ်ခန္ဓာမှ ကယ်လိဆီယမ်ဓာတ်ကို လွယ်ကူစွာ စုပ်ယူနိုင်ပါသည်။ အမေရိကန်နိုင်ငံရှိ နို့အားလုံးနီးပါးတွင် ဗီတာမင် ဒီဓာတ်ဖြည့်ထားပြီးသားဖြစ်ပါသည်။

ထို့ပြင် နို့တွင် အသားဓာတ်နှင့် ကစီဓာတ်များလည်း ပါဝင်သောကြောင့် သင့်ကလေး၏ ကြီးထွားမှုကို အားပေးရုံသာမက လိုအပ်သော စွမ်းအင်များကိုလည်း ပေးစွမ်းနိင်ပါသည်။ သင့်ကလေးသည် တစ်နေ့ကို နို့လုံလောက်အောင်သောက်ပါလျှင် သူသည် အသက်ကြီးလာလျှင် လေဖြတ်ခြင်း၊ သွေးတိုးရောဂါဖြစ်ခြင်း၊ အူမကြီးကင်ဆာဖြစ်ခြင်း၊ ပေါင်ရိုးများကျိုးခြင်းတို့ ဖြစ်နိုင်ခြေမှ ကင်းဝေးပါလိမ့်မည်။

ကလေးသည် နွားနို့စသောက်နေပြီဆိုလျှင် မိခင်နို့တိုက်ခြင်းကို ရပ်သင့်ပြီလား

အမေရိကန်နိုင်ငံမှ ကလေးဆရာဝန်များ၏ အဆိုအရ သင့်ကလေးသည် နွားနို့သောက်နေပြီဆိုလည်း မိခင်နို့ကို ဆက်တိုက်မြဲဆက်တိုက်လျှင် ကောင်းပါသည်ဟု ပြောပါသည်။ ကလေးအသက် (၆)လအထိ မိခင်နို့တိုက်ကျွေးခြင်းကပဲ သင့်တော်ပါသည်။

ကလေးတွင် နွားနို့နှင့် ဓာတ်မတည့်ခြင်းရှိနိုင်ပါသလား

နွားနို့နှင့် ဓာတ်မတည့်ခြင်း၏ အဓိကလက္ခဏာများမှာ

  • အနီစက်များဖြစ်ခြင်း၊ အင်ပြင်ထခြင်း (အထူးသဖြင့် မေးစေ့နှင့် ပါးစပ်တဝိုက်တွင်)
  • ဗိုက်ထဲတွင် မအီမသာဖြစ်ခြင်း
  • ဝမ်းလျှောခြင်း
  • အန်ခြင်း
  • ဖောရောင်ခြင်း
  • ယားယံခြင်း တို့ဖြစ်ပါသည်။

အကယ် အောက်ပါအခြေအနေများဖြစ်ခဲ့ပါက သင့်ကလေးကို နီးစပ်ရာ ဆေးခန်းသို့သွားပြီး အရေးပေါ်ကုသမှုများ ခံယူရမည်ဖြစ်ပါသည်။

  • ကလေးသည် အလွန်အားနည်းခြင်း၊ ဖြူရော်ခြင်း
  • တစ်ကိုယ်လုံးတွင် အနီရောင်များ ထလာခြင်း
  • ခေါင်း သို့မဟုတ် လည်ပင်းတွင် ဖောရောင်လာခြင်း
  • သွေးဝမ်းသွားခြင်း တို့ဖြစ်ပါသည်။

အချုပ်ဆိုရသော် သင့်ကလေးသည် နွားနို့နှင့် ဓာတ်မတည့်ခြင်း၊ နွားနို့တိုက်ရခက်ခြင်းများရှိလျှင် ဆရာဝန် သို့မဟုတ် အစာအာဟာရ ပညာရှင် သို့မဟုတ် ကလေးဆရာဝန်နှင့် ပြရန် ဝန်မလေးပါနှင့်။ သူတို့နှင့်တိုင်ပင်ပြီး အကြံဉာဏ်များကို ရယူပြီး လိုအပ်လျှင် ဆေးကုသမှုများကို ခံယူရမည်ဖြစ်ပါသည်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

Covid ကာလမှာ ကလေးနေမကောင်း ရင် ဘယ်လိုပြုစုပေးရမလဲ

Covid ကာလမှာ ကလေးနေမကောင်းရင် ဘယ်လိုပြုစုပေးရမလဲ ဆိုတာ မေမေတို့ သိထားနိုင်ဖို့ ဖော်ပြပေးထားပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon

Bubble Tea သောက်ခြင်းနှင့် ကျန်းမာရေး

Bubble Tea လက်ဖက်ရည် ကျန်းမာရေး အာဟာရ နွားနို့ အချို ပီလောပီနံ ကစီဓာတ် ဗီတာမင် ကိုယ်အလေးချိန် အမျှင်ဓာတ် သစ်သီး ပုလဲ တန်ဆေးလွန်ဘေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ကိုယ်ဝန်ဆောင်မေမေ ကိုယ်ခံအားကောင်းစေဖို့ ဘာတွေ စားမလဲ

ကိုယ်ဝန်ဆောင်ချိန်မှာ မိခင် ကျန်းမာမှ ဗိုက်ထဲက ဘေဘီလေးက ကျန်းမာမှာပါ။ ကိုယ်ဝန်ဆောင်နေရတဲ့ လေဒီတွေ အနေနဲ့ ကိုယ်ခံအား ကောင်းအောင် စားသောက်ဖို့ လိုပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကလေးလေးတွေကို နွေးနွေးထွေးထွေး ပွေ့ဖက် ပေးပါ

ချစ်ခင်ကြင်နာစွာ ပွေ့ဖက် ပေးခြင်းက ချစ်ရတဲ့ ကလေးတွေ အတွက် အကျိုးကျေးဇူးတွေ အများကြီး ရနိုင်တယ်ဆိုတာ ဖေဖေမေမေ တို့ သိထားသင့်ပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

သင့်အတွက် ရွေးချယ်ထားသည်

ကိုဗစ်ကာကွယ်ဆေးကို ဘယ်သူတွေ ထိုးနှံလို့ရလဲ၊ ဘယ်သူတွေ သတိထားရမလဲ

ကိုဗစ်ကာကွယ်ဆေးကို ဘယ်သူတွေ ထိုးနှံလို့ရလဲ၊ ဘယ်သူတွေ သတိထားရမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 18, 2021 . 2 mins read
ဈေးသက်သာပြီး ကျန်းမာရေးကို အထောက်အကူပြုတဲ့ အစားအစာများ

ဈေးသက်သာပြီး ကျန်းမာရေးကို အထောက်အကူပြုတဲ့ အစားအစာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 27, 2020 . 2 mins read

လေ့ကျင့်ခန်းမလုပ်ခင် ဘာတွေကို အဓိက စားသင့်လဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 30, 2020 . 2 mins read

ဓာတ်မတည့်စာအကြောင်း သိထားသင့်သမျှ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 30, 2020 . 3 mins read