backup og meta

မေမေ့ ချစ်မေတ္တာကပေးတဲ့ ဘေဘီလေးတို့ ကျန်းမာရေး


Aye Thi Mon မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မေမေ့ ချစ်မေတ္တာကပေးတဲ့ ဘေဘီလေးတို့ ကျန်းမာရေး

    မိခင် နဲ့ ဘေဘီလေးတို့ကြားက ချစ်ခြင်းမေတ္တာမှာ မျက်စိနဲ့မြင်လို့ မရတဲ့ စွမ်းအားတွေ အများကြီးရှိနေပါတယ်။ မိခင်ရဲ့ ချစ်ခြင်းမေတ္တာက ဘေဘီလေးတို့အတွက် အကောင်းဆုံးတွေပဲ ပေးစွမ်းမယ်ဆိုတာကတော့ ထွေထွေထူးထူးပြောနေစရာ မလိုအောင်ပါ။ သိပ္ပံနည်းကျ လေ့လာမှုတွေအရရော အများရဲ့ ယုံကြည်လက်ခံမှုတွေအရပါ မိခင်မေတ္တာက ဘေဘီလေးတို့အတွက် အဖိုးဖြတ်လို့ မရတဲ့ အရာပါ။

    မေမေ့ရဲ့ ချစ်ခြင်းမေတ္တာက ဘေဘီလေးကို ဘယ်လို အကျိုးကျေးဇူးတွေ ပေးစွမ်းသလဲ………….

    ငယ်စဉ်ကာလမှာ မေမေရဲ့ ချစ်ခြင်းမေတ္တာကို ပြည့်ပြည့်ဝဝ ရရှိတဲ့ ဘေဘီလေးတွေက

  • ဦးနှောက်ဖွံ့ဖြိုးမှု ကောင်းတယ်
  • ငယ်ငယ်မှာ မေမေ့ဆီက ချစ်ခင် ဂရုစိုက်မှုရတဲ့ ကလေးလေးတွေဟာ ဦးနှောက် အကောင်းဆုံး ဖွံ့ဖြိုးကြသူတွေပါ။ သူတို့လေးတွေဟာ သင်ယူနိုင်စွမ်း ကောင်းသလို၊ တီထွင်ကြံဆမှုလည်းကောင်းကြတယ်။ ဘဝစိန်ခေါ်မှုတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ကြပြီး ပြဿနာတွေကိုလည်း အကောင်းဆုံး ဖြေရှင်းနိုင်ကြပါတယ်။

    စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်ကျန်းမာစွာနဲ့ ဉာဏ်ရည်ထက်မြက်တဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာစေမှာပါ။ စိတ်ခံစားမှု ကောင်းသလို ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းကြသူလေးတွေက မေမေ့ဆီက ချစ်ခြင်းမေတ္တာကို ပြည့်ပြည့်ဝဝရခဲ့သူတွေပါ။

    ငယ်ငယ်က မိခင်မေတ္တာအပြည့်အဝ ရရှိသူတွေဟာ သက်လတ်ပိုင်းအရွယ်မှာ အခြားသူတွေထက် အမျိုးအစား (၂) ဆီးချိုရောဂါ၊ နှလုံးရောဂါ နဲ့ လေဖြတ်တာလိုမျိုး နာတာရှည်ရောဂါတွေ ခံစားရနိုင်ခြေ နည်းတယ်လို့ လေ့လာမှုတစ်ခုအရသိရပါတယ်။

    မိခင်ဆီကနေ ချစ်ခြင်းမေတ္တာ ပြည့်ပြည့်ဝဝရတဲ့ ဘေဘီလေးတွေက စိတ်ဖိစီးမှုကင်းကြပြီး စိတ်ဖိစီးမှုကြောင့် ဖြစ်နိုင်တဲ့ ကျန်းမာရေးပြဿနာတွေလည်း ကင်းကြပါတယ်။

  • အဝလွန်ခြင်း ကင်းကြတယ်
  • မေမေရဲ့ အချစ်ခံရတဲ့ ကလေးတွေ၊ မေမေနဲ့ ပြေလည်နွေးထွေးတဲ့ ဆက်ဆံရေး ပိုင်ဆိုင်ထားတဲ့ ဘေဘီလေးတွေက စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြသလို စိတ်ခံစားမှုကြောင့် မလိုအပ်ဘဲ စားသုံးမိတာမျိုး ကင်းကြသူတွေပါ။ ငယ်ငယ်က အချစ်ခံရတဲ့ ကလေးတွေဟာ အရွယ်ရောက်လာတဲ့အခါ အဝလွန်တဲ့ ပြဿနာကင်းကြတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။

    ငယ်ငယ်ကတည်းက မေမေနဲ့ တပူးပူးတတွဲတွဲနေတယ်။ မေမေရဲ့ ချစ်ခြင်းမေတ္တာကိုလည်း အပြည့်အဝရထားတယ် ဆိုတဲ့ ဘေဘီလေးတွေဟာ အရွယ်ရောက်လာတဲ့အခါ မလိုအပ်ဘဲ အရာရာကို ကြောက်နေတဲ့ ပြဿနာကင်းကြပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြည့်ဝနေသူတွေဟာ မေမေ့ရဲ့ ချစ်ခြင်းမေတ္တာကို အပြည့်အဝ ရကြသူတွေပေါ့။

  • ပျော်ရွှင်စရာကောင်းတဲ့ မိသားစု ဘဝကို ရကြတယ်
  • ငယ်စဉ်မှာ မိခင်ရဲ့ ချစ်ခြင်းမေတ္တာကို ရကြတဲ့ ကလေးတွေဟာ ပျော်ရွှင်စရာကောင်းတဲ့ ကိုယ်ပိုင်မိသားစုကို ပိုင်ဆိုင်နိုင်ကြပါတယ်။ အကြောင်းကတော့ မေမေ့ မေတ္တာကို အပြည့်အဝရထားတာက ချစ်တတ်တဲ့ စိတ်ကလေးကို ဖြစ်ပေါ်စေလို့ ကောင်းမွန်တဲ့ မိသားစုဘဝကို တည်ဆောက်နိုင်တာပါ။ ကလေးတွေကိုလည်း အကောင်းဆုံး ပျိုးထောင်ပေးနိုင်ကြသူတွေပေါ့။

    မေမေ့ရဲ့ ချစ်ခြင်းမေတ္တာက နေ့စဉ် ဘဝမှာ ကောင်းမွန်တာတွေကို ဖြစ်စေသလို ဘဝတစ်လျှောက်လုံးမှာ ပျော်ရွှင် ကျန်းမာမှုတွေကို ပေးစွမ်းပါတယ်။ သားသားမီးမီးလေးတွေ လူတော်လူကောင်းလေးတွေအဖြစ် ကြီးပြင်းလာတာက မေမေရဲ့ ပျိုးထောင်မှု ကောင်းတာကြောင့်ရော ချစ်ခင် ဂရုစိုက်မှုတွေကြောင့်ရောပါဆိုတာကို အသိပေးပါရစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement